ယေန႕ဒီပဲယင္းတြင္ ေၾကာက္မက္ဖြယ္ ကိုယ္၀န္ေဆာင္မိခင္အပါ(၅)ေလာင္းျပိဳင္နဲ႕ အႏုၾကမ္းစီးမႈျဖစ္
ဒီပဲယင္းၿမိဳ႕နယ္ သာယာေအးေက်းရြာတြင္ ယေန႔နံနက္အေစာပိုင္းက ကိုယ္ဝန္ေဆာင္မိခင္တစ္ဦးအပါအဝင္
ငါးေလာင္းၿပိဳင္လူသတ္မႈႀကီးတစ္ခုျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွတစ္ဆင့္သိရသည္။
“မနက္အေစာႀကီး ၃ နာရီေလာက္ကျဖစ္တာလို႔ေျပာတယ္၊ မိသားစုေျခာက္ေယာက္ရွိတာ ငါးေယာက္အသတ္ခံရတယ္။
အဲဒီအထဲမွာ ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ တစ္ေယာက္လည္းပါတယ္၊
တစ္ေယာက္ကတျခားေရာက္ေနလို႔လြတ္သြားတယ္ေျပာတယ္” ဟု ဒီပဲယင္းၿမိဳ႕နယ္ေဒသခံတစ္ဦးကေျပာသည္။
လူသတ္မႈျဖစ္ပြားသည့္ အေၾကာင္းအရင္းကို လတ္တေလာမသိရေသးဘဲ၊ အသတ္ခံရသူငါးဦးတြင္ ေသနတ္ က်ည္ဆံဒဏ္ရာမ်ားျဖင့္ေသဆုံးခဲ့သူလည္းရွိေၾကာင္းသိရသည္။
“ရက္ရက္စက္စက္သတ္သြားတာပါ၊ ဓားနဲခုတ္ထားတာလည္းျမင္မေကာင္းဘူး၊ ေသနတ္ဒဏ္ရာလည္းေတြ႕တယ္။
ေခါင္းပြင့္ေသေနတဲ့တစ္ေယာက္ကက်ည္ဆံ ထိထားတာလို႔ေျပာတယ္၊
တစ္ေယာက္ကေတာ့လည္ပင္းညႇစ္ခံရၿပီးေသတယ္ထင္တယ္ လၽွာပါထြက္ေနတယ္။
လူသတ္သမားေတြက ေရႊေငြပစၥည္းေတြလည္းယူသြားတာ ေငြသားခ်ည္းပဲသိန္းရာခ်ီတယ္တဲ့” ဟုလည္း ၎ကေျပာသည္။
ျဖစ္စဥ္ႏွင့္ပတ္သက္၍ ဒီပဲယင္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (Depayin People’s Defence Force)က ေဒသအတြင္းကျပည္သူ႔ကာကြယ္ေရး တပ္ဖြဲ႕မ်ားႏွင့္ပူးေပါင္းၿပီး၊
ျဖစ္စဥ္မွန္ေဖာ္ထုတ္သြားမည္ဟု သတင္းထုတ္ျပန္ထားသည္။
စစ္ကိုင္းတိုင္းေဒသႀကီး ေရႊဘိုခရိုင္ ဒီပဲယင္းၿမိဳ႕နယ္တြင္ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း စက္တင္ဘာလ ၆ ရက္ေန႔ကေညာင္လွေက်းရြာတြင္လည္း ေကာင္း၊
ေအာက္တိုဘာလ ၅ ရက္ေန႔က ဆင္ဝပ္ကုန္းေက်းရြာတြင္လည္းေကာင္း၊ ေအာက္တိုဘာလ ၁၈ ရက္ေန႔ကမက်ည္းေစာက္ေက်းရြာတြင္လည္းေကာင္း၊
ေအာက္တိုဘာလ ၂၆ ရက္ေန႔က စိုင္ျပင္ေက်းရြာတြင္လည္းေကာင္း ႏွစ္ေလာင္းၿပိဳင္လူသတ္မႈတစ္ႀကိမ္စီျဖစ္ခဲ့ေၾကာင္းသိရသည္။
source Mizzima
Unicode Version ျဖင္႔ဖတ္ရန္
ယနေ့ဒီပဲယင်းတွင် ကြောက်မက်ဖွယ် ကိုယ်ဝန်ဆောင်မိခင်အပါ(၅)လောင်းပြိုင်နဲ့ အနုကြမ်းစီးမှုဖြစ်
ဒီပဲယင်းမြို့နယ် သာယာအေးကျေးရွာတွင် ယနေ့နံနက်အစောပိုင်းက ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင်
ငါးလောင်းပြိုင်လူသတ်မှုကြီးတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှတစ်ဆင့်သိရသည်။
“မနက်အစောကြီး ၃ နာရီလောက်ကဖြစ်တာလို့ပြောတယ်၊ မိသားစုခြောက်ယောက်ရှိတာ ငါးယောက်အသတ်ခံရတယ်။
အဲဒီအထဲမှာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ တစ်ယောက်လည်းပါတယ်၊
တစ်ယောက်ကတခြားရောက်နေလို့လွတ်သွားတယ်ပြောတယ်” ဟု ဒီပဲယင်းမြို့နယ်ဒေသခံတစ်ဦးကပြောသည်။
လူသတ်မှုဖြစ်ပွားသည့် အကြောင်းအရင်းကို လတ်တလောမသိရသေးဘဲ၊ အသတ်ခံရသူငါးဦးတွင် သေနတ် ကျည်ဆံဒဏ်ရာများဖြင့်သေဆုံးခဲ့သူလည်းရှိကြောင်းသိရသည်။
“ရက်ရက်စက်စက်သတ်သွားတာပါ၊ ဓားနဲခုတ်ထားတာလည်းမြင်မကောင်းဘူး၊ သေနတ်ဒဏ်ရာလည်းတွေ့တယ်။
ခေါင်းပွင့်သေနေတဲ့တစ်ယောက်ကကျည်ဆံ ထိထားတာလို့ပြောတယ်၊
တစ်ယောက်ကတော့လည်ပင်းညှစ်ခံရပြီးသေတယ်ထင်တယ် လျှာပါထွက်နေတယ်။
လူသတ်သမားတွေက ရွှေငွေပစ္စည်းတွေလည်းယူသွားတာ ငွေသားချည်းပဲသိန်းရာချီတယ်တဲ့” ဟုလည်း ၎င်းကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Depayin People’s Defence Force)က ဒေသအတွင်းကပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့်ပူးပေါင်းပြီး၊
ဖြစ်စဉ်မှန်ဖော်ထုတ်သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း စက်တင်ဘာလ ၆ ရက်နေ့ကညောင်လှကျေးရွာတွင်လည်း ကောင်း၊
အောက်တိုဘာလ ၅ ရက်နေ့က ဆင်ဝပ်ကုန်းကျေးရွာတွင်လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက်နေ့ကမကျည်းစောက်ကျေးရွာတွင်လည်းကောင်း၊
အောက်တိုဘာလ ၂၆ ရက်နေ့က စိုင်ပြင်ကျေးရွာတွင်လည်းကောင်း နှစ်လောင်းပြိုင်လူသတ်မှုတစ်ကြိမ်စီဖြစ်ခဲ့ကြောင်းသိရသည်။
source Mizzima