သင်သတိမထားမိတဲ့ နေ့စဉ်သုံးပစ္စည်း (၁၉) ခုရဲ့ သက်တမ်းများ
တချို့သော အရာတွေကို ဘယ်တော့မှ သက်တမ်း ကုန်ဆုံးသွားမှာ မဟုတ်ဘူးလို့ သင်တွေးချင် တွေးမိပါလိမ့်မယ်။ တကယ်တော့ အရာအားလုံးဟာ တစ်ချိန်ချိန်မှာ ပျက်စီးရမှာပါပဲ။
လက်ရှိသုံးနေတဲ့ ခေါင်းဖြီးတွေ၊ တခြားအရာတွေက သက်တမ်းကုန်ဆုံးရက် မရှိဘူးလို့ သင်ထင်နေပါလိမ့်မယ်။
ဒါတွေကို သင်က ကျိုးတဲ့ပျက်တဲ့အထိ သုံးနေမှာပါပဲ။ သုံးလို့ အဆင်မပြေမှသာ လွှင့်ပစ်တတ်ကြပါတယ်။
ဒါကြောင့် နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေရဲ့ သက်တမ်းကို ဖော်ပြလိုက်ပါတယ်နော်။
၁။ ခေါင်းအုံး ( ၂ နှစ်မှ ၃ နှစ်အထိ)
သင်ငယ်ငယ်က သုံးခဲ့တဲ့ ခေါင်းအုံးတွေကို အခုအချိန်မှာ သုံးလို့ အဆင်မပြေနိုင်တော့သလို ပြန်ရှာတွေ့ဖို့ကလည်း မလွယ်တော့ပါဘူး။
တွေ့ခဲ့မယ်ဆိုရင်တောင် သင်အသုံးပြုလို့ မရတော့ပါဘူး။ လည်ပင်းနာတာတွေ၊ ဓာတ်မတည့်တာတွေပါ ဖြစ်စေနိုင်ပါတယ်။
၂။ ညှပ်ဖိနပ် ( ၆ လ)
ရေချိုးခန်းသုံး ဖိနပ်တစ်ရံကို နှစ်ရှည်လများ သုံးစွဲတာက ချွေတာရာ ရောက်ပေမယ့် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဖိနပ်မှာ ပိုးမွှားအမျိုးမျိုး ကပ်နေနိုင်တာကြောင့် ခြေထောက်ကို မှိုဆွဲတာတွေ၊ ရောဂါပိုးဝင်တာတွေ စတဲ့ အရေပြား ပြဿနာတွေကို ဖြစ်စေနိင်ပါတယ်။
ပြီးတော့ နေ့တိုင်းသန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
၃။ Sponges နှင့် Shower Poufs (၂ ပတ်နှင့် ၆ လ)
သူတို့က ခန္ဓာကိုယ်ကအညစ်အကြေးတွေကို သန့်စင်ပေးရတာဖြစ်တာကြောင့် ရောဂါပိုးမွှားတွေက အဲ့မှာပဲကပ်နေပါတယ်။
ဒါကြောင့် အချိန်တွေကြာလာရင် ရောဂါပိုးတွေများလာပြီး ကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ပိုးတွေသေစေဖို့ မကြာခဏ ရေနွေးနဲ့ ဆေးကြောသန့်စင် သင့်ပါတယ်။
၄။ တဘက် ( ၁ နှစ်)
တစ်နှစ်ကျော် ကြာရင်တော့ သင့်ရဲ့ မျက်နှာသုတ်ပုဝါဟာ အရောင်တွေ ဖျော့သွားပြီးတော့ သာမန်ချည်ထည် ဖြစ်သွားပါလိမ့်မယ်။ ထိန်းသိမ်းချင်ရင်တော့ ပုံမှန်ဆေးကြောပေးပါ။
၅။ သွားတိုက်တံ (၃ လ)
သွားတိုက်တံကို အမွှေးတွေ ကျွတ်ပြီး ကျိုးသွားတဲ့အထိ အသုံးမပြုသင့်ပါဘူး။ သွားတိုက်တံ မကောင်းတာက သွားဖုံးနှင့်သွားကို ထိခိုက်စေပါတယ်။
ဖြစ်နိုင်ရင် (၃ လ) မပြည့်ခင်တိုင်း ပြောင်းလဲပေးတာက အကောင်းဆုံးပါပဲ။
၆။ Hydrogen Peroxide (၂ လ)
အလုံပိတ်မထားတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဟာ နှစ်လအတွင်းမှာပဲ ရေအဖြစ်ကို ပြောင်းလဲသွားနိုင်တာကြောင့် (၁ လ) မတိုင်ခင်အချိန်အတွင်းမှာပဲ အသုံးပြုသင့်ပါတယ်။
အလုံပိတ်ထားရင်တော့ ၁ နှစ်အထိကို သိမ်းဆည်းထား နိုင်ပါတယ်။
၇။ Hairbrush (၁ နှစ်)
အကောင်းဆုံးတံဆိပ် ခေါင်းလျှော်ရည်ကို သုံးတယ် ဆိုရင်တော့ ဆံပင်ကို သေချာလေး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
ဖုန်တွေ၊ ဂျေးတွေကို ခေါင်းပေါ်မှာ မစုမိချင်ရင်တော့ တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ် ဆံပင်ဆေးကြောသန့်စင်ဖို့ လိုအပ်ပါတယ်။
ပြီးတော့ ခေါင်းမှာသုံးတဲ့ ခေါင်းဖြီးတွေ၊ တခြားအရာတွေကိုလည်း သေချာလေး သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။
၈။ ရေမွှေး ( ၁ နှစ်မှ ၃ နှစ်အထိ)
တချို့ ရေမွှေးတွေမှာဆိုရင် သက်တမ်းကုန်ဆုံးရက် မပါလာတာကို သင်သတိထားမိ ပါလိမ့်မယ်။
ဒါကြောင့် နာမည်ရှိတဲ့ ရေမွှေးတွေဆိုရင် (၃) နှစ်နှင့် နာမည် မရှိတဲ့ ရေမွှေးဆိုရင် (၂) နှစ်အတွင်းမှာပဲ အသုံးပြုသင့်ပါတယ်။
၉။ ချိုလိမ် ( ၂ ပတ်ကနေ ၅ ပတ်)
ချိုလိမ်အများစုဟာ ပလတ်စတစ်တွေ၊ ဆီလီကွန်တွေနဲ့ ပြုလုပ်ထားတာကြောင့် အန္တရာယ် များပါတယ်။
ပြီးတော့ ရောဂါပိုးမွှားတွေကလည်း ကပ်နေနိုင်တာကြောင့် အလွန်ဆုံး (၅) ပတ်လောက်သုံးပြီး လွှင့်ပစ်လိုက်တာက အကောင်းဆုံးပါပဲ။
၁၀။ ကလေးကားထိုင်ခုံ ( ၆ နှစ်မှ ၁၀ နှစ်)
ထိုင်ခုံမှာပါတဲ့ ခါးပတ်က ကောင်းနေသေးပေမယ့်လည်း အချိန်တွေကြာလာရင် တစ်ခုမဟုတ်တစ်ခုက ချို့ယွင်းတတ်ပါတယ်။
ဒါကြောင့် သင့်ကလေးကို လုံခြုံစိတ်ချစေဖို့ သတ်မှတ်ထားတဲ့ ကာလတစ်ခုအထိပဲ အသုံးပြုတာ ကောင်းပါတယ်။
၁၁။ Bras ( ၁ နှစ်မှ ၂ နှစ်)
ကောင်းနေသေးတယ် ဆိုပြီး ဆက်မဝတ် သင့်တော့ပါဘူး။ ကိုယ်နဲ့အဆင်ပြေနေသေးတယ် ဆိုပေမယ့် ကြိုးတွေက မကောင်းတော့တာတွေ ဖြစ်လာနိုင်ပါတယ်။
၁၂။ အပြေးဖိနပ် ( ၁ နှစ်)
ဖိနပ်က ကြည့်လို့အဆင်ပြေပြီး နောက်ထပ် (၂) နှစ်လောက် ဆက်သုံးလို့ ရနိုင်တယ်လို့ သင်တွေးကောင်း တွေးနေပါလိမ့်မယ်။
ဒါပေမယ့် ဖိနပ်မှာပါတဲ့ ပွိုင့်တွေကပါးလာတာတွေ၊ ကုပ်အားမရှိတော့တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါတွေဟာ သင်ပြေးနေရင်းတန်းလန်း ချော်လဲသွားခဲ့ရင် ခြေလက်တွေထိခိုက်နိုင်ပါတယ်။
၁၃။ အမွှေးနံ့သာများ ( ၁ နှစ်မှ ၃ နစ်)
ဟင်းခတ်အမွှေးအကြိုင် အမျိုးအစားပေါ် မူတည်ပြီးတော့ သတ်မှတ်ထားတဲ့ ကာလမကုန်ခင်အထိ အသုံးပြုသင့်ပါတယ်။
အမျိုးအစားညံ့တဲ့ ဟင်းခတ်အမွှေးအကြိုင်မျိုး ဆိုရင်တော့ သက်တမ်းမကုန်ဆုံးမီ (၆) လလောက်ကတည်းက လွှင့်ပစ်သင့်ပါတယ်။
၁၄။ ဂျုံမှုန့် ( ၆ လမှ ၁ နှစ်)
ရိုးရိုးဂျုံမှုန့်မျိုး ဆိုရင်တော့ သင် (၆လ) လောက်အထိ သိမ်းထားနိုင်ပြီးတော့ အမျိုးအစားကောင်းတဲ့ ဂျုံမှုန့်မျိုး ဆိုရင်တော့ သင် တစ်နှစ်လောက်အထိ သိမ်းထားနိုင်ပါတယ်။
၁၅။ မီးသတ်ဆေးဘူး (၁၅ နှစ်)
၁၅ နှစ် ကန့်သတ်ချက် ရှိနေပေမယ့်လည်း မီးသတ်ဆေးဘူးက ပျက်စီးနေရင် အမြန်ဆုံး ဖယ်ရှားပစ်ဖို့ လိုအပ်ပါတယ်။
ဒါကြောင့် အစွန်းအထင်း၊ ယိုစိမ့်မှု အစရှိတဲ့ လက္ခဏာတွေကို စစ်ဆေးသင့်ပါတယ်။
၁၆။ ဝါယာကြိုးများ ( ၁ နှစ်မှ ၂ နှစ်)
ကြိုးတွေကို သူနိုင်တဲ့အားနဲ့ သုံးတာက အဆင်ပြေပါတယ်။ ကြိုးကလည်း ဆွေးပြီးဟောင်းနေမယ်၊ မနိုင်တဲ့အားကိုလည်း ထမ်းထားရမယ် ဆိုရင်တော့ ရှော့ဖြစ်ပြီး သင့်အိမ် မီးထလောင်ပါလိမ့်မယ်။
၁၇။ ပိုးသတ်ဆေးများ ( ၃ လ)
ပိုးသတ်ဆေးတွေဟာ ၃ လ ကြာပြီးသွားတဲ့အခါမှာ သူတို့ရဲ့ ပိုးသတ်နိုင်တဲ့ စွမ်းအားတွေ ကုန်ဆုံးသွားပါတယ်။
ဒါကြောင့် သုံးမယ်ဆိုရင် အချိန်မတိုင်ခင် ကုန်အောင်သုံးသင့်ပါတယ်။
၁၈။ ခြင်ဆေးများ ( ၂ နှစ်)
ခြင်ဆေးတွေဟာလည်း ပိုးသတ်ဆေးတွေ လိုပါပဲ။ ကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။
တကယ်လို့ သင့်အိမ်က ခြင်တွေက ခြင်ဆေးတွေကို မမှုတော့ဘူး ဆိုရင်တော့ နောက်တစ်ဗူး ထပ်ဝယ်သင့်နေပါပြီ။
၁၉။ ရေစစ်ဗူးများ ( ဝယ်သောအခါ စက္ကူဘူးတွင် ပြထားသည့်ရက်စွဲ)
ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက မတူညီနိုင်တာကြောင့် ကုန်ဆုံးတဲ့ ရက်စွဲတွေကလည်း မတူညီနိုင်ပါဘူး။ ဘယ်ကပဲ ထုတ်ထုတ် ကုန်ဆုံးရက်ဆိုတာ ပါပါတယ်။
ဒါကြောင့် ကုန်ဆုံးရက်ကို ကြည့်ပြီးတော့ လဲစရာရှိတာတွေ လဲသင့်ပါတယ်။ မဟုတ်ရင် ရေသန့်သောက်နေတာ မဟုတ်ပဲ ရေညစ်တွေ သောက်နေတာမျိုး ဖြစ်သွားပါလိမ့်မယ်။
ဒါကြောင့် သင့်အိမ်မှာ အသုံးပြုနေတဲ့ ပစ္စည်းတွေကို သေချာလေး လိုက်စစ်ပြီးတော့ သက်တမ်းကုန်နေတာတွေကို ဆက်အသုံးမပြု သင့်တော့ပါဘူး။
တစ်ခုတည်းက ကိစ္စမရှိပေမယ့် များလာရင် ထိခိုက်မှာက သင့်ကိုပါ။