ရန်ကုန်၊ နိုဝင်ဘာ ၁၆
source khit thit
Unicode Version ဖြင့်ဖတ်ရန်
ယနေ့ ပြည်သူတွေအတွက် စိတ်မချမ်းမြေ့ဖွယ်ရာသတင်း…
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃ စခန်း စီးနင်းခံခဲ့ရပါတယ်။
ဆေးတပ်သား အမျိုးသမီးရဲဘော် ၈ ဦးလည်း ဖမ်းဆီးခံလိုက်ရပါတယ်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆
ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း-၃၏ စခန်း ၁ ခုအား ယနေ့ နိုဝင်ဘာလ ၁၆ ရက်နံနက်တွင်
စစ်ကောင်စီဘက်မှ ထိုးစစ်ဆင် ဝင်ရောက်စီးနင်းခဲ့ပါတယ်။
တိုက်ပွဲပြင်းထန်ခဲ့ပြီး ဆေးတပ်ဖွဲ့မှ အမျိုးသမီးရဲဘော် ၈ ဦး ဖမ်းဆီးခံလိုက်ရကြောင်း Kalay-PDF ထံမှ သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်မှ စတင်၍ ကလေးမြိုနယ်အနောက်တောင် ဇီးချောင်းတဝိုက်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များနှင့်
PDF (Kalay) တပ်ဖွဲဝင်များ ထိတွေ့ပြီး တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း
ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ – Kalay PDF တပ်ဖွဲ့ဝင်များ
source khit thit