ဒီပဲယင္းကို စစ္တပ္က ရဟတ္ယာဥ္ ၅ စင္းျဖင့္ပစ္ခတ္တိုက္ခိုက္ေနတဲ႔ (႐ုပ္သံ)
ဒီပဲယင္းနယ္ကို စစ္တပ္က ရဟတ္ယာဥ္ ၅ စင္းျဖင့္တိုက္၊ ကာကြယ္ေရးတပ္သား ၁ ဦးက်ဆုံး
စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္၌ စစ္ေကာင္စီတပ္က စစ္ရဟတ္ယာဥ္ ငါးစင္း အသုံးျပဳ ပစ္ခတ္တိုက္ခိုက္ခဲ့ရာ
ျပည္သူ႕ကာကြယ္ေရး တပ္သား တစ္ဦး က်ဆုံးသြားေၾကာင္း ေဒသခံ ႐ြာသားမ်ားထံက သိရသည္။
ရုပ္သံကို ေအာက္နားတြင္ေဖာ္ျပထားပါသည္။
ယမန္ေန႔ ႏိုဝင္ဘာလ ၂၇ ရက္ ညေန ၄ နာရီတြင္ ဒီပဲယင္းၿမိဳ႕နယ္ အေ႐ွ႕ျခမ္း မူးျမစ္အနီး႐ွိ သစ္တုံ ေက်း႐ြာႏွင့္ ဆည္ႀကီး႐ြာတို႔ကို
စစ္ရဟတ္ယာဥ္မ်ားျဖင့္ ပစ္ခတ္မႈမ်ား ျပဳလုပ္ခဲ့ျခင္း ျဖစ္သည္။
“ေလာေလာဆည္ေတာ့ ကိုဟိန္းမင္းထြန္း ဆုံးတယ္ဆိုတာ အတည္ျပဳလို႔ ရပါၿပီ။
ဘယ္ေနရာေတြ ေသနတ္မွန္တယ္ ဆိုတာကိုေတာ့ အေသးစိတ္ မသိရေသးပါဘူး” ဟု ႐ြာသားတစ္ဦးက ေျပာသည္။
ပစ္ခတ္မႈေၾကာင့္ သစ္တုံေက်း႐ြာမွ ျပည္သူ႕ကာကြယ္ေရး တပ္သားျဖစ္သူ အသက္ ၂၆ ႏွစ္အ႐ြယ္ ကိုဟိန္းမင္းထြန္း ေသနတ္မွန္ကာ
က်ဆုံးသြားေၾကာင္း ၎က အတည္ျပဳ ေျပာဆိုသည္။
“သူတို႔ ရဟတ္ယာဥ္ငါးစင္းက ႐ြာေပၚမွာ ဝဲလာတယ္ၿပီးေတာ့ တစ္စင္းက သူတို႔ဆင္းမယ့္ ေနရာေတြကို ေဘာက္ကုန္ထိ ပစ္ၾကတယ္
(က်ည္ ၅၀ ပါ MA- 15 စက္ေသနတ္ျဖင့္ ဆက္တိုက္ ပစ္ခတ္ျခင္း)။ ၿပီးေတာ့ ေညာင္လွ႐ြာ ဝန္းက်င္မွာ ဆင္းၾကတယ္။
တစ္ေနရာမွာ ဆိုရင္ ဗုံးသီးနဲ႔ပါ ပစ္တယ္” ဟု ပစ္ခတ္မႈ ျဖစ္စဥ္ကို ဒီပဲယင္း အေ႐ွ႕ျခမ္း ျပည္သူ႕ကာကြယ္ေရး တပ္ဖြဲ႕ တာဝန္႐ွိသူ တစ္ဦးက ေျပာျပသည္။
ရဟတ္ယာဥ္မ်ား ဆင္းေသာ ေညာင္လွ႐ြာသည္ ယခု ပစ္ခတ္ခံရသည့္ ႐ြာမ်ားႏွင့္ ကပ္လ်က္ တည္႐ွိသည္။
ရဟတ္ယာဥ္မ်ားႏွင့္ အတူ စစ္ေကာင္စီတပ္သားမ်ား ဆင္းလာကာ ငါးမိနစ္ဝန္းက်င္အတြင္း ေလးစင္း ျပန္လည္ ထြက္ခြာသြားေၾကာင္း ၊
ရဟတ္ယာဥ္ တစ္စင္းမွာမူ ေက်း႐ြာေပၚတြင္ ၁၅ မိနစ္ခန္႔ ဝဲပ်ံၿပီးမွ ျပန္ထြက္ခြာသြားေၾကာင္း ေက်း႐ြာေဒသခံမ်ားထံက သိရသည္။
စစ္ရဟတ္ယာဥ္မ်ား ႐ုတ္တရက္ ေရာက္လာသည့္အတြက္ ႐ြာတြင္ ႐ွိေနသည့္ ျပည္သူမ်ား ထြက္ေျပး တိမ္းေ႐ွာင္ႏိုင္ျခင္း မ႐ွိဘဲ ေနအိမ္မ်ားထဲတြင္သာ ပုန္းခိုေနၾကရသည္။
“႐ြာအနီးအနားကို သူတို႔တပ္ေတြက ပိတ္ၿပီး ဆင္းလာသလိုမ်ိဳး လုပ္တာဆိုေတာ့ ႐ြာသားေတြလည္း ထြက္မေျပး တတ္ေတာ့ဘူးေလ။ ခုထိ
ေတာ့ ပိတ္မိေနတဲ့သေဘာပါ” ဟု ျပည္သူ႕ ကာကြယ္ေရးတပ္ဖြဲ႕ တာဝန္႐ွိသူ တစ္ဦးကေျပာသည္။
စစ္ေကာင္စီ တပ္ဘက္က အဆိုပါ ရဟတ္ယာဥ္မ်ားျဖင့္ ပစ္ခတ္ျခင္းေၾကာင့္ ေက်း႐ြာသား ၁၈ ဦး ေသဆုံးသည္ဟု
ယမန္ေန႔ ညပိုင္းက သတင္းမ်ား ပ်ံ႕ႏွံ႔ခဲ့ေသာ္လည္း ထိုသတင္းမ်ား မွားယြင္းေၾကာင္း ျပည္သူ႕ကာကြယ္ေရး တပ္ဘက္က အတည္ျပဳသည္။
“အဲ့ဒီသတင္းကေတာ့ သတင္းအမွားပါ။ မျဖစ္ႏိုင္ဘူး။
ဒါေပမဲ့ ေညာင္လွ႐ြာေဘးက သစ္တုံ႐ြာသား ကာကြယ္ေရး တပ္သား တစ္ဦးေတာ့က်တယ္ ဆိုတာပဲ သတင္းရတယ္” ဟု ၎က ေျပာသည္။
ယေန႔ ႏိုဝင္ဘာလ ၂၈ ရက္ နံနက္ပိုင္း ၈ နာရီခန္႔တြင္လည္း အဆိုပါ စစ္သားမ်ား ႐ွိေနသည့္ အနီးဝန္းက်င္မွ ေသနတ္သံႏွင့္ မိုင္းခြဲသံမ်ား
ၾကားေနရေၾကာင္း ေဒသခံက ေျပာသည္။
ယခု ပစ္ခတ္မႈမ်ား ျဖစ္ပြားေသာ ႐ြာမ်ားႏွင့္ အနီး႐ွိ ဆည္ႀကီး႐ြာ၌ တပ္စြဲထားသည့္ စစ္အင္အား ၄၀ ေက်ာ္႐ွိ စစ္ေကာင္စီတပ္ႏွင့္ ျပည္သူ႕
ကာကြယ္ေရး တပ္ဖြဲ႕တို႔ ၿပီးခဲ့သည့္ ႏိုဝင္ဘာလ ၂၆ ရက္ေန႔တြင္ ထိေတြ႕မႈ ျဖစ္ခဲ့သည္။
“စစ္ေကာင္စီတပ္ေတြကလည္း သူတို႔ တပ္စြဲတဲ့ ႐ြာကေန ထြက္လာၾကတာ။
ကြၽန္ေတာ္တို႔ တပ္ဖြဲ႕ေတြနဲ႔ ထိေတြ႕မႈ ျဖစ္ခါနီးေလး သူတို႔အင္အား နည္းလို႔နဲ႔ တူတယ္ ေနာက္ကို ဆုတ္သြားၾကတယ္။
ကြၽန္ေတာ္ ထင္တာေတာ့ သူတို႔ စစ္ကူေတာင္းလိုက္တဲ့အတြက္ ခုလို ရဟတ္ယာဥ္နဲ႔ လာပစ္တာေတြ၊ စစ္ကူပို႔တာေတြ လုပ္တာျဖစ္မယ္” ဟု
ျပည္သူ႕ကာကြယ္ေရး တပ္အဖြဲ႕ဝင္ တစ္ဦးက ေျပာသည္။
စစ္ေကာင္စီတပ္မ်ား၏ ေလေၾကာင္းပစ္ခတ္မႈမ်ား ႐ွိေနသည့္အတြက္ ျပည္သူမ်ား လိုက္နာရန္ အခ်က္ ငါးခ်က္ကို
ဒီပဲယင္း ျပည္သူ႕ ကာကြယ္ေရးတပ္က ယေန႔ ႏိုဝင္ဘာ ၂၈ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။
ထိုအခ်က္မ်ားမွာ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ၾကဳံေတြ႕ေနခ်ိန္ ျပည္သူမ်ားအခ်င္းခ်င္း အေဆာက္အအုံ၊ အမိုးအကာ ေအာက္သို႔ ဝင္ေရာက္ ခိုလႈံခြင့္ျပဳၾကပါရန္ႏွင့္
ေက်း႐ြာမ်ားကို စြန္႔ခြာထြက္ေျပးေနရသူမ်ား လယ္ကြင္းမ်ားထဲတြင္ အစုလိုက္ ေနထိုင္ျခင္းမ်ားကို ေ႐ွာင္႐ွားၾကပါရန္ တို႔ျဖစ္သည္။
ထို႔အျပင္ ေဒသအလိုက္ ကာကြယ္ေရးအဖြဲ႕မ်ားက စီမံေဆာင္႐ြက္ေပးေသာ ေနရာမ်ား၊ ေက်း႐ြာမ်ားအတြင္း ေနထိုင္ၾကပါရန္၊
ျပည္သူမ်ား ဆုတ္ခြာရာ လမ္းေၾကာင္းမ်ားတြင္ ကာကြယ္ေရးအဖြဲ႕မ်ား ေထာင္ထားေသာ မိုင္းကြင္းမ်ား ႐ွိပါသျဖင့္
ကာကြယ္ေရးအဖြဲ႕မ်ား ခြင့္ျပဳေပးေသာ လမ္းမ်ားကိုသာအသုံးျပဳ သြားၾကရန္ႏွင့္
အၾကမ္းဖက္ စစ္ေကာင္မ်ား အမ်ားအျပား (မိုးကာအုပ္ကားမ်ားျဖင့္) ဝင္ေရာက္ေနပါသျဖင့္ ျပည္သူျပည္သား ကားပိုင္႐ွင္မ်ား အေနျဖင့္
မိုးကာအုပ္ ေမာင္းႏွင္ျခင္းလုံး ဝ (လုံးဝ) မျပဳၾကပါရန္ တို႔ ထုတ္ျပန္ခ်က္တြင္ ပါဝင္သည္။
Source – Mizzima
ဒီပဲယင်းကို စစ်တပ်က ရဟတ်ယာဉ် ၅ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်နေတဲ့ (ရုပ်သံ)
ဒီပဲယင်းနယ်ကို စစ်တပ်က ရဟတ်ယာဉ် ၅ စင်းဖြင့်တိုက်၊ ကာကွယ်ရေးတပ်သား ၁ ဦးကျဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၌ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ် ငါးစင်း အသုံးပြု ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
ပြည်သူ့ကာကွယ်ရေး တပ်သား တစ်ဦး ကျဆုံးသွားကြောင်း ဒေသခံ ရွာသားများထံက သိရသည်။
ရုပ်သံကို အောက်နားတွင်ဖော်ပြထားပါသည်။
ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက် ညနေ ၄ နာရီတွင် ဒီပဲယင်းမြို့နယ် အရှေ့ခြမ်း မူးမြစ်အနီးရှိ သစ်တုံ ကျေးရွာနှင့် ဆည်ကြီးရွာတို့ကို
စစ်ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
“လောလောဆည်တော့ ကိုဟိန်းမင်းထွန်း ဆုံးတယ်ဆိုတာ အတည်ပြုလို့ ရပါပြီ။
ဘယ်နေရာတွေ သေနတ်မှန်တယ် ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး” ဟု ရွာသားတစ်ဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် သစ်တုံကျေးရွာမှ ပြည်သူ့ကာကွယ်ရေး တပ်သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုဟိန်းမင်းထွန်း သေနတ်မှန်ကာ
ကျဆုံးသွားကြောင်း ၎င်းက အတည်ပြု ပြောဆိုသည်။
“သူတို့ ရဟတ်ယာဉ်ငါးစင်းက ရွာပေါ်မှာ ဝဲလာတယ်ပြီးတော့ တစ်စင်းက သူတို့ဆင်းမယ့် နေရာတွေကို ဘောက်ကုန်ထိ ပစ်ကြတယ်
(ကျည် ၅၀ ပါ MA- 15 စက်သေနတ်ဖြင့် ဆက်တိုက် ပစ်ခတ်ခြင်း)။ ပြီးတော့ ညောင်လှရွာ ဝန်းကျင်မှာ ဆင်းကြတယ်။
တစ်နေရာမှာ ဆိုရင် ဗုံးသီးနဲ့ပါ ပစ်တယ်” ဟု ပစ်ခတ်မှု ဖြစ်စဉ်ကို ဒီပဲယင်း အရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။
ရဟတ်ယာဉ်များ ဆင်းသော ညောင်လှရွာသည် ယခု ပစ်ခတ်ခံရသည့် ရွာများနှင့် ကပ်လျက် တည်ရှိသည်။
ရဟတ်ယာဉ်များနှင့် အတူ စစ်ကောင်စီတပ်သားများ ဆင်းလာကာ ငါးမိနစ်ဝန်းကျင်အတွင်း လေးစင်း ပြန်လည် ထွက်ခွာသွားကြောင်း ၊
ရဟတ်ယာဉ် တစ်စင်းမှာမူ ကျေးရွာပေါ်တွင် ၁၅ မိနစ်ခန့် ဝဲပျံပြီးမှ ပြန်ထွက်ခွာသွားကြောင်း ကျေးရွာဒေသခံများထံက သိရသည်။
စစ်ရဟတ်ယာဉ်များ ရုတ်တရက် ရောက်လာသည့်အတွက် ရွာတွင် ရှိနေသည့် ပြည်သူများ ထွက်ပြေး တိမ်းရှောင်နိုင်ခြင်း မရှိဘဲ နေအိမ်များထဲတွင်သာ ပုန်းခိုနေကြရသည်။
“ရွာအနီးအနားကို သူတို့တပ်တွေက ပိတ်ပြီး ဆင်းလာသလိုမျိုး လုပ်တာဆိုတော့ ရွာသားတွေလည်း ထွက်မပြေး တတ်တော့ဘူးလေ။ ခုထိ
တော့ ပိတ်မိနေတဲ့သဘောပါ” ဟု ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။
စစ်ကောင်စီ တပ်ဘက်က အဆိုပါ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာသား ၁၈ ဦး သေဆုံးသည်ဟု
ယမန်နေ့ ညပိုင်းက သတင်းများ ပျံ့နှံ့ခဲ့သော်လည်း ထိုသတင်းများ မှားယွင်းကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဘက်က အတည်ပြုသည်။
“အဲ့ဒီသတင်းကတော့ သတင်းအမှားပါ။ မဖြစ်နိုင်ဘူး။
ဒါပေမဲ့ ညောင်လှရွာဘေးက သစ်တုံရွာသား ကာကွယ်ရေး တပ်သား တစ်ဦးတော့ကျတယ် ဆိုတာပဲ သတင်းရတယ်” ဟု ၎င်းက ပြောသည်။
ယနေ့ နိုဝင်ဘာလ ၂၈ ရက် နံနက်ပိုင်း ၈ နာရီခန့်တွင်လည်း အဆိုပါ စစ်သားများ ရှိနေသည့် အနီးဝန်းကျင်မှ သေနတ်သံနှင့် မိုင်းခွဲသံများ
ကြားနေရကြောင်း ဒေသခံက ပြောသည်။
ယခု ပစ်ခတ်မှုများ ဖြစ်ပွားသော ရွာများနှင့် အနီးရှိ ဆည်ကြီးရွာ၌ တပ်စွဲထားသည့် စစ်အင်အား ၄၀ ကျော်ရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့
ကာကွယ်ရေး တပ်ဖွဲ့တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ထိတွေ့မှု ဖြစ်ခဲ့သည်။
“စစ်ကောင်စီတပ်တွေကလည်း သူတို့ တပ်စွဲတဲ့ ရွာကနေ ထွက်လာကြတာ။
ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်ခါနီးလေး သူတို့အင်အား နည်းလို့နဲ့ တူတယ် နောက်ကို ဆုတ်သွားကြတယ်။
ကျွန်တော် ထင်တာတော့ သူတို့ စစ်ကူတောင်းလိုက်တဲ့အတွက် ခုလို ရဟတ်ယာဉ်နဲ့ လာပစ်တာတွေ၊ စစ်ကူပို့တာတွေ လုပ်တာဖြစ်မယ်” ဟု
ပြည်သူ့ကာကွယ်ရေး တပ်အဖွဲ့ဝင် တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်များ၏ လေကြောင်းပစ်ခတ်မှုများ ရှိနေသည့်အတွက် ပြည်သူများ လိုက်နာရန် အချက် ငါးချက်ကို
ဒီပဲယင်း ပြည်သူ့ ကာကွယ်ရေးတပ်က ယနေ့ နိုဝင်ဘာ ၂၈ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ထိုအချက်များမှာ လေကြောင်းတိုက်ခိုက်မှုများ ကြုံတွေ့နေချိန် ပြည်သူများအချင်းချင်း အဆောက်အအုံ၊ အမိုးအကာ အောက်သို့ ဝင်ရောက် ခိုလှုံခွင့်ပြုကြပါရန်နှင့်
ကျေးရွာများကို စွန့်ခွာထွက်ပြေးနေရသူများ လယ်ကွင်းများထဲတွင် အစုလိုက် နေထိုင်ခြင်းများကို ရှောင်ရှားကြပါရန် တို့ဖြစ်သည်။
ထို့အပြင် ဒေသအလိုက် ကာကွယ်ရေးအဖွဲ့များက စီမံဆောင်ရွက်ပေးသော နေရာများ၊ ကျေးရွာများအတွင်း နေထိုင်ကြပါရန်၊
ပြည်သူများ ဆုတ်ခွာရာ လမ်းကြောင်းများတွင် ကာကွယ်ရေးအဖွဲ့များ ထောင်ထားသော မိုင်းကွင်းများ ရှိပါသဖြင့်
ကာကွယ်ရေးအဖွဲ့များ ခွင့်ပြုပေးသော လမ်းများကိုသာအသုံးပြု သွားကြရန်နှင့်
အကြမ်းဖက် စစ်ကောင်များ အများအပြား (မိုးကာအုပ်ကားများဖြင့်) ဝင်ရောက်နေပါသဖြင့် ပြည်သူပြည်သား ကားပိုင်ရှင်များ အနေဖြင့်
မိုးကာအုပ် မောင်းနှင်ခြင်းလုံး ဝ (လုံးဝ) မပြုကြပါရန် တို့ ထုတ်ပြန်ချက်တွင် ပါဝင်သည်။
Source – Mizzima