ကြားသိရသမျှ














Unicode Version

မနက်(၈)နာရီက ကလေးကို ဈေးဝယ်ဖို့ သူ့အမေကလွှတ်လိုက်မိသောအခါ…

မနက် ၈နာရီက ဈေးကိုဈေးဝယ်ဖို့သူ့ အမေကလွှတ်လိုက်တာ ကလေး ပြန်လာတဲ့လမ်းမှာ လမ်းမေးမယ်ဆိုပြီး ကလေးကိုမေ့ဆေးအုပ်ပြီး ကားနဲ့တင်ခေါ်သွားကြပါတယ်။

၁၁နာရီလောက့်မှ ကလေးက သတိပြန်ရလာတဲ့အခါ ကားပေါ်ကခုန်ချပြီး ပြန်ပြေးလာရင်း လက်ပံတန်းမြို့ထဲမဝင်တက်တော့ပဲ သာယာဝတီ တိုးဂိတ်ထိရောက်သွားပြီး

စစ်သားတစ်ဥိးကိုအကူညီတောင်းတော့ အိမ်ကို ပြန်လိုက်ပို့မှ အဖြစ်မှန်ကို လက်ပံတန်းမြို့ ရဲစခန်းမှာ ကလေးကပြောပြပြီး အခုတော့ ကလေးလည်း သူ့မိဘဆီပြန်ရောက်ပါပြီ။

အခုထိတော့ ဆေးအရှိန်နဲ့ ကလေးက သိပ်ပြီး မူမမှန်သေးပါဘူး။

ကလေးပြောနိုင်တဲ့ အချိန်ကပြောပြအချက်အရတော့ ကားပေါ်မှာ သူနဲ့ရွယ်တူ ၂ဝယောက်လောက် ပါတယ်ပြောပါတယ်။

သူခေါ်နှိုးလို့လည်းမရဘူးပြောပါတယ် ကားပေါ်မှ ကလေးမိဘများလည်း ဒီ post လေးမြင်နိုင်ပါစေ။

ပုံထဲက ကလေးက နန်းထိုက်ရဲ့တူအရင်းလေးပါ…… ကလေးမိဘများ သတိထားနိုင်ဖို့ ဒီ post လေးကို ရေးတင်ရခြင်းပါ။

ကားပေါ်က ကလေးလေးတွေလည်း အန္တရယ်ကင်းပါစေ မိဘတွေနဲ့ပြန်ဆုံတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။

တူလေးကို အိမ်ကိုပြန်ရောက်အောင် ဆက်သွယ်အကြောင်းကြားပေးပါသော သာယာဝတီမှ တာဝန်ရှိသူများနဲ့ တူလေးကို သာယာဝတီအထိ သွားရောက့်ခေါ်ပေးပါသော

လက်ပံတန်းမြို့ ကျွန်းကလေးရဲစခန်းမှ ရဲဘော်လေးကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်ရှင့်…။

Credit – မူရင်းပိုစ့်ပိုင်ရှင်