Knowledge

ကိုယ္ေစာင့္နတ္ တကယ္႐ွိ၊မ႐ွိနဲ႔ လူတို႔ကို ေစာင့္ေ႐ွာက္ၾကပုံ…

ကိုယ္ေစာင့္နတ္ တကယ္႐ွိ၊မ႐ွိနဲ႔ လူတို႔ကို ေစာင့္ေ႐ွာက္ၾကပုံ…

ကိုယ္ေစာင့္နတ္က တကယ္ေစာင့္ေ႐ွာက္ပါသလား။

လူတိုင္းသိထားသင့္တဲ့ ကိုယ္ေစာင့္နတ္အေၾကာင္းႏွင့္ လူကိုကိုယ္ေစာင့္နတ္ ေစာင့္ေ႐ွာက္ပုံအေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။

(ေမး)ဦးဇင္းဘုရား ကိုယ္ေစာင့္နတ္ဆိုတာ တကယ္႐ွိပါသလားဘုရား။ လူကိုနတ္ကေစာင့္တယ္ဆိုတာ ဗုဒၶဘာသာနဲ႔ကိုက္ညီမႈ႐ွိပါသလား။

တကယ္လို႔ကိုယ္ေစာင့္နတ္ဆိုတာ႐ွိခဲ့ရင္ ဘယ္လိုမ်ိဳးပုံစံနဲ႔ လူကိုေစာင့္ေ႐ွာက္ေပးပါသလဲ။ သူဟာလူ႕ခႏၶာကိုယ္ထဲမွာေနတာပါလား။

ျပင္ပမွာသီးျခားေနတာပါလားဆိုတာကို ဘုရားတပည့္ေတာ္ကို သနားေစာင့္ေ႐ွာက္ခ်ီးေျမႇာက္ေသာအားျဖင့္ ေျဖၾကားေပးေတာ္မူပါဘုရား။

(ေျဖ)ေမးခြန္းေတြကမ်ားလိုက္တာ။ ဦးဇင္းခပ္တိုတိုနဲ႔ လိုရင္းပဲေျဖေပးလိုက္ပါတယ္။ ကိုယ္ေစာင့္နတ္ဆိုတာ တကယ္႐ွိပါတယ္။

မေကာင္းမႈျပဳေသာသူသည္ သူမေကာင္းမႈျပဳတဲ့အေၾကာင္းကို သူကိုယ္တိုင္ပထမဦးစြာသိ၏။ ထို႔ေနာက္သူ၏ကိုယ္ေစာင့္နတ္သိ၏။

ထို႔ေနာက္သူတစ္ပါး၏ စိတ္ကို ေဖာက္ထြင္းၿပီးသိျမင္ႏိုင္တဲ့ တန္ခိုး႐ွင္မ်ားသိၾက၏လို႔ ပါရာဇိကဏ္အ႒ကထာ သုဒိႏၵက႑အဖြင့္မွာပါတဲ့ ဒီစကားရပ္ကိုေထာက္ၿပီးေတာ့ ကိုယ္ေစာင့္နတ္တကယ္႐ွိတယ္ဆိုတာ သိရပါတယ္။

ဒီစကားရပ္ကိုေထာက္ၿပီးေတာ့ လူကိုနတ္ေစာင့္တယ္ဆိုတာ ဗုဒၶဘာသာနဲ႔လည္း ကိုက္ညီမႈ႐ွိပါတယ္။

အျခားေသာအေထာက္အထား က်မ္းကိုးက်မ္းကားထုတ္ျပစရာေတြ အမ်ားႀကီး႐ွိေပမယ့္ သိသာ႐ုံမွ်ဒီေလာက္နဲ႔ပဲ ေက်နပ္ေတာ္မူပါ။

ေနာက္ေမးခြန္းတစ္ခုက လူကိုဘယ္လိုမ်ိဳးေစာင့္ေ႐ွာက္သလဲဆိုတာေနာ္။

ဘုန္းကံႀကီးမားတဲ့လူကို တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈ႐ွိတဲ့ သူေတာ္ေကာင္းနတ္မ်ားက ေစာင့္ေ႐ွာက္ပါတယ္။

ဘုန္းကံမြဲမြဲလူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္တဲ့ စိတ္ဓာတ္အင္အားခိုင္မာေတာင့္တင္းမႈမ႐ွိတဲ့ နတ္ေသးနတ္မႊားေလးေတြကသာ ေစာင့္ေ႐ွာက္ပါတယ္။

တန္ခိုးအာႏုေဘာ္ႀကီးမားေလ လုပ္ႏိုင္တဲ့အရာေတြ လုပ္ပိုင္ခြင့္ေတြပို႐ွိေလမို႔ သူလုပ္ႏိုင္တဲ့ ပမာဏ သူလုပ္ပိုင္ခြင့္႐ွိတဲ့ အတိုင္းအတာထဲကေန ကူညီေစာင့္ေ႐ွာက္ေပးေလ့႐ွိပါတယ္။

ဗာရာဏသီမင္းဟာ ေကာသလမင္းကိုသတ္ၿပီးေတာ့ တိုင္းျပည္ကိုသိမ္းပိုက္ၿပီးေတာ့ ေကာသလမင္းရဲ႕ မိဖုရားႀကီးကိုေတာ့ သူရဲ႕မိဖုရားႀကီးအျဖစ္ ဗာရာဏသီမင္းက သိမ္းပိုက္ခဲ့ပါတယ္။

အဲဒီမိဖုရားႀကီးမွာ သြားေလသူေကာသလမင္းနဲ႔ရထားတဲ့ ကိုယ္ဝန္က်န္ေနခဲ့တယ္။ အခ်ိန္တန္ေတာ့ သားေယာက်ားေလးေမြးဖြားခဲ့တယ္။

အ႐ြယ္ေရာက္ေတာ့ ဗာရာဏသီမင္း အျခားမိဖုရားနဲ႔ရထားတဲ့ ကု႐ုဂၤေဒဝီဆိုတဲ့ မင္းသမီေလးနဲ႔ ခ်စ္ႀကိဳက္သြားၾကပါတယ္။

ဗာရာဏသီမင္းႀကီးကသိလို႔ မင္းသာေလးကိုသတ္ဖို႔လုပ္တယ္။ မင္းသားေလးကိုေသေဘးကေန လြတ္ေအာင္ကယ္တင္ေပးခဲ့တယ္။

ကယ္တင္ေပးသူကေတာ့ မင္းသားေလးရဲ႕ ကိုယ္ေစာင့္နတ္ျဖစ္တယ္။

(မဟာဏုဏာလဇာတက) ဒါေၾကာင့္သူလုပ္ပိုင္ခြင့္႐ွိတဲ့ပမာဏ သူလုပ္ေပးႏိုင္တဲ့ပမာဏအားေလ်ာ္စြာ ေစာင့္ေ႐ွာက္ေပးတယ္လို႔ မွတ္သားေစခ်င္ပါတယ္။

ေနာက္ေမးခြန္းတစ္ခုက လူ႕ခႏၶာကိုယ္ထဲမွာ ေနတာလားအျပင္ဘက္မွာ ေနတာလားဆိုတာေနာ္။ အျပင္ဘက္မွာေနပါတယ္။

ကိုယ္ေစာင့္နတ္ဆိုတာ ကိုယ္ပတ္ဝန္းက်င္မွာ႐ွိေနတဲ့ ဘုမၼစိုး၊႐ုကၡစိုး စတဲ့နတ္ေတြပါ။

လူ႕ခႏၶာကိုယ္ထဲမွာနတ္႐ွိရင္ အဲဒီလူကိုျမန္မာလူမ်ိဳးေတြက စုန္းလို႔သတ္မွတ္ၾကပါတယ္။ အဲဒီအေၾကာင္းကို ဦးဇင္းသီးျခားပို႔စ္တစ္ခုတင္ၿပီးေတာ့ ႐ွင္းျပေပးမယ္ေနာ္။

အခုေတာ့ပို႔စ္သိပ္႐ွည္သြားမွာမို႔ ႐ွင္းမျပေတာ့ဘူး။ သူ႕ေမးခြန္းကဒီေလာက္ဆိုရင္ ၿပီးသြားပါၿပီေနာ္။

ဒါေပမယ့္ေမးခြန္းမွာမပါလို႔ အမ်ားသိသင့္သိထိုက္တယ္ထင္လို႔ အေၾကာင္းအရာတစ္ခုကို ဦးဇင္းဘာသာေမးၿပီးေတာ့ ဦးဇင္းဘာသာပဲေျဖေပးလိုက္တယ္။

လူတိုင္းမွာကိုယ္ေစာင့္နတ္႐ွိပါသလား။ လူတိုင္းမွာသဘာဝအားျဖင့္ ကိုယ္ေစာင့္နတ္႐ွိပါတယ္။

ဘုန္းကံႀကီးမားတဲ့လူကို တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈ႐ွိတဲ့ သူေတာ္ေကာင္းနတ္မ်ားက ေစာင့္ေ႐ွာက္ပါတယ္။

ဘုန္းကံမြဲမြဲလူမ်ားကိုေတာ့ တန္ခိုးေသးႏုပ္တဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းမႈမ႐ွိတဲ့ နတ္ေသးနတ္မႊားေလးေတြက ေစာင့္ေ႐ွာက္ပါတယ္လို႔ အထက္မွာလဲဦးဇင္းေျပာခဲ့တယ္ေနာ္။

ကိုယ္ေစာင့္နတ္ေတြဆိုတာ လူေစာင့္ေ႐ွာက္တဲ့လူရဲ႕ အလိုကိုလိုက္ၿပီးေတာ့ ေျပာင္းလဲတတ္ၾကတယ္။

မ်ားေသာအားျဖင့္ ဒီလိုမ်ိဳးလူ႕ရဲ႕အလိုကိုလိုက္ၿပီးေတာ့ ေျပာင္းလဲတတ္တာဟာ တန္ခိုးေသးႏုပ္ၿပီးေတာ့ စိတ္ဓာတ္အင္အားခိုင္မာေတာင့္တင္းမႈမ႐ွိတဲ့ ကိုယ္ေစာင့္နတ္ေတြေပါ့။

ဒီလိုနတ္ေတြကေတာ့ သူေစာင့္ေလွ်ာက္တဲ့လူကေကာင္းရင္ သူကေကာင္းၿပီးေတာ့ လူကဆိုးရင္ သူလဲဆိုးသြားတတ္တယ္။

တန္ခိုးႀကီးမားတဲ့ စိတ္ဓာတ္အင္အား ခိုင္မာေတာင့္တင္းတဲ့ ကိုယ္ေစာင့္နတ္မ်ားကေတာ့ သူတို႔မႀကိဳက္တာကိုလုပ္ရင္ အဲဒီလူကိုစြန္႔ပစ္ၿပီးေတာ့ ထြက္သြားတတ္ၾကပါတယ္။

လူေျပာင္းလဲတိုင္း သူတို႔ကလိုက္ၿပီးေတာ့ မေျပာင္းလဲတတ္ၾကပါဘူး။ ဥပမာအားျဖင့္ ေစတီယမင္းရဲ႕ အျဖစ္အပ်က္ကိုၾကည့္ပါ။

ေစတီယမင္းဟာ တန္ခိုးႀကီးမားတဲ့နတ္သားေလးေယာက္က ေစာင့္ေ႐ွာက္ပါတယ္။

ေစတီယမင္းမုသားစကားေျပာေတာ့ နတ္သားေလးေယာက္ဟာ ေစတီယမင္းကို တစ္ခါထဲစြန္႔ပစ္ ထြက္ခြါသြားခဲ့ၾကပါတယ္။

(ေစတီယဇာတက) ဒါေၾကာင့္လူတိုင္းမွာ သဘာဝအားျဖင့္ေတာ့ ကိုယ္ေစာင့္နတ္႐ွိၾကပါတယ္။

သို႔ေသာ္အခ်ိဳ႕သူမ်ားကေတာ့ ကိုယ္ေစာင့္နတ္မႀကိဳက္တာလုပ္လို႔ ကိုယ္ေစာင့္နတ္ရဲ႕စြန္႔ပစ္ျခင္းကိုခံၾကရလို႔ ကိုယ္ေစာင့္နတ္မ႐ွိတာမ်ိဳးေတြလည္း ႐ွိပါတယ္ေနာ္။

အ႐ွင္ေခမာနႏၵ (မိုးသုမႏၲေလး)

Credit

ကိုယ်စောင့်နတ် တကယ်ရှိ၊မရှိနဲ့ လူတို့ကို စောင့်ရှောက်ကြပုံ…

ကိုယ်စောင့်နတ်က တကယ်စောင့်ရှောက်ပါသလား။

လူတိုင်းသိထားသင့်တဲ့ ကိုယ်စောင့်နတ်အကြောင်းနှင့် လူကိုကိုယ်စောင့်နတ် စောင့်ရှောက်ပုံအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(မေး)ဦးဇင်းဘုရား ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလားဘုရား။ လူကိုနတ်ကစောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့ကိုက်ညီမှုရှိပါသလား။

တကယ်လို့ကိုယ်စောင့်နတ်ဆိုတာရှိခဲ့ရင် ဘယ်လိုမျိုးပုံစံနဲ့ လူကိုစောင့်ရှောက်ပေးပါသလဲ။ သူဟာလူ့ခန္ဓာကိုယ်ထဲမှာနေတာပါလား။

ပြင်ပမှာသီးခြားနေတာပါလားဆိုတာကို ဘုရားတပည့်တော်ကို သနားစောင့်ရှောက်ချီးမြှောက်သောအားဖြင့် ဖြေကြားပေးတော်မူပါဘုရား။

(ဖြေ)မေးခွန်းတွေကများလိုက်တာ။ ဦးဇင်းခပ်တိုတိုနဲ့ လိုရင်းပဲဖြေပေးလိုက်ပါတယ်။ ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်။

မကောင်းမှုပြုသောသူသည် သူမကောင်းမှုပြုတဲ့အကြောင်းကို သူကိုယ်တိုင်ပထမဦးစွာသိ၏။ ထို့နောက်သူ၏ကိုယ်စောင့်နတ်သိ၏။

ထို့နောက်သူတစ်ပါး၏ စိတ်ကို ဖောက်ထွင်းပြီးသိမြင်နိုင်တဲ့ တန်ခိုးရှင်များသိကြ၏လို့ ပါရာဇိကဏ်အဋ္ဌကထာ သုဒိန္ဒကဏ္ဍအဖွင့်မှာပါတဲ့ ဒီစကားရပ်ကိုထောက်ပြီးတော့ ကိုယ်စောင့်နတ်တကယ်ရှိတယ်ဆိုတာ သိရပါတယ်။

ဒီစကားရပ်ကိုထောက်ပြီးတော့ လူကိုနတ်စောင့်တယ်ဆိုတာ ဗုဒ္ဓဘာသာနဲ့လည်း ကိုက်ညီမှုရှိပါတယ်။

အခြားသောအထောက်အထား ကျမ်းကိုးကျမ်းကားထုတ်ပြစရာတွေ အများကြီးရှိပေမယ့် သိသာရုံမျှဒီလောက်နဲ့ပဲ ကျေနပ်တော်မူပါ။

နောက်မေးခွန်းတစ်ခုက လူကိုဘယ်လိုမျိုးစောင့်ရှောက်သလဲဆိုတာနော်။

ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေကသာ စောင့်ရှောက်ပါတယ်။

တန်ခိုးအာနုဘော်ကြီးမားလေ လုပ်နိုင်တဲ့အရာတွေ လုပ်ပိုင်ခွင့်တွေပိုရှိလေမို့ သူလုပ်နိုင်တဲ့ ပမာဏ သူလုပ်ပိုင်ခွင့်ရှိတဲ့ အတိုင်းအတာထဲကနေ ကူညီစောင့်ရှောက်ပေးလေ့ရှိပါတယ်။

ဗာရာဏသီမင်းဟာ ကောသလမင်းကိုသတ်ပြီးတော့ တိုင်းပြည်ကိုသိမ်းပိုက်ပြီးတော့ ကောသလမင်းရဲ့ မိဖုရားကြီးကိုတော့ သူရဲ့မိဖုရားကြီးအဖြစ် ဗာရာဏသီမင်းက သိမ်းပိုက်ခဲ့ပါတယ်။

အဲဒီမိဖုရားကြီးမှာ သွားလေသူကောသလမင်းနဲ့ရထားတဲ့ ကိုယ်ဝန်ကျန်နေခဲ့တယ်။ အချိန်တန်တော့ သားယောကျားလေးမွေးဖွားခဲ့တယ်။

အရွယ်ရောက်တော့ ဗာရာဏသီမင်း အခြားမိဖုရားနဲ့ရထားတဲ့ ကုရုင်္ဂဒေဝီဆိုတဲ့ မင်းသမီလေးနဲ့ ချစ်ကြိုက်သွားကြပါတယ်။

ဗာရာဏသီမင်းကြီးကသိလို့ မင်းသာလေးကိုသတ်ဖို့လုပ်တယ်။ မင်းသားလေးကိုသေဘေးကနေ လွတ်အောင်ကယ်တင်ပေးခဲ့တယ်။

ကယ်တင်ပေးသူကတော့ မင်းသားလေးရဲ့ ကိုယ်စောင့်နတ်ဖြစ်တယ်။

(မဟာဏုဏာလဇာတက) ဒါကြောင့်သူလုပ်ပိုင်ခွင့်ရှိတဲ့ပမာဏ သူလုပ်ပေးနိုင်တဲ့ပမာဏအားလျော်စွာ စောင့်ရှောက်ပေးတယ်လို့ မှတ်သားစေချင်ပါတယ်။

နောက်မေးခွန်းတစ်ခုက လူ့ခန္ဓာကိုယ်ထဲမှာ နေတာလားအပြင်ဘက်မှာ နေတာလားဆိုတာနော်။ အပြင်ဘက်မှာနေပါတယ်။

ကိုယ်စောင့်နတ်ဆိုတာ ကိုယ်ပတ်ဝန်းကျင်မှာရှိနေတဲ့ ဘုမ္မစိုး၊ရုက္ခစိုး စတဲ့နတ်တွေပါ။

လူ့ခန္ဓာကိုယ်ထဲမှာနတ်ရှိရင် အဲဒီလူကိုမြန်မာလူမျိုးတွေက စုန်းလို့သတ်မှတ်ကြပါတယ်။ အဲဒီအကြောင်းကို ဦးဇင်းသီးခြားပို့စ်တစ်ခုတင်ပြီးတော့ ရှင်းပြပေးမယ်နော်။

အခုတော့ပို့စ်သိပ်ရှည်သွားမှာမို့ ရှင်းမပြတော့ဘူး။ သူ့မေးခွန်းကဒီလောက်ဆိုရင် ပြီးသွားပါပြီနော်။

ဒါပေမယ့်မေးခွန်းမှာမပါလို့ အများသိသင့်သိထိုက်တယ်ထင်လို့ အကြောင်းအရာတစ်ခုကို ဦးဇင်းဘာသာမေးပြီးတော့ ဦးဇင်းဘာသာပဲဖြေပေးလိုက်တယ်။

လူတိုင်းမှာကိုယ်စောင့်နတ်ရှိပါသလား။ လူတိုင်းမှာသဘာဝအားဖြင့် ကိုယ်စောင့်နတ်ရှိပါတယ်။

ဘုန်းကံကြီးမားတဲ့လူကို တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုရှိတဲ့ သူတော်ကောင်းနတ်များက စောင့်ရှောက်ပါတယ်။

ဘုန်းကံမွဲမွဲလူများကိုတော့ တန်ခိုးသေးနုပ်တဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းမှုမရှိတဲ့ နတ်သေးနတ်မွှားလေးတွေက စောင့်ရှောက်ပါတယ်လို့ အထက်မှာလဲဦးဇင်းပြောခဲ့တယ်နော်။

ကိုယ်စောင့်နတ်တွေဆိုတာ လူစောင့်ရှောက်တဲ့လူရဲ့ အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်ကြတယ်။

များသောအားဖြင့် ဒီလိုမျိုးလူ့ရဲ့အလိုကိုလိုက်ပြီးတော့ ပြောင်းလဲတတ်တာဟာ တန်ခိုးသေးနုပ်ပြီးတော့ စိတ်ဓာတ်အင်အားခိုင်မာတောင့်တင်းမှုမရှိတဲ့ ကိုယ်စောင့်နတ်တွေပေါ့။

ဒီလိုနတ်တွေကတော့ သူစောင့်လျှောက်တဲ့လူကကောင်းရင် သူကကောင်းပြီးတော့ လူကဆိုးရင် သူလဲဆိုးသွားတတ်တယ်။

တန်ခိုးကြီးမားတဲ့ စိတ်ဓာတ်အင်အား ခိုင်မာတောင့်တင်းတဲ့ ကိုယ်စောင့်နတ်များကတော့ သူတို့မကြိုက်တာကိုလုပ်ရင် အဲဒီလူကိုစွန့်ပစ်ပြီးတော့ ထွက်သွားတတ်ကြပါတယ်။

လူပြောင်းလဲတိုင်း သူတို့ကလိုက်ပြီးတော့ မပြောင်းလဲတတ်ကြပါဘူး။ ဥပမာအားဖြင့် စေတီယမင်းရဲ့ အဖြစ်အပျက်ကိုကြည့်ပါ။

စေတီယမင်းဟာ တန်ခိုးကြီးမားတဲ့နတ်သားလေးယောက်က စောင့်ရှောက်ပါတယ်။

စေတီယမင်းမုသားစကားပြောတော့ နတ်သားလေးယောက်ဟာ စေတီယမင်းကို တစ်ခါထဲစွန့်ပစ် ထွက်ခွါသွားခဲ့ကြပါတယ်။

(စေတီယဇာတက) ဒါကြောင့်လူတိုင်းမှာ သဘာဝအားဖြင့်တော့ ကိုယ်စောင့်နတ်ရှိကြပါတယ်။

သို့သော်အချို့သူများကတော့ ကိုယ်စောင့်နတ်မကြိုက်တာလုပ်လို့ ကိုယ်စောင့်နတ်ရဲ့စွန့်ပစ်ခြင်းကိုခံကြရလို့ ကိုယ်စောင့်နတ်မရှိတာမျိုးတွေလည်း ရှိပါတယ်နော်။

အရှင်ခေမာနန္ဒ (မိုးသုမန္တလေး)

Credit