News

ႏွိပ္စက္မႈေၾကာင့္ ေသဆံုးခဲ့တဲ့ မတင္ေမာ္လင္း(၂၈)မွ ရဲေတြကို လိုက္လံေျခာက္လွန္႕ေန

ႏွိပ္စက္မႈေၾကာင့္ ေသဆံုးခဲ့တဲ့ မတင္ေမာ္လင္း(၂၈)မွ ရဲေတြကို လိုက္လံေျခာက္လွန္႕ေန

မအူပင္ၿမိဳ႕မရဲစခန္းအနီး သရဲေျခာက္သည္ဟုဆိုကာ ညပိုင္းအခ်ိန္မ်ားတြင္ ေသနတ္ပစ္ေဖာက္မႈမ်ား ျပဳလုပ္ေန

ဧရာဝတီတိုင္းမ္

မအူပင္ၿမိဳ႕မရဲစခန္းအနီး၌ သရဲေျခာက္သည္ဟုဆိုကာ ညပိုင္းအခ်ိန္မ်ားတြင္ ရဲစခန္းအနီးတဝိုက္တြင္

ရဲတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ပစ္ေဖာက္မႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

“မအူပင္စခန္းနားတဝိုက္ေရာ လိုင္းခန္းေတြမွာေရာ သရဲေျခာက္တယ္ဆိုၿပီး ျဖစ္ေနလို႔

ညဘက္ ၁၀ နာရီေက်ာ္တာနဲ႔ ရဲေတြက ေသနတ္ေတြ ေဖာက္ေနၾကတာ”ဟု မအူပင္ၿမိဳ႕ခံတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာသည္။

မအူပင္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ား၏ ႐ိုက္ႏွက္ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ မတင္ေမာ္လင္း (အသက္ ၂၈ ႏွစ္) မွာ ႏိုဝင္ဘာလ ၉ ရက္ေန႔က မအူပင္ရဲစခန္းတြင္ ေသဆုံးခဲ့သည္။

မတင္ေမာ္လင္း ေသဆုံးၿပီးေနာက္ ဗုဒၶဘာသာအရ မကြၽတ္မလြတ္ျဖစ္ကာ မအူပင္ရဲစခန္း၏ အခ်ဳပ္ခန္း၊ မတင္ေမာ္လင္းအား စစ္ေဆးခဲ့သည့္အခန္း၊

ရဲဝန္ထမ္းလိုင္းခန္းႏွင့္ ရဲတပ္ဖြဲ႕ကင္းလွည့္သည့္ေနရာမ်ားတြင္ ေျခာက္လွန္႔မႈမ်ား ျဖစ္ေနသည္ဟု ေဒသခံမ်ားက ေျပာသည္။

ထိုသို႔ေျခာက္လွန္႔ေနသျဖင့္ မအူပင္စခန္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက ေသနတ္ပစ္ေဖာက္မႈမ်ား ျပဳလုပ္ေနျခင္းျဖစ္သည္ဟု ၿမိဳ႕ခံမ်ားက ေျပာသည္။

“ည ၁၀ နာရီေက်ာ္တာနဲ႔ မအူပင္စခန္းဘက္ကေန ေသနတ္သံေတြ ၾကားေနရတာ။

သူတို႔ရဲေတြ ႏွိပ္စက္လို႔ ေသတဲ့ ေကာင္မေလးက လိုက္ေျခာက္ေနတာလို႔ ေျပာတယ္။

ရဲစခန္းအခ်ဳပ္ခန္းသံတိုင္ေတြပါ ကိုင္လႈပ္တာေတြပါ ျဖစ္ေနတယ္လို႔ ေျပာတယ္”ဟု မအူပင္ၿမိဳ႕မရဲစခန္းႏွင့္ နီးစပ္သူတဦးက ေျပာပါတယ္။

Ayeyarwaddy Times

Unicode Version ျဖင္႔ဖတ္ရန္

နှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ မတင်မော်လင်း(၂၈)မှ ရဲတွေကို လိုက်လံခြောက်လှန့်နေ

မအူပင်မြို့မရဲစခန်းအနီး သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေ

ဧရာဝတီတိုင်းမ်

မအူပင်မြို့မရဲစခန်းအနီး၌ သရဲခြောက်သည်ဟုဆိုကာ ညပိုင်းအချိန်များတွင် ရဲစခန်းအနီးတဝိုက်တွင်

ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

“မအူပင်စခန်းနားတဝိုက်ရော လိုင်းခန်းတွေမှာရော သရဲခြောက်တယ်ဆိုပြီး ဖြစ်နေလို့

ညဘက် ၁၀ နာရီကျော်တာနဲ့ ရဲတွေက သေနတ်တွေ ဖောက်နေကြတာ”ဟု မအူပင်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မအူပင်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုကြောင့် မတင်မော်လင်း (အသက် ၂၈ နှစ်) မှာ နိုဝင်ဘာလ ၉ ရက်နေ့က မအူပင်ရဲစခန်းတွင် သေဆုံးခဲ့သည်။

မတင်မော်လင်း သေဆုံးပြီးနောက် ဗုဒ္ဓဘာသာအရ မကျွတ်မလွတ်ဖြစ်ကာ မအူပင်ရဲစခန်း၏ အချုပ်ခန်း၊ မတင်မော်လင်းအား စစ်ဆေးခဲ့သည့်အခန်း၊

ရဲဝန်ထမ်းလိုင်းခန်းနှင့် ရဲတပ်ဖွဲ့ကင်းလှည့်သည့်နေရာများတွင် ခြောက်လှန့်မှုများ ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ထိုသို့ခြောက်လှန့်နေသဖြင့် မအူပင်စခန်းမှ ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။

“ည ၁၀ နာရီကျော်တာနဲ့ မအူပင်စခန်းဘက်ကနေ သေနတ်သံတွေ ကြားနေရတာ။

သူတို့ရဲတွေ နှိပ်စက်လို့ သေတဲ့ ကောင်မလေးက လိုက်ခြောက်နေတာလို့ ပြောတယ်။

ရဲစခန်းအချုပ်ခန်းသံတိုင်တွေပါ ကိုင်လှုပ်တာတွေပါ ဖြစ်နေတယ်လို့ ပြောတယ်”ဟု မအူပင်မြို့မရဲစခန်းနှင့် နီးစပ်သူတဦးက ပြောပါတယ်။

Ayeyarwaddy Times