credit
Unicode Version
ကားပေါ်မှာ ခု ညနေ ဖြစ်သွားတာပါ…
အနော်ရထာဘလောက် လမ်း၃၀ မှတ်တိုင်ကနေ အတက်မှာ ကားပေါ်တက်နေတဲ့ ခရီးသည် ညီမလေးရဲ့ ဖုန်းကို
အဲ့မှတ်တိုင်ကပဲ တက်လာတဲ့ ခါးပိုက်နှိုက်က နှိုက်လိုက်ပါတယ်။ ကောင်မလေးလဲ ချက်ချင်းသိလိုက်တယ်နဲ့ တူပါတယ်။
သူ့ဖုန်းပါသွားပြီဆိုပြောပြီး သူ့အိတ်ထဲက ဖုန်းတလုံးနဲ့ ချက်ချင်းခေါ်ပါတယ်။
ကားဆရာလဲ တော်ပါတယ်။ ချက်ချင်း တပြိုင်နက်ထဲလိုပဲ အရှေ့ပေါက်တံခါးရော အနောက်ပေါက်တံခါးရော ပိတ်ချလိုက်ပါတယ်။
အဲ့ ညီမလေး ဖုန်းခေါ်တဲ့အချိန်မှာ ကားထဲမှာ သူ့ဖုန်း ring tone မြည်လာတော့ ကောင်မလေးလဲ အနောက်အထဲထိလိုက်သွားပါတယ်။
အဲ့မှာ ငတိလဲ မလွတ်မှန်း သိလို့ သူ့ဖုန်းကို အလယ် လျှောက်လမ်းမှာ ပြန်ချထားခဲ့ပါတယ်။
သူ့ဖုန်းသူပြန်ရပြီဖြစ်လို့ ကားဆရာလဲ အရှည်အရှည်တွေ ထပ်မဖြစ်ချင်တာမို့နေမယ်။
နှိုက်တဲ့လူကိုသိပေမယ့် ဖုန်းပြန်ရလို့ တကားလုံးက ခရီးသည်တွေလည်း အဲ့ကောင်ကို မသိချင်ယောင်ဆောင်နေလိုက်ကြပါတယ်။
ဒီလို လကုန်ရက် လစာထုတ်ရက် ဆိုရင် တခြားရက်တွေထက် ခါးပိုက်နှိုက်တွေ ပို ထ ကြပါတယ်။ သတိထားကြပါတဲ့။
ခရီးသည်အများစုမှာ လစာလေးတွေ ပါလာကြတာမို့ သူတို့အကြိုက်ပဲ ပစ်မလွဲတဲ့။ သတိထားကြရအောင်ပါ။
credit