စုန်းမျိုး အမှတ်အသား ကျောက်ခဲအပေါက်ရှိတဲ့ ကျမရဲ့ အိမ်
ယောမြို့မှာ စုန်းရှိတယ်လို့ ပြောစမှတ်ရှိကြပါတယ် ကျမရဲ့ဇာတိချက်ကြွေ မွေးရပ်မြေ ယောဒေသကအိမ်တွေမှာ တံခါးပေါက် ဝိုင်းပေါက် ၂ ခုဖေါက်ထားတယ်..
တောင်သူ အိမ်တွေမို့ လှည်းဝင်ပေါက် အကြီးတစ်ပေါက် လူဝင်မို့ တံခါးတစ်ဖက်လှပ်တစ်ပေါက် ဖေါက်ထားတယ်..
အဲ့ဒီ တံခါးပေါက်တွေမှာ ကျောက်ခဲပေါက်ကြီး ဆွဲထားတတ်ကြပါတယ်ရှင်..
တစ်နေ့ကျမ အမဲ့ ကို မေးကြည့်ပါတယ် ဘာလုပ်တာလည်း ကျေက်ခဲပေါက်ကအမဲ့ အမေ ကို အမဲ့လို့ခေါ်ပါတယ်
အမဲ့က.. နင်တို့ထက်အရင် အကြီးလေးနှစ်ယောက်သေဘူးတယ် ဘာရောဂါမှမဖြစ်ဘဲ ရုတ်တရက်မဖျားမနာဘဲ မျက်ဖြူလန်ပြီးသေသွားဘူးတယ်
တယောက်က ၇ လ တစ်ယောက်က ၉ လ သူများတွေကတော့ စုန်းကိုက်တယ်ပြောကြတယ်
အဲ့တော့ အဖေ က ရှေးတုန်းက စုန်းမကြီးတစ်ယောက်ရှိသတဲ့ သူကညညဆိုအစားရှာထွက်ပြီး ကိုက်သတဲ့..
မနက်ကြရင် သူ့ သားသမီး မြေး မွေးခြင်းတွေ သေတာတွေ့ရသတဲ့.. သူစိတ်မချမ်းသာဘူးလေ..
ကျောက်ခဲပေါက် လေးတွေ အိမ်လှေခါးအတက်တံခါးမှာ ချိတ်ခိုင်းသတဲ့ သူ့အိမ်သူမှတ်မိပြီး သူ့အမျိုးတွေကို
မစားမိအောင်ဆိုတဲ့သဘောပေါ့.. ပါးစပ်မလုံတဲ့ သူ့အမျိုးတွေက ရွာထဲရှောက်ပြောတာ ကြားခဲ့ကြသတဲ့..
ဒါ့ကြောင့် ငါတို့လည်း မြစ်ချောင်းထဲ ကျောက်ခဲပေါက်သွားရှာပြီးချိတ်ထားတာ.. အဲတော့မှ သားသမီးတွေ မသေဘဲ အဖတ်တင်တော့တယ် ဆိုပါ့လား..
ဒါကြောင့် ယောဒေသအိမ်အချို့ရဲ့ တံခါး၀မှာ ကျောက်ခဲအပေါက်လေးတွေကို ချိတ်ဆွဲထားတတ်ကြတာပေါ့
မကောင်း ဆိုးဝါးရန်က ရှောင်ကွင်းနိုင်တယ်ဆိုတဲ့ အယူအဆမျိုးနဲ့ပါ.
တကယ်တော့ စုန်းမျိုးအတု လုပ်ကြတယ်ဆိုပါတော့ အဲဒီကအစပြုပြီး အိမ်တွေမှာ ချိတ်ထားကြတာပါ..
ဒီနေ့ထိ တချို့အိမ်တွေမှာ ရှိနေတဲ့ ကျောက်ခဲပေါက်လေး ရာဇဝင်လေးပါ..
ဟုတ်ပါတယ် ကျမ က စုန်းမျိုးပါ.. မကိုက်တတ် မပြုစားတတ်ပါဘူးနော်.. စုန်းမျိုး အတု ပါ..
ခောတ်စကားအရ *အင်* ပါ စုန်းအင်ပါရှင် အဲ ကျမအိမ်မှာလည်း ကျောက်ခဲပေါက်လေးရှိပါတယ်..
အေးအေးသွင် (ဂန့်ဂေါ)
စုန္းမ်ိဳး အမွတ္အသား ေက်ာက္ခဲအေပါက္႐ွိတဲ့ က်မရဲ႕ အိမ္
ေယာၿမိဳ႕မွာ စုန္း႐ွိတယ္လို႔ ေျပာစမွတ္႐ွိၾကပါတယ္ က်မရဲ႕ဇာတိခ်က္ေႂကြ ေမြးရပ္ေျမ ေယာေဒသကအိမ္ေတြမွာ တံခါးေပါက္ ဝိုင္းေပါက္ ၂ ခုေဖါက္ထားတယ္..
ေတာင္သူ အိမ္ေတြမို႔ လွည္းဝင္ေပါက္ အႀကီးတစ္ေပါက္ လူဝင္မို႔ တံခါးတစ္ဖက္လွပ္တစ္ေပါက္ ေဖါက္ထားတယ္..
အဲ့ဒီ တံခါးေပါက္ေတြမွာ ေက်ာက္ခဲေပါက္ႀကီး ဆြဲထားတတ္ၾကပါတယ္႐ွင္..
တစ္ေန႔က်မ အမဲ့ ကို ေမးၾကည့္ပါတယ္ ဘာလုပ္တာလည္း ေက်က္ခဲေပါက္ကအမဲ့ အေမ ကို အမဲ့လို႔ေခၚပါတယ္
အမဲ့က.. နင္တို႔ထက္အရင္ အႀကီးေလးႏွစ္ေယာက္ေသဘူးတယ္ ဘာေရာဂါမွမျဖစ္ဘဲ ႐ုတ္တရက္မဖ်ားမနာဘဲ မ်က္ျဖဴလန္ၿပီးေသသြားဘူးတယ္
တေယာက္က ၇ လ တစ္ေယာက္က ၉ လ သူမ်ားေတြကေတာ့ စုန္းကိုက္တယ္ေျပာၾကတယ္
အဲ့ေတာ့ အေဖ က ေ႐ွးတုန္းက စုန္းမႀကီးတစ္ေယာက္႐ွိသတဲ့ သူကညညဆိုအစား႐ွာထြက္ၿပီး ကိုက္သတဲ့..
မနက္ၾကရင္ သူ႕ သားသမီး ေျမး ေမြးျခင္းေတြ ေသတာေတြ႕ရသတဲ့.. သူစိတ္မခ်မ္းသာဘူးေလ..
ေက်ာက္ခဲေပါက္ ေလးေတြ အိမ္ေလွခါးအတက္တံခါးမွာ ခ်ိတ္ခိုင္းသတဲ့ သူ႕အိမ္သူမွတ္မိၿပီး သူ႕အမ်ိဳးေတြကို
မစားမိေအာင္ဆိုတဲ့သေဘာေပါ့.. ပါးစပ္မလုံတဲ့ သူ႕အမ်ိဳးေတြက ႐ြာထဲေ႐ွာက္ေျပာတာ ၾကားခဲ့ၾကသတဲ့..
ဒါ့ေၾကာင့္ ငါတို႔လည္း ျမစ္ေခ်ာင္းထဲ ေက်ာက္ခဲေပါက္သြား႐ွာၿပီးခ်ိတ္ထားတာ.. အဲေတာ့မွ သားသမီးေတြ မေသဘဲ အဖတ္တင္ေတာ့တယ္ ဆိုပါ့လား..
ဒါေၾကာင့္ ေယာေဒသအိမ္အခ်ိဳ႕ရဲ႕ တံခါး၀မွာ ေက်ာက္ခဲအေပါက္ေလးေတြကို ခ်ိတ္ဆြဲထားတတ္ၾကတာေပါ့
မေကာင္း ဆိုးဝါးရန္က ေ႐ွာင္ကြင္းႏိုင္တယ္ဆိုတဲ့ အယူအဆမ်ိဳးနဲ႔ပါ.
တကယ္ေတာ့ စုန္းမ်ိဳးအတု လုပ္ၾကတယ္ဆိုပါေတာ့ အဲဒီကအစျပဳၿပီး အိမ္ေတြမွာ ခ်ိတ္ထားၾကတာပါ..
ဒီေန႔ထိ တခ်ိဳ႕အိမ္ေတြမွာ ႐ွိေနတဲ့ ေက်ာက္ခဲေပါက္ေလး ရာဇဝင္ေလးပါ..
ဟုတ္ပါတယ္ က်မ က စုန္းမ်ိဳးပါ.. မကိုက္တတ္ မျပဳစားတတ္ပါဘူးေနာ္.. စုန္းမ်ိဳး အတု ပါ..
ေခာတ္စကားအရ *အင္* ပါ စုန္းအင္ပါ႐ွင္ အဲ က်မအိမ္မွာလည္း ေက်ာက္ခဲေပါက္ေလး႐ွိပါတယ္..
အးေအးသြင္ (ဂန္႔ေဂါ)