Healthy

ေခါင္းၿဖီးလိုက္တိုင္း ဆံပင္ေတြ အပုံလိုက္ကြၽတ္လာရင္ စိတ္မညစ္ရေအာင္ျပဳလုပ္ရမယ့္ နည္းလမ္းမ်ား…

ေခါင္းၿဖီးလိုက္တိုင္း ဆံပင္ေတြ အပုံလိုက္ကြၽတ္လာရင္ စိတ္မညစ္ရေအာင္ျပဳလုပ္ရမယ့္ နည္းလမ္းမ်ား…

ေခါင္းၿဖီးလိုက္လို႔ ဆံပင္ေတြကြၽတ္လာရင္စိတ္မညစ္ရေအာင္ေခါင္းၿဖီးလို႔ ဆံပင္ေတြကြၽတ္လာရင္ စိတ္ညစ္ရသလို၊

ဆိုင္မွာေခါင္းသြားေလွ်ာ္ရင္လဲ အစ္မဆံပင္ေတြကြၽတ္တယ္ေနာ္ေျပာရင္ စိတ္ပိုညစ္ရပါတယ္။

အမွတ္မထင္လိုင္းေပၚမွာေတြ႕တဲ့ေဆးနည္းေလးနဲ႕စမ္းလုပ္ၾကည့္တာအဆင္ေျပလို႔ ကိုယ့္လိုစိတ္ညစ္ေနတဲ့သူေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

ၾကက္သြန္နီ ေဆးဘက္ဝင္တာသိေပမဲ့ ၾကက္သြန္နီကိုႀကိတ္ၿပီး ေခါင္းေပၚလိမ္းတဲ့အခါ ၾကက္သြန္စိမ္းနံ႕ေပ်ာက္ဖို႔ ေတာ္ေတာ္ေခါင္းေလွ်ာ္ယူရတာ သိပ္အဆင္မေျပျဖစ္ရပါတယ္။

ဒီနည္းေလးကေတာ့ေတာ္ေတာ္အဆင္ေျပပါတယ္လုပ္နည္းအဆင့္ဆင့္ဆန္ကိုပန္ကန္လုံးေလးနဲ႕တစ္ခြက္ယူပါ

ဆန္ကိုထမင္းခ်က္သလိုပဲႏွစ္ႀကိမ္ေလာက္ဖြဖြေလးေဆးပါေဆးထားတဲ့ဆန္ကို ႏွစ္နာရီေလာက္စိမ္ထားလိုက္ပါေရနည္းနည္းနဲ႕ပဲစိမ္ပါ။

ၾကက္သြန္နီကိုအခြံခြာပါၾကက္သြန္နီကိုရွစ္စိပ္စိပ္လိုက္ပါကြၽန္မကေတာ့ဆန္ပန္းကန္လုံးတစ္ခြက္ဆို ၾကက္သြန္နီႏွစ္လုံးသုံးပါတယ္။

ဆန္နဲ႕ၾကက္သြန္စိပ္ထားတာေရာလိုက္ပါေရနည္းနည္းထပ္ထည့္ေပးပါ။

မီးဖိုေပၚမွာပြက္ပြက္ဆူေအာင္ ေမႊေပးပါ။ဆန္နည္းနည္းေက်တဲ့အထိထားပါ ဆန္ျပဳတ္အဆင့္မေရာက္ပါ။

အဲ့ေလာက္ဆို ေရစစ္ထဲကိုထည့္ၿပီး အရည္ညစ္ယူပါ။ ေရကုန္သြားေအာင္ညွစ္ပါ။ ေရခဲေသတၱာထဲထည့္သိမ္းၿပီး တစ္ပတ္ေလာက္ ထားသုံးလို႔ရပါၿပီ။

ဆန္မွာပါဝင္ေသာအာဟာရဓာတ္မ်ားႏွင့္ၾကက္သြန္နီမွာပါဝင္ေသာဓာတ္မ်ားေၾကာင့္ဆံပင္အတြက္ အက်ိဳးျပဳပါတယ္။ ျပဳတ္ထားတာျဖစ္တဲ့အတြက္ၾကက္သြန္နံ႕လဲမနံ႕ပါဘူး။

ဘာေတြထူးျခားလာလဲဆိုေတာ့ ဆံပင္ကြၽတ္တာ လုံး၀ရပ္သြားၿပီး အၿမဲဦးေရျပားပူေနတတ္တဲ့ ကြၽန္မဦးေခါင္းအေရျပားလဲ သိသိသာသာအပူေလ်ာ့က်လာပါတယ္။

ဆံပင္ကိုသိသိသာသာအားေပးေစပါတယ္ေဘာက္ရွိတဲ့သူမို႔ သံပရာ(သို႔) သံပရိုသီးအရည္ထည့္ပါတယ္။ ေဘာက္လဲတက္တာေလွ်ာ့က်သြားပါတယ္။

ဘယ္လိုအသုံးျပဳရလဲေခါင္းမေလွ်ာ္ခင္ေဆးရည္ကိုယူၿပီးဦးေရျပားအထိလိမ္းပါတယ္။

ဆံံပင္ေပ်ာ့ခ်င္ရင္တေရာ္ကင္ပြန္းထည့္ပါ၊ေဘာက္ေပ်ာက္ရင္ခ်င္ရင္သံပရာသီးအရည္ညွစ္ထည့္ပါ။

ဆံံပင္အေရာင္ေတာက္ခ်င္ရင္သံလြင္ဆီ၊အုန္းဆီတစ္ခုခုကိုထည့္ပါ။ (15) မိနစ္ေလာက္ဦးေရျပားေကာ၊ ဆံပင္ထိပ္ဖ်ားေတြအထိပါ လိမ္းေပးၿပီး ခဏႏွိပ္ေပးရပါတယ္။

ကြၽန္မကေတာ့ Hair Cap နဲ႕ဆယ္မိနစ္ေလာက္အုပ္ၿပီးခဏထားလိုက္ပါတယ္ၿပီးမွ ရွန္ပူအေပ်ာ့စားနဲ႕ေခါင္းေလွ်ာ္ပါတယ္။

ေဘးဥပဒ္မရွိပဲသဘာဝနည္းျဖစ္တာေၾကာင့္မည္သူမဆိုအသုံးတည့္မယ္ယူဆပါတယ္။

May Soe

ခေါင်းဖြီးလိုက်တိုင်း ဆံပင်တွေ အပုံလိုက်ကျွတ်လာရင် စိတ်မညစ်ရအောင်ပြုလုပ်ရမယ့် နည်းလမ်းများ…

ခေါင်းဖြီးလိုက်လို့ ဆံပင်တွေကျွတ်လာရင်စိတ်မညစ်ရအောင်ခေါင်းဖြီးလို့ ဆံပင်တွေကျွတ်လာရင် စိတ်ညစ်ရသလို၊

ဆိုင်မှာခေါင်းသွားလျှော်ရင်လဲ အစ်မဆံပင်တွေကျွတ်တယ်နော်ပြောရင် စိတ်ပိုညစ်ရပါတယ်။

အမှတ်မထင်လိုင်းပေါ်မှာတွေ့တဲ့ဆေးနည်းလေးနဲ့စမ်းလုပ်ကြည့်တာအဆင်ပြေလို့ ကိုယ့်လိုစိတ်ညစ်နေတဲ့သူတွေအတွက် မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီ ဆေးဘက်ဝင်တာသိပေမဲ့ ကြက်သွန်နီကိုကြိတ်ပြီး ခေါင်းပေါ်လိမ်းတဲ့အခါ ကြက်သွန်စိမ်းနံ့ပျောက်ဖို့ တော်တော်ခေါင်းလျှော်ယူရတာ သိပ်အဆင်မပြေဖြစ်ရပါတယ်။

ဒီနည်းလေးကတော့တော်တော်အဆင်ပြေပါတယ်လုပ်နည်းအဆင့်ဆင့်ဆန်ကိုပန်ကန်လုံးလေးနဲ့တစ်ခွက်ယူပါ

ဆန်ကိုထမင်းချက်သလိုပဲနှစ်ကြိမ်လောက်ဖွဖွလေးဆေးပါဆေးထားတဲ့ဆန်ကို နှစ်နာရီလောက်စိမ်ထားလိုက်ပါရေနည်းနည်းနဲ့ပဲစိမ်ပါ။

ကြက်သွန်နီကိုအခွံခွာပါကြက်သွန်နီကိုရှစ်စိပ်စိပ်လိုက်ပါကျွန်မကတော့ဆန်ပန်းကန်လုံးတစ်ခွက်ဆို ကြက်သွန်နီနှစ်လုံးသုံးပါတယ်။

ဆန်နဲ့ကြက်သွန်စိပ်ထားတာရောလိုက်ပါရေနည်းနည်းထပ်ထည့်ပေးပါ။

မီးဖိုပေါ်မှာပွက်ပွက်ဆူအောင် မွှေပေးပါ။ဆန်နည်းနည်းကျေတဲ့အထိထားပါ ဆန်ပြုတ်အဆင့်မရောက်ပါ။

အဲ့လောက်ဆို ရေစစ်ထဲကိုထည့်ပြီး အရည်ညစ်ယူပါ။ ရေကုန်သွားအောင်ညှစ်ပါ။ ရေခဲသေတ္တာထဲထည့်သိမ်းပြီး တစ်ပတ်လောက် ထားသုံးလို့ရပါပြီ။

ဆန်မှာပါဝင်သောအာဟာရဓာတ်များနှင့်ကြက်သွန်နီမှာပါဝင်သောဓာတ်များကြောင့်ဆံပင်အတွက် အကျိုးပြုပါတယ်။ ပြုတ်ထားတာဖြစ်တဲ့အတွက်ကြက်သွန်နံ့လဲမနံ့ပါဘူး။

ဘာတွေထူးခြားလာလဲဆိုတော့ ဆံပင်ကျွတ်တာ လုံးဝရပ်သွားပြီး အမြဲဦးရေပြားပူနေတတ်တဲ့ ကျွန်မဦးခေါင်းအရေပြားလဲ သိသိသာသာအပူလျော့ကျလာပါတယ်။

ဆံပင်ကိုသိသိသာသာအားပေးစေပါတယ်ဘောက်ရှိတဲ့သူမို့ သံပရာ(သို့) သံပရိုသီးအရည်ထည့်ပါတယ်။ ဘောက်လဲတက်တာလျှော့ကျသွားပါတယ်။

ဘယ်လိုအသုံးပြုရလဲခေါင်းမလျှော်ခင်ဆေးရည်ကိုယူပြီးဦးရေပြားအထိလိမ်းပါတယ်။

ဆံပင်ပျော့ချင်ရင်တရော်ကင်ပွန်းထည့်ပါ၊ဘောက်ပျောက်ရင်ချင်ရင်သံပရာသီးအရည်ညှစ်ထည့်ပါ။

ဆံပင်အရောင်တောက်ချင်ရင်သံလွင်ဆီ၊အုန်းဆီတစ်ခုခုကိုထည့်ပါ။ (15) မိနစ်လောက်ဦးရေပြားကော၊ ဆံပင်ထိပ်ဖျားတွေအထိပါ လိမ်းပေးပြီး ခဏနှိပ်ပေးရပါတယ်။

ကျွန်မကတော့ Hair Cap နဲ့ဆယ်မိနစ်လောက်အုပ်ပြီးခဏထားလိုက်ပါတယ်ပြီးမှ ရှန်ပူအပျော့စားနဲ့ခေါင်းလျှော်ပါတယ်။

ဘေးဥပဒ်မရှိပဲသဘာဝနည်းဖြစ်တာကြောင့်မည်သူမဆိုအသုံးတည့်မယ်ယူဆပါတယ်။

May Soe