General News






လင်ယောကျာ်း ကလည်း မိန်းမ ရောဂါဖြစ်နေတာကို ကူညီဖေးမမှုမရှိ











crd

ဗွီဒီယိုကြည့်ရန်

ကြည့်ပြီး တကယ်မျက်ရည်ဝဲမိစေတဲ့ သားအမိနှစ်ဦးရဲ့ ဖြစ်ရပ်လေးပါ (ရုပ်သံ)

သံဖြူဇရပ်မြို့၊ အောင်သာယာရပ်ကွက်မှာနေထိုင်တဲ့ မယမင်း (၃၄)နှစ်ဟာ နှလုံး အဆို့ရှင်ပွင့်၊ နှလုံးကြီး တဲ့ရောဂါခံစားနေရတဲ့အတွက်

(၈)နှစ်အရွယ်သမီးလေးက အားကုန်သုံးပြီး အချိန်ပြည့်နီပါး အမေရဲ့ရင်ဘတ်ကို ဖိထားပေးမှ နေထိုင်လို့ အနည်းငယ်သက်သာနေတော့

အမေခံစားနေရတာကို မကြည့်ရက်နိုင်ပဲ လက်ဆစ် ခြေဆစ်တွေအနာခံပြီး မျက်ရည်များ ဖြင့် ဖိထားပေးရှာတယ်။

လင်ယောက်ျား ကလည်း မိန်းမ ရောဂါဖြစ်နေတာကို ကူညီဖေးမမှုမရှိ

(၈)နှစ်အရွယ် သနားစရာသမီးလေး မျက်နှာကိုမထောက်ထားပဲ ရောဂါသည်အမျိုးသမီးနှင့် သမီးလေး ကိုစွန့်ပစ်သွားခဲ့တယ်။

တခြား ခလေးတွေ ပျော်ပျော်ပါးပါး ဆော့ကစားနေချိန် မှာ အမေရဲ့ခံစားနေရတဲ့ ဝေဒနါ သက်သာစေရန် အချိန်ပြည့်နီးပါးဖိထားနေရရှာတယ်။

(၈)နှစ် အရွယ်သမီးလေး ရောဂါသည် မိခင်အတွက်ထမင်းချက်တတ်နေသည်ကို စိတ်ထဲကလိုလိုလေးစား မိနေသည်။

သမီးလေး မှာ မိခင်၏ရင်ဘတ် ကို တနေကုန် အားကုန်ဖိထားရတော့ လက်ဆစ်ခြေဆစ်တွေ ကိုက်လို့

တခါတလေ ဘာကိုမှ မကိုင်နိုင်၊လမ်းလျှေက်ရင်တောင် ခြေချောင်းတွေ နာကျင်နေရရှာတယ်။

နှလုံးအဆို့ရှင် လဲလှည် ခွဲစိတ်ကုသရန် ခွဲစိတ်ကုသစရိတ် အနည်းဆုံး သိန်း(၆၀)ကျပ်ခန့် ကျသင့်နိုင်ကြောင်း သိရှိရပါသည်။

ငွေကြေးနွမ်းပါးတဲ့ ချိုးတဲ့ရောဂါဝေဒနါသည် များအတွက် ဆက်တိုက်အလှူခံနေရတဲ့အတွက် အလှူရှင်များကို အားနာလာသော်လည်း

လူ့အသက်တစ်ချောင်းနှင့်ဆိုင်နေတာရယ် အမေတခု သမီးတခုဘဝကို ကူညီရာရောက်သည့် အတွက် အလှူငွေများ နည်းများမဆို ပါဝင် လှူဒါန်းပေးကြပါရန် အားနာစွာဖြင့် ထပ်မံ့တိုက်တွန်းပါရစေ။

အပြင်လက်တွေ့ မျက်မြင်တွေ့ရှိရသည့် မြင်တွေ့ရမှုက ပိုမိုပြီး သနားဂရုနာသက်ရသည့် အတွက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်း သို့ အလှူငွေများ ထည့်ဝင်လှူဒါန်းပေးထားကြသော

အလှူရှင်(၇)ရက်သားသမီး များ၏ အလှူငွေများ အတွင်း (၁)သိန်းကျပ် မတည်လှူဒါန်းပေးသွားပါမည်။

crd