Astrology

သင့္ ဖိနပ္ဆိုဒ္က ေျပာျပမယ့္ သင့္အေၾကာင္း…

သင့္ ဖိနပ္ဆိုဒ္က ေျပာျပမယ့္ သင့္အေၾကာင္း…

သင့္ဖိနပ္ size က ဘယ္ေလာက္လဲ။ ေယာင္းရဲ႕ ပင္ကိုယ္စ႐ိုက္က ဘာလဲ၊

လူတစ္ေယာက္ရဲ႕ ပင္ကိုယ္စ႐ိုက္ဆိုတာ မိသားစုဝင္ေတြသာ အကဲခတ္ႏိုင္တာပါ။

ေတာ္႐ုံသူငယ္ခ်င္းေတြေတာင္ ကိုယ့္အေၾကာင္း အျပည့္အစုံသတိထားမိမွာမဟုတ္ပါဘူး။

ဒါေပမယ့္လည္း လူေတြဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္လုံးျဝခားနားတာမ်ိဳးမဟုတ္ပဲ တူညီတာမ်ိဳးေလးေတြရွိတတ္ပါတယ္။

ဥပမာ- မိသားစုဝင္ထဲက ကိုယ္အေမနဲ႔ ကိုယ္စ႐ိုက္ခ်င္းဆင္ခ်င္ရင္ဆင္မယ္။

ေသြးအမ်ိဳးအစားလိုက္ၿပီး တူညီတဲ့သူ တစ္ေယာက္နဲ႔တစ္ေယာက္ဆက္စပ္တာေလးေတြလည္းရွိႏိုင္မယ္။

ေမြးေန႔ ေမြးနံတူတဲ့သူေတြၾကားမွာလည္း တူညီတဲ့အခ်က္တစ္ခုခုရွိမွာပဲေလ။

အခုလည္း ဖိနပ္ဆိုဒ္နဲ႔ မွန္းေျပာလို႔ရတယ္ဆိုတာကိုေတာ့ ကာယကံရွင္ ေယာင္းတို႔ကိုယ္တိုင္ ဆုံးျဖတ္ပါေလ။

–၃၅ ႏွင့္ေအာက္

ေျပာရမယ္ဆိုရင္ေတာ့ စြာက်ယ္ေလးေတြေပါ့။ အိမ္း.. သူတို႔သေဘာထားေကာင္းေနရင္ ဘာေကာင္းသလဲမေမးနဲ႔။

စားခ်င္တာစားဖို႔ ပိုက္ဆံဘယ္ေလာက္ကုန္ကုန္ ဂ႐ုမစိုက္တတ္ၾကပါဘူး။

ကိုယ့္ခ်စ္သူရည္းစားကိုလည္း ဘာအႏိုင္က်င့္သလားမေမးနဲ႔။ ဆိုးတာလည္းသူတို႔ စိတ္ေကာက္တာလည္းသူတို႔ပဲ။ ဒါေပမယ့္ သူတို႔ၿပဳံးလိုက္ရင္လွတယ္။

ဆိုးတာတစ္ခုရွိတယ္။ အသံကေတာ့ ေနမင္းနဲ႔ နင္လားငါလားပဲ။

–၃၆-၃၇

သူတို႔ေတြကေတာ့ တည္ၿငိမ္သေယာင္ေဆာင္တတ္ၾကတဲ့ အေယာင္ေဆာင္ေတြ။ ပဲကလည္းဘာမ်ားသလဲမေမးနဲ႔။

window shopping အားသန္ၾကသူေတြျဖစ္သလို ေခြၽတာမယ္ဆိုၿပီး အစားအေသာက္အတြက္ပိုက္ဆံျဖဳန္းေနၾကသူေတြပါ။

လြတ္လြတ္လပ္လပ္ေနတတ္သူေတြလည္းျဖစ္ၾကၿပီး ကိုယ္ခ်စ္သူကိုလည္း ခ်ဳပ္ခ်ဳပ္ခ်ယ္ခ်ယ္ေမးလားျမန္းလားမလုပ္တတ္ပါဘူး။

ခႏၶာကိုယ္မလွေတာင္ ထူးျခားတဲ့ စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ အလွတစ္ခုခုေၾကာင့္ လူတိုင္းရဲ႕ အားက်ခံရသူျဖစ္ႏိုင္ပါတယ္။

-၃၈-၃၉

သူတို႔ကေတာ့ စကားကိုေရမြန္းေအာင္ေျပာၾကသူေတြပါ။ ရယ္လိုက္ရင္လည္း စုန္းမႀကီးအင္တာအဗ်ဴးခံရတဲ့အသံေတြနဲ႔ ရယ္တတ္ၾကပါတယ္။

ခပ္ေပါေပါေပမယ့္ သူတို႔တကယ္တည္လိုက္ရင္လည္း လူရွိန္ေအာင္ပါပဲ။

fashion ဆန္တတ္သူဆိုရင္လည္းမမွားပါဘူး။ အခ်စ္ေရးနဲ႔ ပတ္သတ္လာရင္ေတာ့ ေၾကာင္နဲ႔ႂကြက္ပါပဲ။

အႏုပညာဘက္ကို အားသန္ဝါသနာပါသူေတြျဖစ္ၾကပါတယ္။ ေစတနာထားတတ္ေပမယ့္ အဖတ္မလုပ္ခံရရင္ ေနာင္ေဝါင္ေဝါင္ေရွးတတ္ၾကပါတယ္။

–၄၀-၄၁

သူတို႔ေတြက အားငယ္တတ္သူေတြပါ။ ေတာ္႐ုံတန္႐ုံအားငယ္လိုက္ၿပီဆိုလည္း အားေပးစကားေျပာသူ ပါးစပ္အျမႇဳပ္ထြက္ရေလာက္ေအာင္ပါပဲ။

ဒါေပမယ့္လည္း အၿမဲၿပဳံျးွဖီးေနတာလည္းသူတို႔ပါပဲ။

အရာတစ္ခုခုကို စိတ္ရွည္သီးခံၿပီးလုပ္ေပးတတ္တယ္။ စပ္စုအားေကာင္းတာလည္း စုံေထာက္ကေတာ္လို႔ထင္ရ။

ကိုယ္ႀကိဳက္တာကိုယ္လုပ္ၿပီးေလာကႀကီးကို ဂ႐ုမစိုက္သူေတြဆိုရင္လည္းမမွားပါဘူး။ ဘာသာတရားေတာ့ ကိုင္းရႈိင္းၾကပါတယ္။

အခ်စ္နဲ႔ပတ္သတ္လာရင္ေတာ့ တည္ၿမဲသူေတြပါ။ သူတို႔ေရွ႕ႂကြားတာမ်ိဳးေတာ့လုံးဝမႀကိဳက္ပါဘူး။

–၄၂ နဲ႔အထက္

မပြင့္လင္းၾကသူေတြပါ။ သူတပါးတစ္မ်ိဳးထင္မွာကို အၿမဲေၾကာက္ေလ့ရွိတယ္။ ေခ်းေတာ့မမ်ားတတ္ပဲ ရွိတာေလးနဲ႔ တင္းတိမ္ေနႏိုင္တယ္။

ကပ္ေစးနည္းၿပီဆိုလည္း ႏိုင္းေလာက္ရွိတယ္။အရွက္လည္း ႀကီးသလို ေဒါသထြက္လာရင္လည္း လူသူေရွ႕မေရွာင္ေျပာတတ္တယ္။

ခ်စ္သူႏွစ္ေယာက္အၾကားမွာေတာ့ ျပသနာျဖစ္ေလ့ရွိေပမယ့္ တစ္ရက္ထက္ပို မခြဲပါဘူး။

ေၾကာက္စိတ္ရွိေနေပမယ့္ သတၱိခဲေလးလိုဟန္ေဆာင္တတ္ၾကတယ္။အေၾကာက္ဆုံးက ပိုးဟပ္ပါ။

ခုဆိုရင္ အက္ဒမင့္စစ္တမ္းအရ ရလာတဲ့အေျဖေတြကို တင္ျပလိုက္ၿပီမို႔ ေယာင္းတို႔လည္း ကိုယ့္ရဲ႕ဖိနပ္ဆိုဒ္ကေလးေျပာတာမွန္၊ မမွန္စမ္းၾကည့္လို႔ရပါၿပီေနာ္။

Credit

သင့် ဖိနပ်ဆိုဒ်က ပြောပြမယ့် သင့်အကြောင်း…

သင့်ဖိနပ် size က ဘယ်လောက်လဲ။ ယောင်းရဲ့ ပင်ကိုယ်စရိုက်က ဘာလဲ၊

လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဆိုတာ မိသားစုဝင်တွေသာ အကဲခတ်နိုင်တာပါ။

တော်ရုံသူငယ်ချင်းတွေတောင် ကိုယ့်အကြောင်း အပြည့်အစုံသတိထားမိမှာမဟုတ်ပါဘူး။

ဒါပေမယ့်လည်း လူတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်လုံးဝြခားနားတာမျိုးမဟုတ်ပဲ တူညီတာမျိုးလေးတွေရှိတတ်ပါတယ်။

ဥပမာ- မိသားစုဝင်ထဲက ကိုယ်အမေနဲ့ ကိုယ်စရိုက်ချင်းဆင်ချင်ရင်ဆင်မယ်။

သွေးအမျိုးအစားလိုက်ပြီး တူညီတဲ့သူ တစ်ယောက်နဲ့တစ်ယောက်ဆက်စပ်တာလေးတွေလည်းရှိနိုင်မယ်။

မွေးနေ့ မွေးနံတူတဲ့သူတွေကြားမှာလည်း တူညီတဲ့အချက်တစ်ခုခုရှိမှာပဲလေ။

အခုလည်း ဖိနပ်ဆိုဒ်နဲ့ မှန်းပြောလို့ရတယ်ဆိုတာကိုတော့ ကာယကံရှင် ယောင်းတို့ကိုယ်တိုင် ဆုံးဖြတ်ပါလေ။

–၃၅ နှင့်အောက်

ပြောရမယ်ဆိုရင်တော့ စွာကျယ်လေးတွေပေါ့။ အိမ်း.. သူတို့သဘောထားကောင်းနေရင် ဘာကောင်းသလဲမမေးနဲ့။

စားချင်တာစားဖို့ ပိုက်ဆံဘယ်လောက်ကုန်ကုန် ဂရုမစိုက်တတ်ကြပါဘူး။

ကိုယ့်ချစ်သူရည်းစားကိုလည်း ဘာအနိုင်ကျင့်သလားမမေးနဲ့။ ဆိုးတာလည်းသူတို့ စိတ်ကောက်တာလည်းသူတို့ပဲ။ ဒါပေမယ့် သူတို့ပြုံးလိုက်ရင်လှတယ်။

ဆိုးတာတစ်ခုရှိတယ်။ အသံကတော့ နေမင်းနဲ့ နင်လားငါလားပဲ။

–၃၆-၃၇

သူတို့တွေကတော့ တည်ငြိမ်သယောင်ဆောင်တတ်ကြတဲ့ အယောင်ဆောင်တွေ။ ပဲကလည်းဘာများသလဲမမေးနဲ့။

window shopping အားသန်ကြသူတွေဖြစ်သလို ချွေတာမယ်ဆိုပြီး အစားအသောက်အတွက်ပိုက်ဆံဖြုန်းနေကြသူတွေပါ။

လွတ်လွတ်လပ်လပ်နေတတ်သူတွေလည်းဖြစ်ကြပြီး ကိုယ်ချစ်သူကိုလည်း ချုပ်ချုပ်ချယ်ချယ်မေးလားမြန်းလားမလုပ်တတ်ပါဘူး။

ခန္ဓာကိုယ်မလှတောင် ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အလှတစ်ခုခုကြောင့် လူတိုင်းရဲ့ အားကျခံရသူဖြစ်နိုင်ပါတယ်။

-၃၈-၃၉

သူတို့ကတော့ စကားကိုရေမွန်းအောင်ပြောကြသူတွေပါ။ ရယ်လိုက်ရင်လည်း စုန်းမကြီးအင်တာအဗျူးခံရတဲ့အသံတွေနဲ့ ရယ်တတ်ကြပါတယ်။

ခပ်ပေါပေါပေမယ့် သူတို့တကယ်တည်လိုက်ရင်လည်း လူရှိန်အောင်ပါပဲ။

fashion ဆန်တတ်သူဆိုရင်လည်းမမှားပါဘူး။ အချစ်ရေးနဲ့ ပတ်သတ်လာရင်တော့ ကြောင်နဲ့ကြွက်ပါပဲ။

အနုပညာဘက်ကို အားသန်ဝါသနာပါသူတွေဖြစ်ကြပါတယ်။ စေတနာထားတတ်ပေမယ့် အဖတ်မလုပ်ခံရရင် နောင်ဝေါင်ဝေါင်ရှေးတတ်ကြပါတယ်။

–၄၀-၄၁

သူတို့တွေက အားငယ်တတ်သူတွေပါ။ တော်ရုံတန်ရုံအားငယ်လိုက်ပြီဆိုလည်း အားပေးစကားပြောသူ ပါးစပ်အမြှုပ်ထွက်ရလောက်အောင်ပါပဲ။

ဒါပေမယ့်လည်း အမြဲပြုံြးှဖီးနေတာလည်းသူတို့ပါပဲ။

အရာတစ်ခုခုကို စိတ်ရှည်သီးခံပြီးလုပ်ပေးတတ်တယ်။ စပ်စုအားကောင်းတာလည်း စုံထောက်ကတော်လို့ထင်ရ။

ကိုယ်ကြိုက်တာကိုယ်လုပ်ပြီးလောကကြီးကို ဂရုမစိုက်သူတွေဆိုရင်လည်းမမှားပါဘူး။ ဘာသာတရားတော့ ကိုင်းရှိုင်းကြပါတယ်။

အချစ်နဲ့ပတ်သတ်လာရင်တော့ တည်မြဲသူတွေပါ။ သူတို့ရှေ့ကြွားတာမျိုးတော့လုံးဝမကြိုက်ပါဘူး။

–၄၂ နဲ့အထက်

မပွင့်လင်းကြသူတွေပါ။ သူတပါးတစ်မျိုးထင်မှာကို အမြဲကြောက်လေ့ရှိတယ်။ ချေးတော့မများတတ်ပဲ ရှိတာလေးနဲ့ တင်းတိမ်နေနိုင်တယ်။

ကပ်စေးနည်းပြီဆိုလည်း နိုင်းလောက်ရှိတယ်။အရှက်လည်း ကြီးသလို ဒေါသထွက်လာရင်လည်း လူသူရှေ့မရှောင်ပြောတတ်တယ်။

ချစ်သူနှစ်ယောက်အကြားမှာတော့ ပြသနာဖြစ်လေ့ရှိပေမယ့် တစ်ရက်ထက်ပို မခွဲပါဘူး။

ကြောက်စိတ်ရှိနေပေမယ့် သတ္တိခဲလေးလိုဟန်ဆောင်တတ်ကြတယ်။အကြောက်ဆုံးက ပိုးဟပ်ပါ။

ခုဆိုရင် အက်ဒမင့်စစ်တမ်းအရ ရလာတဲ့အဖြေတွေကို တင်ပြလိုက်ပြီမို့ ယောင်းတို့လည်း ကိုယ့်ရဲ့ဖိနပ်ဆိုဒ်ကလေးပြောတာမှန်၊ မမှန်စမ်းကြည့်လို့ရပါပြီနော်။

Credit