သတ်တဲ့သူက ဗလီကြီး (ဟာဖစ်ကျောင်း) ဘေးက KKK (ကေသုံးလုံး) ဆံပင်ညှပ်ဆိုင် က အမရဲ့ ယောကျာ်းပါ။
Credit – Aye Nwe Oo
Unicode Version
မနေ့က မော်လမြိုင်၊မြိုင်သာယာမှာဖြစ်ခဲ့တဲ့ မိသားစုလိုက်လူသတ်မှုဖြစ်စဉ်က ဒီလိုပါတဲ့…
ဒီကိစ္စနဲ့ပါတ်သတ်ပီး မနက်က အခင်းဖြစ်ပွားရာ ကိုအောင်အိမ်ကို မရသ်သွားကြည့်ဖို့သွာရင်းနဲ့ ကိုအောင်ရဲ့မိခင်ဖြစ် သူပြောပြတာလေးတွေကိုပြန်ပြောပြပါမယ်နော်
ကျူးလွန်သူ ကိုကရင် (အလုပ်သမား) က လွန်ခဲ့သော ၄ ရက်က ကိုအောင် (ဆိုင်ပိုင်ရှင်) ဆီမှာ ပိုက်ဆံ သိန်း ၂၀ ချေးခဲ့ပါတယ်ရှင့်…
ကိုအောင်မိန်းမက မချေးပေးခဲ့ပါဘူး နောက်ပီး လက်ဆော့တဲ့ကိစ္စကြောင့် ကိုကရင်ကို အလုပ်ထုတ်ခဲ့ပါတယ်။
ပြီးတော့ မနေ့ညနေ ၆နာရီဝန်းကျင်က ကိုအောင်သည် ဇနီးသည် နဲ့ ကလေး နှစ်ယောက်နှင့်အတူ ငန်းတေးကို သွားခဲ့ပါတယ်ရှင့်…
အဲ့ဒီအချိန်တည်းက ကျူးလွန်သူ ကိုကရင်ရယ် နောက်ထပ်အပေါင်းပါနှစ်ယောက်(သူ၏ မရင်ငယ်နှင့် သူ့မယားကြီးက မယားပါသားမက်)သည် ကိုအောင်အိမ်ခြံဝန်းထဲသို့ ဝင်၍ ခိုနေသည်။
ကိုအောင်တို့အပြင်မှပြန်လာပြီး ထမင်းစားဖို့ မိန်းမလုပ်သူမှ စာသောက်ဖွယ်ရာများ ခင်းကျင်းနေစဉ် ကိုအောင်ဆ်ုင်တွင်ရောင်းသော မြက်ဖျက်သော ဓားကောက်ဖြင့် စတင်ခုတ်တာပါရှင့်။
ကိုအောင်ကိုအရင်ခုတ်တာပါရှင့်….ကိုအောင်ကို ခုတ်နေချိန် သားဖြစ်သူ မှ ကြောက်လန့်အော်ဟစ်ခဲ့ပါတယ်
ထိုအခါ အော်ရမလားဆိုပြီး ကလေးကိုထိုးကြိတ်ထားပါတယ်ရှင့်….ပြီးတော့ ဇနီးဖစ်သူက အနောက်မှ ထွက်လာပီး ဘာဖစ်တာလဲလို့မေးနေချိန် နောက်ကနေ ခုတ်လိုက်ပါတယ်ရှင့်။
နောက်ပီးမှ သမီးလုပ်သူကိုပါခုတ်ပါတယိရှင့်….အထိအများဆုံးက သေ သွားတဲ့သားပါ ထိုးကြိတ်ရိုက်နှက်ပြီးမှ သတ်တာပါ
အဲ့ကလေးကို ဘာတွေယူသွားလဲဆိုတော့…ကိုအောင်ဆိုင်တနေ့ရောင်းရငွေ သိန်း ၂၀ ကျော်နှင့် လက်ဝတ်လက်စားတချို့ (အတိကျမသိရသေး) ယူသွားပါတယ်..
သတ်တဲ့ဓားကိုလည်း ထားသွားပါတယ်….ကိုအောင်ရဲ့ဖုန်းကိုလည်း ယူသွားပါတယ်ရှင့်။
ထိုချိန် သူတို့သွားပီးမှ မိန်းမဖြစ်သူမှ ဖုန်းလည်းထ၍ယူမနိုင်ဘူး
ကိုအောင်ဖုန်းလည်း မရှိတော့ အနားတွင် ကလေးတွေဂိမ်းကစားတဲ့ဖုန်းကို ယူပီး ယောက်ခမ ဖြစ်သူကို ဖုန့းဆက်ပီး ကရင် ကရင် လို့ပြော၍ ဖုန်းချသွားပါတယ်။
ယောက်ခမ ဖြစ်သူလိုက်ခဲ့မှ ထိုဖစ်စဉ်မြင်တွေ့ရတာပါ….နောက်တခုက ရိုက်ချိန်မှာ အော်ဟစ်ကူညီတောင်းခဲ့ပါသေးတယ်။
သို့သော် ကိုအောင်တို့ အိမ်က ပေ ၁၀၀ ပတ်လည် နောက် ဘေးပတ်လည်မှာ အိမ်လုံးဝမရှိပါဘူးရှင့် ထို့ကြောင့် မည်သည့်အကူညီမ မရလိုက်ပါဘူး။
သတ်တဲ့သူက ဗလီကြီး (ဟာဖစ်ကျောင်း) ဘေးက KKK (ကေသုံးလုံး) ဆံပင်ညှပ်ဆိုင် က အမရဲ့ ယောက်ျားပါ။
သူကလွန်ခဲ့သောရက်အနည်းငယ်က မယားငယ်ယူလိုက်ပါသည်။
မယားငယ်ကို တည်းခိုခန်းမှာ ဖမ်းမိပြီး ပါဝင်သူနောက်တယောက် မယားပါသားမက် က ထွက်မပြေးပဲ
ညကအခင်းဖြစ်ရာ လူအုပ်ကြားထဲမှာ ဟိုကြည့်ဒီကြည့်လုပ်နေစဉ် ခြေထောက်မှာသွေးတွေ တွေ့လို့ဖမ်းမိသွားပါတယ်။
အဓိက ကျူးလွန်သူ ကိုကရင်ကတော့ လွတ်မြောက်နေပါသေးတယ်……ကျူးလွန်သူသည်ထိုဆိုင်တွင်အလုပ်လုပ်တာ ၁၀ နှစ်ဝန်းကျင်ရှိနေပါပြီရှင့်။
ကိုအောင်သည်သဘောကောင်း၍ ဖော်ရွေသူဖစ်သည်။
ကိုအောင်မိခင်ပြောပြတာကိုပြန်လည်မျှဝေပေးတာပါ။
Credit – Aye Nwe Oo