မြန်မာ့လူဦးရေ ၅၅ သန်းရဲ့ ၃၁ ရာခိုင်နှုန်းဟာ မြို့ပြမှာ နေထိုင်ပြီး ၆၁ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်ကြပါတယ်။
Unicode Version
ဖုန်းအင်တာနက်တွေ ဈေးတက်သွားရခြင်းရဲ့ နောက်ကွယ်ကအကြောင်းတရားများ…
၂၀၂၁ ဇန်နဝါရီလတွင် မြန်မာပြည်၌ အင်တာနက် သုံးစွဲသူပေါင်း ၂၄ သန်း ရှိနေပါတယ်။
ယင်းတို့အနက် wifi အသုံးပြုသူ အရေအတွက် ၁ သန်း ပြည့်အောင် မရှိခဲ့ပါဘူး။
မြန်မာ့လူဦးရေ ၅၅ သန်းရဲ့ ၃၁ ရာခိူင်နှုန်းဟာ မြို့ပြမှာ နေထိုင်ပြီး ၆၁ ရာခိုင်နှုန်းသည် ကျေးလက်များတွင် နေထိုင်ကြပါတယ်။
စကစက အင်တာနက် အသုံးပြုသူများကို ယခုလို တိုးမြှင့်လိုက်ပါက ဖုန်းအင်တာနက်ကိုသာ မှီခို အသုံးပြုနေရသည့်
ကျေးလက်နေ လူတန်းစားများအတွက် ကုန်ဈေးနှုန်း ကြီးမြင့်မှုအပြင် အင်တာနက် ကုန်ကျစရိတ်များပါ ထပ်မံကုန်ကျလာမှာ ဖြစ်ပါတယ်။
စကစ ရဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားချက်အရ ဖုန်းခေါ်ဆိုမှုနဲ့
အင်တာနက် အစီအစဉ် ဈေးနှုန်းတွေကို ပြောင်းလဲသတ်မှတ်လိုက်ကြောင်း အော်ပရေတာတချို့က သုံးစွဲသူတွေထံ အကြောင်းကြားမှုတွေ ရှိလာပါတယ်။
အင်တာနက် ဈေးတက်သွားရတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
(၁) စစ်အာဏာရှင်များ မရှုမလှ အရေးနိမ့်နေသည့် အင်တာနက် စစ်မျက်နှာတွင် သုံးစွဲသူများ လျော့နည်း သွားစေရန်
(၂) မြင့်တက်လာသည့် ဒေါ်လာဈေးနှုန်းများကြောင့် ကုမ္ပဏီများ အမြတ်အစွန်း လျော့ကျခြင်း မရှိစေရန်
(၃) စကစရဲ့ မိုင်တဲ ဆင်းကတ်ကို သုံးစွဲသူ ပိုများလာစေရန်
(မိုင်တဲသည် ဈေးကွက်ယှဉ်ပြိုင်မှု စည်းကမ်းများကို အစောပိုင်းထဲက ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်)
(၄) ကလစ်နှိပ်ပြီး လှူဒါန်းတဲ့သူ အရေအတွက် လျော့ကျသွားစေရန်စတဲ့ အကြောင်းအရာတွေကြောင့်ဖြစ်ပါတယ်။
ပြည်သူတွေကတော့ စားဝတ်နေရေး ကုန်ကျစရိတ်အပြင် အင်တာနက်ဖိုး ကုန်ကျစရိတ်ပါ
ထပ်မံကြီးမြှင့်လာမှုနဲ့ ရင်ဆိုင်ရပြီး ဆင်းရဲတွင်း နက်သထက် နက်လာမှာကတော့ အမှန်အကန်ပါပဲဗျာ။