Unicode Version
အေးမြတ်သူရေးသားလာတဲ့ ဂုဏ်ယူပြီးကျေနပ်စရာကောင်းတဲ့ အရာလေးတစ်ခု…
ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေက ချစ်စနိုးနဲ့ မမြတ်လေး လို့ ခေါ်ကြတဲ့ မင်းသမီးချော အေးမြတ်သူ ကတော့
ရယ်လိုက်ရင် ပါးချိုင့်လှလှလေးနဲ့ မြင်သူရင်ကို အေးချမ်းစေတဲ့ အလှပိုင်ရှင်လေးတစ်ယောက်ပဲ ဖြစ်ပါတယ်။
အေးမြတ်သူကတော့ ပြီးခဲ့တဲ့နှစ်အတွင်းက“ခေါက်ထီးလေး မလုံ့တလုံ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။
အကယ်ဒမီဆုရှင်တစ်ယောက် ဖြစ်နေပြီဖြစ်တဲ့ အေးမြတ်သူကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို အရင်အတိုင်းပုံမှန်အတိုင်းသာ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ အေးမြတ်သူက ” အသက်၃၆နှစ် …အခုအရွယ်လက်ရှိကာလအနေအထား က စိတ်ချမ်းမြေ့စရာ သာယာစရာ မရှိတဲ့အချိန် ၊
အလုပ်အကိုင်မရှိ တဲ့အချိန်စိတ်ဓာတ်ပိုင်းတဆိုင်ရာအနေအထား က အခန့်မသင့်ရင် အနုတ်လက္ခဏာ ဖြစ်မယ့်အခြေအနေမှာ
စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်တဲ့ ကိုယ့်ကိုကိုယ်ဂုဏ်ယူတယ်။
ကိုယ့် ကို ကိုယ် အားကျတယ်။ ကိုယ့် ကို ကိုယ် ချစ်တယ်။ကိုယ့် အတွက်မိုတီ ကို ကိုယ့်ဆီ က သာ ယူတယ်။
မျှော်လင့်ထားတဲ့ အသက်၃၆နှစ် အရွယ်ထက် ပိုပြီး နုပျိကျန်းမာနေလို့ ကျေနပ်မိတယ်💪🏻💪🏻💪🏻💪🏻💪🏻💪🏻🤍🤍🥰🤍🤍💪🏻💪🏻💪🏻💪🏻💪🏻💪🏻💪🏻” ဆိုပြီး ရေးသားလာခဲ့ပါတယ်နော်…
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
CRD:Cele Worldmdatenews