ခင်များ အချိန်ရရင် ဒီစာလေးကို ဆုံးအောင်ဖတ်သွားနော်….
တကယ်ဖြစ်သွားတာလေးပါ
အဓိကပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ချစ်ရတဲ့ ချစ်သူကို ရှိနေတုံး တန်ဖိုးထားတက်ဖို့ပါပဲ သူမရှိတော့မှ ခင်များငိုနေရင် အလကားပဲ
“မျက်ရည်ခိုင်မ ဖတ်ကြည့်ပါ ”
ကောင်မလေး ။ ။ “ ငါ့မှာ ရောဂါရှိနေပြီတဲ့ ´´
ကောင်လေး ။ ။ “ ဘာမှမပြောပဲ ပြုံးနေတယ် ´´
ကောင်မလေး ။ ။ “ ငါ့ရောဂါက ဒီလောကကြီးထဲမှာ ကြာကြာ နေရတော့မှာ မဟုတ်ဘူးတဲ့ ´´
“ ကောင်လေးက ဒီတစ်ခါလဲ ပြုံးနေခဲ့တယ် ´´
“ ကောင်မလေး ဝမ်းနည်းသွားတယ် ´´
“ ကိုယ်က သူနဲ့ခွဲရတော့မှာ တွေးပြီး စိတ်မကောင်းဖြစ်နေပေမယ့် သူက ရယ်နေနိုင်တယ်လေ ´´
ကောင်မလေး ။ ။ “ နင် ရယ်နိုင်တယ်နော် ´´
ကောင်လေး ။ ။ “ မပူပါနဲ့ နင်ဘာမှ မဖြစ်စေရဘူး ´´
ကောင်မလေး ။ ။ “ ငါ့ရောဂါကြောင်း ငါပဲသိတယ်
နင့်လို မရယ်နိုင်ဘူး ´´ အင်းလေ..နင်က ငါမရှိလဲ အသစ်ရှာလို့ရတယ်မလား ´´
“ ကောင်လေးက ပြုံးကြည့်နေတာပဲ..´´
“ ဒီလိုနဲ့…ကောင်မလေး ရောဂါ ပိုဆိုးလာတော့ ဆေးရုံတင်လိုက်ရတယ် ´´
“ လူနာကုတင်ပေါ်မှာ ကောင်မလေးက မျက်ရည်တွေနဲ့ ကောင်လေးကို ကြည့်နေတယ် ´´
ကောင်မလေး ။ ။ “ ငါ နင့်ကို အရမ်းချစ်တယ် ´´“ ငါ နင်နဲ့မခွဲနိုင်ဘူးဟာ ´´
“ ကောင်လေးက ပြုံးပြီး…နင်ဘာမှ မဖြစ်ပါဘူးလို့ ပြောလိုက်တော့ ´´
ကောင်မလေး ။ ။ “ နင်က ရယ်နိုင်တယ်နော် ´´ငါ့အတွက် ပူဆွေးမှုဆိုတာ မမြင်ရဘူး ´´
“ သွား..နင်ထွက်သွား ´´
“ ကောင်မလေးက ငိုပြီး နှင်လွှတ်တော့ ကောင်လေး အသာလေး ထွက်လာခဲ့တယ် ´´
“ ကောင်မလေးရဲ့ ကွယ်ရာရောက်လာတော့ ကောင်လေးဟာ မျက်ရည်တွေ စီးကျလာတယ် ပြီးတော့ ကောင်လေး ကြေကွဲစွာ ငိုနေမိတယ် သူငိုနေတာ အခုမှ မဟုတ်ပါဘူး ကောင်မလေး ရောဂါဖြစ်မှန်း သိတဲ့နေ့ထဲက..ကောင်မလေးဟာ အသည်းရောဂါ ခံစားနေရတာပါ
ဆရာဝန်နဲ့တိုင်ပင်ကြည့်တော့ ကောင်မလေးရဲ့ အခြေနေဟာ အသည်းအစားထိုး ကုမှ ပြန်ကောင်းနိုင်တော့မယ်ဆိုတာ ကောင်လေး သိခဲ့ရတယ်..ကောင်လေးဟာ မျက်ရည်တွေသုတ်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့တယ် ´´
“ ကောင်မလေး ခွဲစိပ်မည့်နေ့ ´´
“ ကောင်လေး ရောက်မလာခဲ့ပါ ´´
“ ကောင်မလေးဟာ ကောင်လေး ရောက်လာမလားလို့ မျော်နေခဲ့ပါတယ် ´´
ကောင်မလေး ။ ။ “ ငါက သေလူဆိုပြီး နင် ပြစ်ထားခဲ့ပြီမလား ´´ “ ငါ့အသက်ဆက်ရှင်ဖို့ အသည်းအလှူရှင် ပေါ်လာပြီဆိုတာ နင်သိရင် သိပ်ကောင်းမှာပဲ ´´
“ ကောင်မလေးဟာ နာကျင်မဲ့ပြုံးနဲ့အတူ ခွဲစိပ်ခန်းထဲ ဝင်သွားခဲ့ပါပြီ ´´
“ တစ်ချိန်ထဲမှာပဲ…..အခြားသော လူနာတစ်ဦး ခွဲစိပ်ခံနေခဲ့ပါတယ် ´´ သူ..?
“ ကောင်မလေး အောင်မြင်စွာ အသည်းအစားထိုးကုသနိုင်ခဲ့တယ် ကောင်လေးကတော့ အခုချိန်ထိ အရိပ်တောင် မမြင်ပါဘူး ´´
“ ကောင်မလေးဟာ ကောင်လေးပေါ် စိတ်နာပြီးမေ့ပစ်ဖို့ တွေးလိုက်တော့တယ် ´´
“ ထိုချိန်..ကောင်မလေးရဲ့ ခွဲစိပ်ဆရာဝန်ကြီး ရောက်လာတယ် ပြီးတော့ ကောင်မလေးရဲ့ ကုတင်နားမှာထိုင်ပြီး စာအိပ်လေး တစ်အိပ် ပေးလိုက်တယ် ´´ ဆရာဝန် ။ ။ “ ဒါ..သမီးရဲ့ ချစ်သူက သမီးကို ပေးခိုင်းတဲ့ စာပါ ´´
“ ကောင်မလေး ဖွင့်ဖတ်လိုက်တယ် ဆရာဝန်ကြီးကတော့ မျက်နှာမကောင်းပါ ´´
“ နင်..ဒီစာကို ဖတ်နေချိန်မှာ ငါကတော့ နင်နဲ့အဝေးဆုံး တစ်နေရာကို ထွက်ခွါသွားပါပြီ ´´
“ နင်သိလား နင့်မှာ ရောဂါရှိတယ်လို့ စသိထဲက ငါ ငိုခဲ့ရတယ် ´´
“ နင့်အတွက် ဘာမှ လုပ်မပေးနိုင်တဲ့ ငါ့ကိုယ်ငါလဲအရမ်း ဝမ်းနည်းခဲ့တယ် ´´
“ ငါဆုံးဖြတ်ခဲ့တယ် နင့်အသက်ဆက်ရှင်ဖို့ လုပ်ပေးနိုင်တာဆိုလို့ ငါ့ရဲ့အသည်းကို နင့်အတွက်ပေးဖို့ပါပဲ ´´
“ နင်…ငါ့ကို ချစ်တယ်ဆို ကောင်းကောင်း အသက်ဆက်ရှင်ပါ ပျော်ပျော်နေပါနော် ´´
“ နင်…ချစ်သူ အသစ်တွေ့ခဲ့ရင် ထားပါနော် ငါ သဝန်မတိုပါဘူး ´´
“ ငါလေ ဒီလောကကြီးထဲက နင့်ကို အရင်ထွက်သွားခွင့်မပြုနိုင်ဘူး ´´
“ နင်ထွက်သွားရင် အလွမ်းတွေ သတိရစိတ်တွေနဲ့ကျန်ခဲ့မှာ ငါ မခံစားနိုင်ဘူး ´´
“ ငါ အတ္တကြီးတယ် ပြောပြော ငါ့ကို အရင်ထွက်သွားခွင့်ပြုပါနော် ´´
“ နင်ငါ့ကို လွမ်းနေဖို့ သတိရနေဖို့ မမျော်လင့်ပါဘူး´´
“ နင့်အတွက်…ကောင်လေး ´´
“ စာ အဆုံးမှာ ကောင်မလေး အရမ်းစိတ်ထိခိုက်သွားတော့တယ် ငိုဖို့တောင်မေ့နေခဲ့ပါတယ် ´´
“ အလွမ်းတွေနဲ့ ကျန်ခဲ့မှာ ကြောက်တယ်တဲ့ နင်ကငါ့ကိုတော့ တစ်သက်စာ အလွမ်းတွေနဲ့ ထားရစ်ခဲ့ပြီလားဟာ ´´
“ ကောင်မလေး တိတ်တိတ်လေး မျက်ရည်တွေ ကျနေခဲ့တယ် ´´
“ ဆရာဝန်ကြီးကတော့ ထွက်သွားခဲ့ပါပြီ ´´
“ ဒီလိုနဲ့…ကောင်မလေးဟာ ကောင်လေးကို သတိရစိတ် လွမ်းတဲ့စိတ်တွေနဲ့သာ သူမရဲ့ ဘဝကို ရှင်သန်ခဲ့တော့တယ် ´´
“ ဒါပါပဲ…အချို့လူတွေက အပြင်ပန်းမှာသာ မချစ်သလို မကြင်နာသလို နေပေမယ့် ရင်ထဲမှာတော့ ချစ်သူတွက် အရာရာပေးဆပ်ဖို့ ပြင်နေခဲ့ပါတယ်
မူးရင်း credit