Cele News

လက်ရှိထွက်ပေါ်နေတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ စည်သူဝင်း…

လက်ရှိထွက်ပေါ်နေတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဖြေရှင်းလာတဲ့ စည်သူဝင်း…

ရုပ်ရှင်သရုပ်ဆောင်စည်သူဝင်းဟာ ချစ်သူရှိလျှက်နှင့် သရုပ်ဆောင်ယွန်းယွန်းနဲ့ တွဲနေခဲ့တဲ့ဆိုတဲ့ သတင်းများအပေါ် အခုလိုတုန့်ပြန်လာပါတယ်။

“အခုဖြစ်ပေါ်နေတဲ့ ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ပတ်သတ်ပြီး

ကျွန်တော့ကိုအားပေးနေတဲ့ပရိတ်သတ်တွေ စိတ်အနှောက်အယှက်ဖြစ်သွားရင် အနူးအညွတ်တောင်းပန်ပါတယ်🙏🙏🙏

ကဲ ကိုလည်း အပြင်ကတောင်းပန်တာလက်မခံတဲ့အတွက် ဒီကနေဘဲတောင်းပန်ပါတယ် မှားခဲ့ပါတယ် စိတ်ဒဏ်ရာရအောင်လုပ်မိခဲ့ပါတယ်

ကဲနဲ့အဆင်မပြေတဲ့အချိန်မှာ ဒီလိုကိစ္စတွေဖြစ်ခဲ့ပြီး ရပ်သင့်တဲ့အချိန်မှာ မရပ်နိုင်ခဲ့တာလည်းကို့အမှားတွေပါဘဲ

ပြီးတော့ကဲကိုလိုက်နှောက်ယှက်နေတာမဟုတ်ပါဘူး တောင်းပန်စကားပြောချင်တာပါ ကို့အပစ်အတွက်ပေးဆပ်ဖို့လည်းအသင့်ပါဘဲ🙏🙏🙏

ဒီကိစ္စမှာပါဝင်နေတဲ့တစ်ဖက် မိန်းကလေးကိုလည်းတကယ်အားနာပါတယ်

အားလုံးကကျွန်တော့အပစ်ကျွန်တော့အမှားပါ အားလုံးကိုလည်းတောင်းပန်ပါတယ်🙏🙏🙏

အခုဖြစ်သွားတဲ့ကိစ္စတွေကကျွန်တော်ဘက်ကအမှားမလုပ်ဖူးဆို ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့်

နောက်ထပ်ဒီလိုကိစ္စလည်းထပ်ဖြစ်စရာမရှိလောက်အောင်နောင်တလည်းရနေပါပြီ🥺

ပြီးတော့ဒီလိုနိုင်ငံရေးအခြေနေအဆင်မပြေတဲ့ကြားက ကျွန်တော့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်

စိတ်အနှောက်အယှက်ဖြစ်ရတဲ့သူတစ်ယောက်ခြင်းစီကိုလည်းတောင်းပန်ပါတယ်🙏” ဆိုပြီး သူ့FBအကောင့်မှာ ရေးသားလာပါတယ်။

ှSource – Si Thu Win Fb



“အခုဖွဈပေါျနတေဲ့ ကြှနျတော့ရဲ့ကိုယျရေးကိုယျတာ ကိစ်စတှနေဲ့ပတျသတျပွီး










