ကြားသိရသမျှ















Unicode Version

မနက်ဖြန်(၃၀ နိုဝင်ဘာ) ရန်ကုန် ၅ မြို့နယ်မီးပျက်မည်…

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း

မနက်ဖြန် (၃၀ နိုဝင်ဘာ) ရန်ကုန် ၅ မြို့နယ် မီးပျက်မည်။

ရန်ကုန်တိုင်းဒေသကြီး၊ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့်

မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ရန်ကုန်

အနောက်ပိုင်းခရိုင်အတွင်း 33kV ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသောသစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊

ရန်ကုန်တောင်ပိုင်းခရိုင်နှင့်ရန်ကုန်မြောက် ပိုင်းခရိုင်အတွင်း ဓာတ်အားလိုင်း အသစ်များတည်ဆောက်ခြင်းကို

(၃၀.၁၁.၂၀၂၁) ရက်နေ့၊ ( အင်္ဂါနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်

ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ၊ မရမ်းကုန်း၊ လှိုင်၊ လှည်းကူး၊ သုံးခွမြို့နယ်များအတွင်း

ယာယီ ဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းနှင့်

အရေးကြီးနေရာများ ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား စီစဉ်ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း

မိဘပြည်သူများထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း