မႏၲေလး ၿမိဳ႕လယ္ေခါင္ရွိ ဆရာဝန္အိမ္ အႏုၾကမ္းစီးခံရ…
မႏၲေလးၿမိဳ႕လယ္ေခါင္ရွိ ေနအိမ္တစ္အိမ္ ယေန႔နံနက္ပိုင္းက အႏုၾကမ္းစီးခံရၿပီး အိမ္ရွင္ျဖစ္သူ ဓားထိုးခံရသည့္ ျဖစ္စဥ္ ျဖစ္ပြားခဲ့သည္။
ခ်မ္းေအးသာစံၿမိဳ႕နယ္ ၃၁ လမ္း၊ ၇၄ လမ္းႏွင့္ ၇၅ လမ္းၾကားရွိ ဆရာဝန္တစ္ဦး၏
ေနအိမ္ အႏုၾကမ္းစီးခံရျခင္းျဖစ္ၿပီး ၎အားတပည့္ျဖစ္သူက အႏုၾကမ္းစီးၿပီးဓားျဖင့္ ထိုးသြားေၾကာင္းသိရသည္။
“ဆရာကအိမ္ထဲရွိေနခ်ိန္မွာ သူ႔တပည့္က ပစၥည္းလုယက္တာပါ၊ ေျမစာခ်ဳပ္ကိုလည္း အတင္းလက္မွတ္ထိုးခိုင္းတယ္၊
ေနာက္ေတာ့ ဓားနဲ႔လည္းထိုးတယ္၊ ဆရာက ပတ္ဝန္းက်င္ကိုေအာ္ဟစ္ အကူအညီေတာင္းနိုင္လို႔ အိမ္နီးခ်င္းေတြက ဝင္ဖမ္းတယ္၊
အဲေကာင္ကိုဖမ္းမိတယ္၊ ဆရာ့ကိုေတာ့ ေဆး႐ုံပို႔ထားရတယ္”ဟု အခင္းျဖစ္ေနအိမ္ မိသားစုႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။
ယေန႔နံနက္ ၁၁ နာရီခြဲဝန္းက်င္က ဆရာဝန္တစ္ဦးတည္း ေနအိမ္အတြင္းရွိေနစဥ္၊ တပည့္ျဖစ္သူ ေရာက္လာၿပီး အႏုၾကမ္းစီးလုယက္ကာ ဓားျဖင့္ပါထိုးသြားျခင္းျဖစ္ေၾကာင္း၊
ဓားထိုးခံရသည့္ ဆရာဝန္သည္ စိုးရိမ္ဒဏ္ရာ ရရွိထားေၾကာင္းလည္း မိသားစုႏွင့္ နီးစပ္သူမ်ားကေျပာသည္။
လြတ္လပ္တဲ့ မီဒီယာအျဖစ္ ရပ္တည္နိုင္ေရး မဇၩိမကို ဝိုင္းဝန္းကူညီေပးဖို႔ ဖိတ္ေခၚပါတယ္။
သင္ရဲ့ ကူညီမႈကို ေအာက္ပါလင့္ကို ႏွိပ္ၿပီး လုပ္ေဆာင္နိုင္ပါတယ္။
Credit
Unicode Version ျဖင္႔ဖတ္ရန္
မန္တလေး မြို့လယ်ခေါင်ရှိ ဆရာဝန်အိမ် အနုကြမ်းစီးခံရ…
မန္တလေးမြို့လယ်ခေါင်ရှိ နေအိမ်တစ်အိမ် ယနေ့နံနက်ပိုင်းက အနုကြမ်းစီးခံရပြီး အိမ်ရှင်ဖြစ်သူ ဓားထိုးခံရသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ၃၁ လမ်း၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြားရှိ ဆရာဝန်တစ်ဦး၏
နေအိမ် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး ၎င်းအားတပည့်ဖြစ်သူက အနုကြမ်းစီးပြီးဓားဖြင့် ထိုးသွားကြောင်းသိရသည်။
“ဆရာကအိမ်ထဲရှိနေချိန်မှာ သူ့တပည့်က ပစ္စည်းလုယက်တာပါ၊ မြေစာချုပ်ကိုလည်း အတင်းလက်မှတ်ထိုးခိုင်းတယ်၊
နောက်တော့ ဓားနဲ့လည်းထိုးတယ်၊ ဆရာက ပတ်ဝန်းကျင်ကိုအော်ဟစ် အကူအညီတောင်းနိုင်လို့ အိမ်နီးချင်းတွေက ဝင်ဖမ်းတယ်၊
အဲကောင်ကိုဖမ်းမိတယ်၊ ဆရာ့ကိုတော့ ဆေးရုံပို့ထားရတယ်”ဟု အခင်းဖြစ်နေအိမ် မိသားစုနှင့် နီးစပ်သူတစ်ဦးကပြောသည်။
ယနေ့နံနက် ၁၁ နာရီခွဲဝန်းကျင်က ဆရာဝန်တစ်ဦးတည်း နေအိမ်အတွင်းရှိနေစဉ်၊ တပည့်ဖြစ်သူ ရောက်လာပြီး အနုကြမ်းစီးလုယက်ကာ ဓားဖြင့်ပါထိုးသွားခြင်းဖြစ်ကြောင်း၊
ဓားထိုးခံရသည့် ဆရာဝန်သည် စိုးရိမ်ဒဏ်ရာ ရရှိထားကြောင်းလည်း မိသားစုနှင့် နီးစပ်သူများကပြောသည်။
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။
Credit