Buddha

ဆံပင်အကျွတ်သက်သာ ၊ ဆံသားအရှည်မြန်တဲ့ ရှာစောင်းလပတ် နှင့် အုန်းဆီကြိုတဲ့ နည်းလေး

ဆံပင်အကျွတ်သက်သာ ၊ ဆံသားအရှည်မြန်တဲ့ ရှာစောင်းလပတ် နှင့် အုန်းဆီကြိုတဲ့ နည်းလေး

ခေါင်းမလျော်ခင် ရှာစောင်းလပတ်နဲ့အုန်းဆီကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။

3 / 4 နာရီနဲ့အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။

ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာရေးပေးထားပါတယ်နော်။ (အမြဲတမ်းသုံးလို့ရအောင် တခါတည်း ကြိုထားလို့ရပါတယ်နော်။)

ဆံံံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေအဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)

ဆံံပင်ငြိတာသက်သာမယ်။ဆံပင်အရှည်မြန်တယ်။ဆံသားမခြောက်တော့ဘူး။ ဆံသားပျော့ပျောင်းတယ်။ဆံသားတောက်တယ်။

ဆံပင်အတိုအရှည် သုံးမယ် လူဦးရေပေါ်လိုက်ပြီး ရှားစောင်းလပတ် အပင်ရယ်၊ အုန်းဆီရယ်ကို အတိုးအလျော့ လုပ်လို့ရပါတယ်။

မိုးက ဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည် ၂ယောက်စာရယ် လုပ်တာမို့ ရှားစောင်းလပတ် ၃ပင် Parachute အုန်ဆီးသုံးရင် ဘူးကြီး 270 ml တဘူးဆို တပင်နှုန်းနဲ့ကြိုလို့ရပါတယ်။

ခုက 270 mlဘူး မရှိလို့ 180ml ဘူးနဲ့ ကြိုထားတာပါ..ဈေးထဲက အုန်းဆီ စစ်စစ်နဲ့လည်းရပါတယ်နော်။

ပြီးရင် ခုံးတဲ့ဘက်ကိုအခွံခွာမယ်။အခွံမခွာဘဲ အတုံလေးတွေ အပြား ပါးပါးလေးတွေ လုပ်ချင်လည်းရပါတယ်..

ဒါပေမယ့် အညို ရောင်သန်းလို့ိရလာတဲ့အခါကျရင် အဲ့ဒီအတွင်းထဲက ဂျယ်လီထဲ ဆီတွေ အများကြီး ဝင်နေတတ်လို့.. ဆီတွေညစ်ချတဲ့အခါကျ အပြင်ခွံက လက်ကို ဆူးတတ်လို့ပါ…ခွာထားတဲ့နေရာက ဂျယ် လီကို ဇွန်းနဲ့ခြစ်မယ်။

ရှာစောင်းလပတ်ကို ဒီတိုင်းထည့်လို့မရဘူးလားလို့ မေးနေကြလို့…အခွံမခွာဘဲ ထည့်လည်း ရပါတယ်။

အညိုရောင်သန်းလို့ ရသွားတဲ့အခါကျ အခွံကြားက ဂျယ်လီထဲမှာ ဆီတွေ ဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါ ပြန်ညစ်ရတာက အခွံမပါတာနဲ့က ပိုပြေပါတယ်။

ရှားစောင်းလပတ်က နည်းနည်းကြွပ်သွားရင် ညစ်တဲ့အခါ လက်ဆူးမှာစိုးလို့ပါ။ပြီးရင် ရှားစောင်းလပတ်ဂျယ်လီတွေနဲ့ အုန်းဆီကို ရောထည့်မယ်။

အပူပေးမယ်.. မီးမနည်းလွန်းမများလွန်း အနေတော် နဲ့ ကြိုမယ်… ကြာကြာတခါမွှေပေးလို့ လိုပါတယ်။

မမမွှေရင် အကျက်မညီလို့ပါ…ရှားစောင်းလပတ်ညိုတဲ့အထိ ကြာကြာ တည်ပေးရပါမည်။

တကယ်က အညိုရောင်ကို သန်းရင် ရပြီနော် ဆီ ထဲက ရှားစောင်းလပတ် အဖတ်တွေကိုစစ်ပြီး ဆီကိုဘဲ သိမ်းထားလိုက်ရုံပါဘဲ…

ဆံပင္အကြၽတ္သက္သာ ၊ ဆံသားအ႐ွည္ျမန္တဲ့ ႐ွာေစာင္းလပတ္ ႏွင့္ အုန္းဆီႀကိဳတဲ့ နည္းေလး

ေခါင္းမေလ်ာ္ခင္ ႐ွာေစာင္းလပတ္နဲ႔အုန္းဆီႀကိဳထားတဲ့ဆီကို ဦးေရျပားေရာ ဆံသားမွာပါ ႏွံ႔ေနေအာင္လိမ္းပါ။

3 / 4 နာရီနဲ႔အထက္ထားၿပီး Shower cap နဲ႔ ေပါင္းၿပီး မွ ေလွ်ာ္ပါ။

ၾကာၾကာမွတခါ လုပ္တာထက္ ေခါင္းေလွ်ာ္ခါနီးတိုင္း လုပ္ေပးရင္ ပိုေကာင္းပါတယ္ ပိုသိသာပါတယ္။

ဆံသားနက္ၿပီး အကြၽတ္သက္သာသလို ဆံသားမၿငိေတာ့ဘူး အ႐ွည္ျမန္တယ္။

႐ွားေစာင္းလပတ္နဲ႔ အုန္းဆီႀကိဳတဲ့နည္းကို ပုံထဲမွာေရးေပးထားပါတယ္ေနာ္။ (အၿမဲတမ္းသုံးလို႔ရေအာင္ တခါတည္း ႀကိဳထားလို႔ရပါတယ္ေနာ္။)

ဆံံံပင္အကြၽတ္သက္သာမယ္။ (ဆံပင္တိုတို႐ွည္႐ွည္ မိန္းကေလးေတြအဓိကၾကဳံရတဲ့ ျပႆနာက ဆံပင္အရမ္းကြၽတ္တာ…)

ဆံံပင္ၿငိတာသက္သာမယ္။ဆံပင္အ႐ွည္ျမန္တယ္။ဆံသားမေျခာက္ေတာ့ဘူး။ ဆံသားေပ်ာ့ေပ်ာင္းတယ္။ဆံသားေတာက္တယ္။

ဆံပင္အတိုအ႐ွည္ သုံးမယ္ လူဦးေရေပၚလိုက္ၿပီး ႐ွားေစာင္းလပတ္ အပင္ရယ္၊ အုန္းဆီရယ္ကို အတိုးအေလ်ာ့ လုပ္လို႔ရပါတယ္။

မိုးက ဆံပင္႐ွည္တာရယ္ ေနာက္ထပ္ဆံပင္အ႐ွည္ ၂ေယာက္စာရယ္ လုပ္တာမို႔ ႐ွားေစာင္းလပတ္ ၃ပင္ Parachute အုန္ဆီးသုံးရင္ ဘူးႀကီး 270 ml တဘူးဆို တပင္ႏႈန္းနဲ႔ႀကိဳလို႔ရပါတယ္။

ခုက 270 mlဘူး မ႐ွိလို႔ 180ml ဘူးနဲ႔ ႀကိဳထားတာပါ..ေဈးထဲက အုန္းဆီ စစ္စစ္နဲ႔လည္းရပါတယ္ေနာ္။

ၿပီးရင္ ခုံးတဲ့ဘက္ကိုအခြံခြာမယ္။အခြံမခြာဘဲ အတုံေလးေတြ အျပား ပါးပါးေလးေတြ လုပ္ခ်င္လည္းရပါတယ္..

ဒါေပမယ့္ အညိဳ ေရာင္သန္းလို႔ိရလာတဲ့အခါက်ရင္ အဲ့ဒီအတြင္းထဲက ဂ်ယ္လီထဲ ဆီေတြ အမ်ားႀကီး ဝင္ေနတတ္လို႔.. ဆီေတြညစ္ခ်တဲ့အခါက် အျပင္ခြံက လက္ကို ဆူးတတ္လို႔ပါ…ခြာထားတဲ့ေနရာက ဂ်ယ္ လီကို ဇြန္းနဲ႔ျခစ္မယ္။

႐ွာေစာင္းလပတ္ကို ဒီတိုင္းထည့္လို႔မရဘူးလားလို႔ ေမးေနၾကလို႔…အခြံမခြာဘဲ ထည့္လည္း ရပါတယ္။

အညိဳေရာင္သန္းလို႔ ရသြားတဲ့အခါက် အခြံၾကားက ဂ်ယ္လီထဲမွာ ဆီေတြ ဝင္ေနတတ္လို႔ ဆီစစ္ၿပီးတဲ့အခါ ျပန္ညစ္ရတာက အခြံမပါတာနဲ႔က ပိုေျပပါတယ္။

႐ွားေစာင္းလပတ္က နည္းနည္းႂကြပ္သြားရင္ ညစ္တဲ့အခါ လက္ဆူးမွာစိုးလို႔ပါ။ၿပီးရင္ ႐ွားေစာင္းလပတ္ဂ်ယ္လီေတြနဲ႔ အုန္းဆီကို ေရာထည့္မယ္။

အပူေပးမယ္.. မီးမနည္းလြန္းမမ်ားလြန္း အေနေတာ္ နဲ႔ ႀကိဳမယ္… ၾကာၾကာတခါေမႊေပးလို႔ လိုပါတယ္။

မမေမႊရင္ အက်က္မညီလို႔ပါ…႐ွားေစာင္းလပတ္ညိဳတဲ့အထိ ၾကာၾကာ တည္ေပးရပါမည္။

တကယ္က အညိဳေရာင္ကို သန္းရင္ ရၿပီေနာ္ ဆီ ထဲက ႐ွားေစာင္းလပတ္ အဖတ္ေတြကိုစစ္ၿပီး ဆီကိုဘဲ သိမ္းထားလိုက္႐ုံပါဘဲ…