Astrology









လုပ်ငန်းကိစ္စအတွက် အဂ်ါ၊ တနဂ်နွေ သားသမီးများနှင့် တွဲဖက် ဆောင်ရွက်ရမည်။



သို့သော် နှစ်ဖက်မိဘဆွေမျိုးသားချင်းနှင့် မိတ်ကောင်း၊ မိတ်သဂ်ဟများ မိမိကို အကူအညီများပေးမည်။

ပျိုရွယ်သူများ ချစ်သူတစ်ယောက်ပြိး တစ်ယောက် ခဏခဏ ပြောင်းလဲခြင်းများ ဖြစ်နေတတ်သည်။




ဤနှစ်တွင် ရောဂါဘယအမျိုးမျိုး နှိပ်စက်ခြင်း ခံရမည်။

ကျန်းမာရေးတွင် ဆီးချို၊ အဖျားအနာ၊ အပူနာရောဂါများ၊ အရိုးအကြော၊ အကျိတ်နာ၊ လေးဘက်နာ၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ အကြောတတ်၊ ဗိုက်အောင်ခြင်း ရောဂါဝေဒနာများ ခံစားရတတ်သည်။




အကျိုးပေးအက္ခရာ – (က၊ လ၊ ထ၊ အ), အကျိုးပေးဂဏန်း – (၂. ၇. ၈. ၃),

အကျိုးပေးအရောင် – အစိမ်းရောင်၊ ပန်းရောင်၊ ကြည်ပြာရောင်၊ ဆင်စွယ်ရောင်, အကျိုးမပေးနေနံ – (စနေ၊ ဗုဒ္ဓဟူး), အကျိုးမပေးအရပ် – အနောက်မြောက်





ဗုဒ္ဓဟူးသားသမီးများအတွက် ၂၀၂၂ခုနစ် တစ်နှစ်စာဟောစာတမ်း…

ဗုဒ္ဓဟူးသားသမီးများတို့သည် နှစ်ကူးစ စိတ်သစ် ကိုယ်သစ်နှင့် စိတ်ကူးသစ်ဖြင့်၊ အလုပ်များ ဆောင်ရွက်ရမည်။

နိုင်ငံခြားခရီး သွားလာခြင်းများ ကြုံလာတတ်သည်။ မိမိခန့်အပ်ထားသော အတွင်းလူများနှင့် ဆက်ဆံရေးတွင် ပြဿနာ ပေါ်ပေါက်လာတတ်သည်။

ငွေကြေးနှင့် အဖိုးတန်ပစ္စည်းများ ကျပျောက်တတ်သည်။

ယခုနှစ်တွင် (16. 1. 2022 မှ စ၍ ( 16. 4. 2022) အထိ မိမိ လုပ်ငန်းခွင်များ အောင်မြင်မှုများ ရရှိလိမ့်မည်။

အိမ်ခြံမြေ ရောင်းဝယ်ခြင်း၊ ယာဉ်နှင့် ဆက်ပစွည်း ရောင်းဝယ်ခြင်း၊ စားသောက်ကုန် ရောင်းချခြင်း၊

အုတ်၊ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ အုန်းဆီ၊ အုန်းသီးလုပ်ငန်း၊ အိမ်အလှဆင်လုပ်ငန်း၊ အိမ်ငှားလုပ်ငန်းများ ပိုမိုဖြစ်ထွန်းမည်။

လုပ်ငန်းကိစ္စအတွက် အဂါ်၊ တနဂ်နွေ သားသမီးများနှင့် တွဲဖက် ဆောင်ရွက်ရမည်။

ပညာရေးတွင် မိမိရည်မှန်းချက် အထူးထားပြိး အောင်မြင်အောင် ဆွတ်ခူးနိုင်မည်။ နိုင်ငံရပ်ခြားသို့ ပညာသင်ယူရန် အခွင်အရေးများ ဝင်လာတတ်သည်။

မကြာခဏ စိတ်ရှုပ်ထွေးမှုများ၊ ငွေကြေးအခက်အခဲများနှင့် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနားများကို ဝင်ရောက် ဖြေရှင်းပေးခြင်းများ ကြုံတွေ့လာတတ်၏။

သို့သော် နှစ်ဖက်မိဘဆွေမျိူးသားချင်းနှင့် မိတ်ကောင်း၊ မိတ်သဂ်ဟများ မိမိကို အကူအညီများပေးမည်။

ပျိူရွယ်သူများ ချစ်သူတစ်ယောက်ပြိး တစ်ယောက် ခဏခဏ ပြောင်းလဲခြင်းများ ဖြစ်နေတတ်သည်။

သို့သော် မိမိဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြိးမှ လက်ခံသင့်သည်။ အချစ်ရေး ထင်သလောက် ခရီးမပေါက်နိုင်ပါ။

အိမ်ထောင်ရှင်များ၊ သားသမီးရတနာထွန်းကားပြိး စီးပွားရေးတိုးတတ်လာမည်။

အိမ်ထောင်ရေးတွင် သူတစ်ပါးကြောင့်ဖြစ်သော ပြဿနာများကို ဝင်ရောက် ဖြေရှင်းပေးရမည်။ အိမ်တွင်းရေး ပြဿနာများ ဖြေရှင်းပေးရတတ်သည်။

ဤနှစ်တွင် ရောဂါဘယအမျိူးမျိူး နှိပ်စက်ခြင်း ခံရမည်။

ကျန်းမာရေးတွင် ဆီးချိူ၊ အဖျားအနာ၊ အပူနာရောဂါများ၊ အရိုးအကြော၊ အကျိတ်နာ၊ လေးဘက်နာ၊ ကိုယ်ခန္ဓာကိုက်ခဲခြင်း၊ အကြောတတ်၊ ဗိုက်အောင်ခြင်း ရောဂါဝေဒနာများ ခံစားရတတ်သည်။

အထူးဟော… အနောက်မြောက်အရပ် ခရီးသွားခြင်း၊ လူမှုရေးကိစ္စဆောင်ရွက်ခြင်းများ ရှောင်ကျဉ်ပေးပါ။

မိမိလုပ်ငန်း လုပ်ဆောင်ရာတွင် မိမိလုပ်ငန်းလုပ်ဆောင်ရာတွင် စနေ၊ ဗုဒ္ဓဟူးသားသမီးများဖြင့် ဆောင်ရွက်ခြင်းများ အထူး ဂရုစိုက်ပေးပါ။

ငွေကြေးကိစ္စ၊ စာချူပ်စာတမ်းများ၊ အာမခံလက်မှတ်ထိုးခြင်း ရှောင်ကြဉ်ပါ။

အကျိူးပေးအက္ခရာ – (က၊ လ၊ ထ၊ အ), အကျိူးပေးဂဏန်း – (၂. ၇. ၈. ၃),

အကျိူးပေးအရောင် – အစိမ်းရောင်၊ ပန်းရောင်၊ ကြည်ပြာရောင်၊ ဆင်စွယ်ရောင်, အကျိူးမပေးနေနံ – (စနေ၊ ဗုဒ္ဓဟူး), အကျိူးမပေးအရပ် – အနောက်မြောက်

ယတြာ- ဤနှစ်လအပတ်တိုင် တစ်နှစ်လုံး မိမိနေနံ ဂြိဟ်ဘုရား ဗုဒ္ဓဟူးနေနံနေ့ မိမိမွေးနေ့မှ ခရေညွန့်၊ သြဇာညွန့်၊ သပြေညွန့် (၉) ညွန့်စီ

အစိမ်းရောင်ပန်းအိုးဖြင့် ဘုရားပူဇော်ပြိး ရွှေထီး၊ ငွေထီ၊ တံခွန်ကုက္ကား၊ ယပ်တောင် (၇) ချောင်းနှင့် ရွှေဆိုင်း ကပ်လှူပေးပါ။

အဓိဌာန်ဝင်ခြင်း၊ ပုတီးစိပ်ခြင်းများ ဆောင်ရွက်ပေးပါ။

#Credit ဆရာကြီးမင်းသူရ အစီအမံယတြာ 📲 09- 751089826(Viber) 📲 09- 767817917 📲 09 792756450