Htet Paing Oo လက္ခဏာ
09458483702
ခရစ်တစ်
အသက်လမ်းဆုံးက (ငွေဝင်စေတတ်သော) ငါးအမြှီး လက္ခဏာပိုင်ရှင်များ…
ဒီလိုမျိုးအမှတ်အသားပါသူတွေအတွက် လက်ပုံဖြင့်မျှဝေပါတယ်။ ဘယ်ညာကြည့်ရှုစစ်ဆေးကြပါ။
အသက်လမ်းအဆုံးက ငါးအမြှီး
ဝါသနာပါသူတို့အနေနဲ့ဒီလိုပုံပါ အတိုင်းအသက်လမ်းအဆုံးမှာ ငါးအမြှီးသို့မဟုတ်အခွဲလေးပါနေမယ် ဆိုပါက အောက်ကအကျိုးများ ရရှိနိုင်ပါလိမ့်မယ်။
အကောင်းဘက်ပြပေးပါတယ်နိုင်ငံရပ်ဝေးကံကောင်းကြတယ်ရပ်ဝေးမှာအခြေချပြီး နေထိုင်ရတတ်ပါတယ်။
နိုင်ငံခြားကံ ပါသူလို့ပြောရမယ်။ ဒီလိုအမှတ်အသားဟာ ရပ်ဝေးအပိုင်းအကျိုးပြုပါတယ်။ ရပ်ဝေးမှာပိုပြီးအဆင်ပြေအောင်မြင်နိုင်ကြပါတယ်။
လူမျိုးခြား အကျိုးပြုတက်ကြပါတယ်။ အထူးသဖြင့် လူမျိုးခြားတွေနဲ့ အတူတူပူးပေါင်းလုပ်ဆောင်တဲ့ အလုပ်များ ပိုပြီးအားသာပါတယ်။
နောက်တစ်ခုက ခရီးသွားရတာ အပန်းဖြေခရီးမျိုးတွေကို ဝါသနာပါတက်ကြပါတယ်။
မကောင်းတဲ့ဘက်ကတော့ကျန်းမာရေးအပိုင်းဖြစ်ပါတယ်။ နောက်ပြီးဒီလိုလူတွေဟာ ဘဝမှာတစ်ယောက်ထဲလဲ အထီးကျန်ရတက်ပါတယ်။
အဓိက နိုင်ငံရပ်ဝေး ကံပြပါတယ်။ အားသာမှုပေးတက်ပါတယ်။
လက္ခဏာကိုလေ့လာသူများနဲ့ဝါသနာရှင်များအဓိကလေ့လာနိုင်ဖို့အသေးစိတ်မျှဝေချင်ပါ။
စာရှည်သွားရင်လဲ စေတနာမေတ္တာဖြင့်ပါ။
မှတ်ချက် – ဒီလိုအမှတ်အသားမျိုးဖြစ်ဖို့လိုပါတယ်။ လက်ဘယ်ညာကြည့်ပြီး စစ်ဆေးနိုင်ပါတယ်
အသက်လမ်းမကြီးရဲ့အားနည်းမှုအားသာမှုဆိုတာရှိပါသေးတယ်။ ခုနှစ်ရက်သားသမီးများနဲ့ကျေးဇူးရှင်များ ကျန်းမာ၍ချမ်းသာမှုအပေါင်းနဲ့ ပြီးပြည့်စုံအောင်နေထိုင်နိုင်ကြပါစေ။
ကပ်ကြီး သုံးပါးမှလည်း ကျော်လွှားနိုင်ကြပါစေ။ ယုံကြည်တဲ့မိတ်ဆွေများ ကျေးဇူးတင်ပါတယ်။
Htet Paing Oo လက္ခဏာ
09458483702
ခရစ်တစ်