ႏွစ္ဦးသား ခ်စ္မိၿပီဆိုရင္ အမ်ိဳးသားေတြလိုခ်င္တဲ့ အရာ(၆)ခု…
အစပိုင္းမွာ မသိသာေပမဲ့ ေနာက္ပိုင္းမွာေတာ့ ဒီအရာေတြ မရတာေၾကာင့္ ျပႆနာ ျဖစ္လာႏိုင္ပါတယ္။
ႏွစ္ဦးသားခ်စ္မိၿပီဆိုရင္ အမ်ိဳးသား ေတြ လက္တြဲေဖာ္ ဆီက ေမွ်ာ္လင့္တဲ့အရာမ်ိဳးေတြ ႐ွိပါတယ္။
စစတြဲခ်င္းမွာ ဒီအရာေတြမရလို႔ ဘာမွ မျဖစ္ေပမဲ့ အခ်ိန္ၾကာလာရင္ေတာ့ ျပႆနာ ႐ွိလာႏိုင္ပါတယ္။
တစ္ေယာက္နဲ႔ တစ္ေယာက္မေဝးႏိုင္တဲ့အခါ ႏွစ္ဦးသား ျပႆနာ က တအုံ႔ေႏြးေႏြး ျဖစ္ေနတတ္ပါတယ္။
ဒီ့အတြက္ ေယဘုယ်အားျဖင့္ ေယာက်ာ္း တစ္ေယာက္ ေမွ်ာ္လင့္တတ္တာေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေလးစားမႈ
ေလးစားမႈ နဲ႔ လူ အထင္ႀကီးခံခ်င္တာမ်ိဳးမဟုတ္ပါဘူး။
အမ်ိဳးသား ေတြဟာ သူတို႔လက္တြဲေဖာ္ က ေလးစားတဲ့အျပဳအမူမ်ိဳးျပတဲ့အခါအဆိုပါ ေလးစားမႈကို ေလးနက္တဲ့အခ်စ္အျဖစ္ မွတ္ယူေလ့႐ွိၾကတာ ျဖစ္ပါတယ္။
ဒီလိုေလးစားမႈ မျပႏိုင္ရင္ေတာင္ သူတို႔အေလးအနက္ထားတဲ့အရာေတြ၊ သူတို႔ေန႔စဥ္ပတ္သက္ေနတဲ့ အရာေတြကို အထင္ေသးတဲ့ အျပဳအမူ မ်ိဳး မျပပါနဲ႔။
ဒီ အျပဳအမူ ေတြဟာ စခ်စ္တဲ့အခ်ိန္ေတြမွာ မသိသာေပမဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ဒုကၡ ေပးလာပါလိမ့္မယ္။
(၂) ခ်ီးက်ဴးမႈ
ပါးစပ္ ကေန ေတာ္တယ္၊ တတ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုတာမ်ိဳး မဟုတ္ပါဘူး။
သူတို႔လုပ္ရပ္ေၾကာင့္ သင္ေပ်ာ္႐ႊင္ရတယ္ သင္ႏွစ္သက္ သေဘာက် ရတယ္ဆိုတာမ်ိဳး သူ႕ဘက္က သိ႐ုံပါပဲ။
႐ုပ္ပိုင္းဆိုင္ရာေတြထက္ ညဏပိုင္းဆိုင္ရာကိစၥေတြမွာ ပိုမို အေလးေပး ဂ႐ုျပဳသင့္ပါတယ္။
(၃) စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈ
ႏွစ္ေတြၾကာလာတာနဲ႔ စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈ ကို လိုခ်င္ပါတယ္။
စိတ္ပိုင္းဆိုင္ရာ ရင္းႏွီးမႈ ဆိုတာ ထုတ္ေဖာ္ေျပာျပဖို႔ ခက္ေပမဲ့ တစ္ဦးကို တစ္ဦး နားလည္တာမ်ိဳး ျဖစ္ပါတယ္။
ဘယ္သူမွ နားမလည္ႏိုင္တဲ့ ပုံစံမ်ိဳးနဲ႔ တစ္ဦးကိုတစ္ဦး နားလည္ ေနတာမ်ိဳး ျဖစ္ပါတယ္။
(၄) ကိုယ္ပိုင္ အခ်ိန္
တစ္ဦးနဲ႔ တစ္ဦး ဘယ္ေလာက္ပဲ ခ်စ္ပါေစ ကိုယ္ပိုင္ အခ်ိန္ ကိုေတာ့ ေတာင့္တၾကပါတယ္။
သူငယ္ခ်င္း ေတြနဲ႔ အခ်ိန္ျဖဳန္းခ်င္တာ၊ တစ္ေယာက္တည္းေနခ်င္တာကိုယ္ႏွစ္သက္တဲ့ ဝါသနာတစ္ခုလုပ္ေနခ်င္တာ စတဲ့ပုဂၢလိက အခ်ိန္ေလးေတြ ႐ွိပါတယ္။
ဒါမ်ိဳးေတြ ေပ်ာက္ဆုံးတာမ်ိဳးေၾကာင့္ ႏွစ္ဦးသားဆက္ဆံေရးကို စိတ္ညစ္လာႏိုင္ပါတယ္။
(၅) ႐ုပ္ပိုင္းဆိုင္ရာ
လက္ေတြ႕က်က် ေျပာရရင္ေတာ့ ႐ုပ္ပိုင္းဆိုင္ရာ ထိေတြ႕မႈ ကိုလည္း အမ်ိဳးသား ေတြ လိုခ်င္ပါတယ္။
(၆) လုံျခဳံမႈ
အခ်ိန္ၾကာလာတဲ့အခါ ဘယ္သူ႕ကိုမွ မတိုင္ပင္တာေတြ တိုင္ပင္ပါမယ္၊ ဘယ္သူ႕ကိုမွ မေျပာတာေတြ ေျပာျပပါမယ္။
ဒီလိုျဖစ္လာတာဟာ သူတို႔တြဲေနတဲ့ မိန္းကေလးကသူတို႔အတြက္ အလုံျခဳံဆုံးပုဂၢိဳလ္လို႔ ခံစားရတာေၾကာင့္ ျဖစ္ပါတယ္။
ဒီလို လုံျခဳံမႈ မ်ိဳး မရတဲ့အခါ အဆိုပါဆက္ဆံေရးဟာ အခ်ိန္ၾကာတဲ့အခါ နီးလ်က္နဲ႔ ေဝးသလို ျဖစ္လာပါတယ္။
Credit : Duwun
နှစ်ဦးသား ချစ်မိပြီဆိုရင် အမျိုးသားတွေလိုချင်တဲ့ အရာ(၆)ခု…
အစပိုင်းမှာ မသိသာပေမဲ့ နောက်ပိုင်းမှာတော့ ဒီအရာတွေ မရတာကြောင့် ပြဿနာ ဖြစ်လာနိုင်ပါတယ်။
နှစ်ဦးသားချစ်မိပြီဆိုရင် အမျိုးသား တွေ လက်တွဲဖော် ဆီက မျှော်လင့်တဲ့အရာမျိုးတွေ ရှိပါတယ်။
စစတွဲချင်းမှာ ဒီအရာတွေမရလို့ ဘာမှ မဖြစ်ပေမဲ့ အချိန်ကြာလာရင်တော့ ပြဿနာ ရှိလာနိုင်ပါတယ်။
တစ်ယောက်နဲ့ တစ်ယောက်မဝေးနိုင်တဲ့အခါ နှစ်ဦးသား ပြဿနာ က တအုံ့နွေးနွေး ဖြစ်နေတတ်ပါတယ်။
ဒီ့အတွက် ယေဘုယျအားဖြင့် ယောက်ျား တစ်ယောက် မျှော်လင့်တတ်တာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လေးစားမှု
လေးစားမှု နဲ့ လူ အထင်ကြီးခံချင်တာမျိုးမဟုတ်ပါဘူး။
အမျိုးသား တွေဟာ သူတို့လက်တွဲဖော် က လေးစားတဲ့အပြုအမူမျိုးပြတဲ့အခါအဆိုပါ လေးစားမှုကို လေးနက်တဲ့အချစ်အဖြစ် မှတ်ယူလေ့ရှိကြတာ ဖြစ်ပါတယ်။
ဒီလိုလေးစားမှု မပြနိုင်ရင်တောင် သူတို့အလေးအနက်ထားတဲ့အရာတွေ၊ သူတို့နေ့စဉ်ပတ်သက်နေတဲ့ အရာတွေကို အထင်သေးတဲ့ အပြုအမူ မျိုး မပြပါနဲ့။
ဒီ အပြုအမူ တွေဟာ စချစ်တဲ့အချိန်တွေမှာ မသိသာပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ဒုက္ခ ပေးလာပါလိမ့်မယ်။
(၂) ချီးကျူးမှု
ပါးစပ် ကနေ တော်တယ်၊ တတ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မဟုတ်ပါဘူး။
သူတို့လုပ်ရပ်ကြောင့် သင်ပျော်ရွှင်ရတယ် သင်နှစ်သက် သဘောကျ ရတယ်ဆိုတာမျိုး သူ့ဘက်က သိရုံပါပဲ။
ရုပ်ပိုင်းဆိုင်ရာတွေထက် ညဏပိုင်းဆိုင်ရာကိစ္စတွေမှာ ပိုမို အလေးပေး ဂရုပြုသင့်ပါတယ်။
(၃) စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု
နှစ်တွေကြာလာတာနဲ့ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ကို လိုချင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှု ဆိုတာ ထုတ်ဖော်ပြောပြဖို့ ခက်ပေမဲ့ တစ်ဦးကို တစ်ဦး နားလည်တာမျိုး ဖြစ်ပါတယ်။
ဘယ်သူမှ နားမလည်နိုင်တဲ့ ပုံစံမျိုးနဲ့ တစ်ဦးကိုတစ်ဦး နားလည် နေတာမျိုး ဖြစ်ပါတယ်။
(၄) ကိုယ်ပိုင် အချိန်
တစ်ဦးနဲ့ တစ်ဦး ဘယ်လောက်ပဲ ချစ်ပါစေ ကိုယ်ပိုင် အချိန် ကိုတော့ တောင့်တကြပါတယ်။
သူငယ်ချင်း တွေနဲ့ အချိန်ဖြုန်းချင်တာ၊ တစ်ယောက်တည်းနေချင်တာကိုယ်နှစ်သက်တဲ့ ဝါသနာတစ်ခုလုပ်နေချင်တာ စတဲ့ပုဂ္ဂလိက အချိန်လေးတွေ ရှိပါတယ်။
ဒါမျိုးတွေ ပျောက်ဆုံးတာမျိုးကြောင့် နှစ်ဦးသားဆက်ဆံရေးကို စိတ်ညစ်လာနိုင်ပါတယ်။
(၅) ရုပ်ပိုင်းဆိုင်ရာ
လက်တွေ့ကျကျ ပြောရရင်တော့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု ကိုလည်း အမျိုးသား တွေ လိုချင်ပါတယ်။
(၆) လုံခြုံမှု
အချိန်ကြာလာတဲ့အခါ ဘယ်သူ့ကိုမှ မတိုင်ပင်တာတွေ တိုင်ပင်ပါမယ်၊ ဘယ်သူ့ကိုမှ မပြောတာတွေ ပြောပြပါမယ်။
ဒီလိုဖြစ်လာတာဟာ သူတို့တွဲနေတဲ့ မိန်းကလေးကသူတို့အတွက် အလုံခြုံဆုံးပုဂ္ဂိုလ်လို့ ခံစားရတာကြောင့် ဖြစ်ပါတယ်။
ဒီလို လုံခြုံမှု မျိုး မရတဲ့အခါ အဆိုပါဆက်ဆံရေးဟာ အချိန်ကြာတဲ့အခါ နီးလျက်နဲ့ ဝေးသလို ဖြစ်လာပါတယ်။
Credit : Duwun