Funny





 





 



Credit – Blacker

Unicode Version ဖြင့်ဖတ်ရန်

၁၀ တန်းကို ရိုးရိုးပဲအောင်ပြီး အသက်၃၀မပြည့်ခင် သိန်း(၂)သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေး…

၁၀ တန်းကို ၂၄၀ နဲ့ အောင်တော့ ဘာဖြစ်လဲ?

ဘာမှ မဖြစ်ဘူးလေ ၁၀ တန်းကို အမှတ်နည်းနည်းနဲ့ အောင်ပြီး အသက် ၃၀ မပြည့်ခင်မှာပဲ သိန်း ၂ သောင်းလောက် ချမ်းသာနေတဲ့ လူငယ်လေး အကြောင်း မဖတ်ဖူးဘူးလား?

သူ ၁၀ တန်း အောင်တော့ လက်ရှိ ရေပန်းစားနေတဲ့ အသက်မွေးဝမ်းကြောင်းတက္ကသိုလ် တွေကို တက်ဖို့ အမှတ်မမှီခဲ့ဘူး။

သူ့မိဘက အားပေးတယ် “သားလေး၊ ၁၀ တန်း အမှတ်က ဘဝကြီး မဟုတ်ဘူး အမှတ်နည်းလို့ သားလေး အားငယ်စရာ မလိုဘူး ” ဆိုပြီး

သူ့သားလေး အဝေးသင်နဲ့ ကျောင်းပြီး သွားတဲ့ အချိန် အသက် ၂၃ နှစ်လောက်မှာ သိန်း ၃ သောင်း အရင်းအနှီး ထုတ်ပေးလိုက်တယ်။

ခုဆို သူတို့ရဲ့ ချစ်သားလေး ဟာ အသက် ၂၆ နှစ်နဲ့တင် သိန်း ၂ သောင်းတောင် ချမ်းသာနေပါပြီ။

ကုန်သွားတဲ့ သိန်း ၁ သောင်းကတော့ မန်ယူကို ပုံအော လောင်းလိုက်လို့ပါ။

သင်ခန်းစာ “ဘဝမှာ အောင်မြင်ချင်ရင် မိဘတွေကို အလုပ်ကြိုးစားခိုင်းပါ။

Credit – Blacker