နတ်လမ်း ဆိုတဲ့ အဓိပ္ပါယ်
မြန်မာစကားမှာ နတ်လမ်း ဆိုတာ နတ်တွေဖန်ဆင်းပေးတဲ့လမ်းလို့သာ အနက်ရှိတယ်လို့ ထင်ကြရင်တော့ မြန်မာစကား ကောင်းကောင်းမတတ်တဲ့ ဂျိုသားတွေလို့ပဲ ခေါ်ရတော့မလို ဖြစ်နေပြီ။
နတ်လမ်း အခေါ်အဝေါ်ဆိုတာ ဘုရားကိုသွားတဲ့ ဘုရားစောင်းတန်းကလမ်း၊ ဘုန်းကြီးကျောင်းမုဒ်ဦးကနေ ကျောင်းထဲကို ဝင်တဲ့လမ်း၊ ဘုန်းကြီးကျောင်းထဲက ဘုရား၊ သိမ် စတာတွေကိုသွားတဲ့လမ်းတွေကို နတ်လမ်းလို့ ခေါ်ကြတယ်။
မြန်မာနိုင်ငံ ဒေသ အတော်များများမှာ ဘုရားရှိတဲ့ တောင်ပေါ်ကိုတက်တဲ့ စောင်းတန်းတွေ၊ ဘုန်းကြီးကျောင်း မုဒ်ဦးကနေ ကျောင်းထဲ ဝင်တဲ့လမ်းတွေ၊
ကျောင်းထဲမှာ သိမ်ကို သွားတဲ့ လမ်းတွေမှာ ဘေးမှာ ထိုင်ခုံလေးတွေနဲ့၊ အုတ်ခင်းလမ်းနဲ့၊ အမိုးနဲပြုလုပ်ထားလေ့ရှိတယ်။
အဲဒီမှာ အလှူရှင်နာမည်တွေကို ကမ္ဗည်းထိုးရင် ဥပမာ နတ်လမ်းအလှူရှင် ဦးအောင်မြင့်+ဒေါ်မြမြ သား ဘယ်သူဘယ်ဝါကောင်းမှု ဆို ကမ္ဗည်းထိုးတာတောင်ရှိတယ်။
ဥပုဒ်နေ့လို နေ့မျိုးမှာ ကျောင်းပေါ်မှာ ကလေးတွေဆော့ရင် “ဟဲ့ကလေးတွေ နတ်လမ်းထဲသွားဆော့ချေ” လို့ လူကြီးတွေက ငေါက်တာမျိုးရှိတယ်။
မြန်မာဓလေ့ မြန်မာစကားမှာ ဘုရားကိုသွားတဲ့လမ်း၊ ကျောင်း၊ သိမ် ကိုသွားတဲ့ လမ်းတွေကို နတ်လမ်းလို့ ခေါ်ပါတယ်။
နတ်တွေဖန်ဆင်းတာ ဘာညာတွေနဲ့ ဘာမှကို မဆိုင်ဘူး။ မြန်မာဓလေ့ မြန်မာစကားတောင် နားမလည်ပဲ မြန်မာစာတိုးတက်အောင် ခင်ဗျားတို့ ဘယ်လိုတွေ လုပ်ကြမှာတဲ့တုန်း။
နတ္လမ္း ဆိုတဲ့ အဓိပၸါယ္
ျမန္မာစကားမွာ နတ္လမ္း ဆိုတာ နတ္ေတြဖန္ဆင္းေပးတဲ့လမ္းလို႔သာ အနက္ရွိတယ္လို႔ ထင္ၾကရင္ေတာ့ ျမန္မာစကား ေကာင္းေကာင္းမတတ္တဲ့ ဂ်ိဳသားေတြလို႔ပဲ ေခၚရေတာ့မလို ျဖစ္ေနၿပီ။
နတ္လမ္း အေခၚအေဝၚဆိုတာ ဘုရားကိုသြားတဲ့ ဘုရားေစာင္းတန္းကလမ္း၊ ဘုန္းႀကီးေက်ာင္းမုဒ္ဦးကေန ေက်ာင္းထဲကို ဝင္တဲ့လမ္း၊ ဘုန္းႀကီးေက်ာင္းထဲက ဘုရား၊ သိမ္ စတာေတြကိုသြားတဲ့လမ္းေတြကို နတ္လမ္းလို႔ ေခၚၾကတယ္။
ျမန္မာႏိုင္ငံ ေဒသ အေတာ္မ်ားမ်ားမွာ ဘုရားရွိတဲ့ ေတာင္ေပၚကိုတက္တဲ့ ေစာင္းတန္းေတြ၊ ဘုန္းႀကီးေက်ာင္း မုဒ္ဦးကေန ေက်ာင္းထဲ ဝင္တဲ့လမ္းေတြ၊
ေက်ာင္းထဲမွာ သိမ္ကို သြားတဲ့ လမ္းေတြမွာ ေဘးမွာ ထိုင္ခုံေလးေတြနဲ႔၊ အုတ္ခင္းလမ္းနဲ႔၊ အမိုးနဲျပဳလုပ္ထားေလ့ရွိတယ္။
အဲဒီမွာ အလႉရွင္နာမည္ေတြကို ကမၺည္းထိုးရင္ ဥပမာ နတ္လမ္းအလႉရွင္ ဦးေအာင္ျမင့္+ေဒၚျမျမ သား ဘယ္သူဘယ္ဝါေကာင္းမႈ ဆို ကမၺည္းထိုးတာေတာင္ရွိတယ္။
ဥပုဒ္ေန႔လို ေန႔မ်ိဳးမွာ ေက်ာင္းေပၚမွာ ကေလးေတြေဆာ့ရင္ “ဟဲ့ကေလးေတြ နတ္လမ္းထဲသြားေဆာ့ေခ်” လို႔ လူႀကီးေတြက ေငါက္တာမ်ိဳးရွိတယ္။
ျမန္မာဓေလ့ ျမန္မာစကားမွာ ဘုရားကိုသြားတဲ့လမ္း၊ ေက်ာင္း၊ သိမ္ ကိုသြားတဲ့ လမ္းေတြကို နတ္လမ္းလို႔ ေခၚပါတယ္။
နတ္ေတြဖန္ဆင္းတာ ဘာညာေတြနဲ႔ ဘာမွကို မဆိုင္ဘူး။ ျမန္မာဓေလ့ ျမန္မာစကားေတာင္ နားမလည္ပဲ ျမန္မာစာတိုးတက္ေအာင္ ခင္ဗ်ားတို႔ ဘယ္လိုေတြ လုပ္ၾကမွာတဲ့တုန္း။