News

ယေန႔ ၾကည့္ျမင္တိုင္ဆႏၵျပမႈမွာ ဒလန္မင္းမင္း(လဲရတာ မတန္လိုက္တာ)

ယေန႔ ၾကည့္ျမင္တိုင္ဆႏၵျပမႈမွာ ဒလန္မင္းမင္း(လဲရတာ မတန္လိုက္တာ)

ၾကည့္ျမင္တိုင္ဆႏၵျပသူမ်ားကို စစ္ကားျဖင့္တိုက္သတ္မႈတြင္ ပတ္သက္ခဲ့ေသာ ဒလန္ဟုေက်ာ္ေစာသူ ေသနတ္ျဖင့္ပစ္သတ္ခံရ

ၾကည့္ျမင္တိုင္တြင္ ဆႏၵျပလူငယ္မ်ားကို စစ္ေကာင္စီတပ္က ကားႏွင့္ဝင္တိုက္၍ လူငယ္ငါးဦးေသဆုံးခဲ့ရမႈျဖစ္ၿပီးေနာက္ နာရီအနည္းငယ္အၾကာတြင္

အဆိုပါသပိတ္ၿဖိဳခြင္းရာတြင္ စစ္ေကာင္စီတပ္ကိုသတင္းေပးခဲ့သူဟု စြပ္စြဲခံရသူ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ပစ္သတ္ခံလိုက္ရသည္ဟု ေဒသခံမ်ားက မဇၩိမကိုေျပာသည္။

မြန္းလြဲ ၁၂ နာရီေက်ာ္က ဆင္မင္းရပ္ကြက္၊ ဆင္မင္းအိမ္ရာတြင္ေနထိုင္သူ ကိုမင္းမင္းသည္ ဓမၼာ႐ုံေဘးတြင္ဝိုင္းဖြဲ႕ထိုင္ေနစဥ္ ေသနတ္သမားက လာပစ္သြားျခင္းျဖစ္သည္ဟုသိရသည္။

ကိုမင္းမင္းသည္ ေသနတ္ဒဏ္ရာႏွစ္ခ်က္ျဖင့္ ဦးေခါင္းပြင့္ကာ အခင္းျဖစ္ပြားရာေနရာတြင္ပင္ ပြဲခ်င္းၿပီး​ေသဆုံးခဲ့​ေၾကာင္း မ်က္ျမင္သက္​ေသမ်ားကေျပာသည္။

” အိမ္ရာထဲမွာ ဓမၼာ႐ုံရွိတယ္၊ အဲ့ဓမၼာ႐ုံေဘးမွာဝိုင္းဖြဲ႕ၿပီးထိုင္ေနခ်ိန္မွာ ႏွစ္ခ်က္ဝင္ပစ္တာ ထိသြားပါတယ္။ ေရွ႕လေတြထဲက သူ႔ဆိုင္ေရွ႕မွာသပိတ္လုပ္ရင္ ကေလးေတြကိုမစုခိုင္းဘူး၊ ​ေမာင္းထုတ္တယ္။

ဒီ​ေန႔လည္း ၾကည့္ျမင္တိုင္ကိစၥမွာ ဒလန္ႏွစ္​ေယာက္ပါတယ္လို႔သိရတယ္၊သူအပါအဝင္​ေပါ့။ ျမင္တဲ့သူ​ေတြရွိတယ္။” ဟု ​ေဒသခံအမ်ိဳးသမီးတစ္ဦးက မဇၥ်ိမ ကို ​ေျပာသည္။

ထိုသို႔ပစ္ခတ္မႈမ်ားျဖစ္ပြားၿပီး​ေနာက္ အလုံ၊ ဆင္မင္းအိမ္ယာထဲသို႔ စစ္သားမ်ား​ေရာက္ရွိလာကာ စစ္​ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး​ ျပန္လည္ထြက္ခြာသြား​ေၾကာင္း သိရသည္။

ယေန႔နံနက္က ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္းတြင္ ၿငိမ္းခ်မ္းစြာဆႏၵျပေနေသာ လူငယ္တစ္စုကို စစ္ေကာင္စီတပ္က ေနာက္မွကားျဖင့္ဝင္တိုက္ၿပီး ေသနတ္ျဖင့္ပစ္ရာ

ဆႏၵျပလူငယ္ ငါးဦးေသဆုံးၿပီး ၁၂ ဦးဒဏ္ရာရခဲ့ကာ ၁၅ ဦး အဖမ္းခံခဲ့ရသည္ဟု ဆႏၵျပသူမ်ားက ေျပာသည္။

စစ္ကားျဖင့္ဝင္တိုက္ျခင္းႏွင့္ ေသြးထြက္သံယိုျဖင့္လမ္းေပၚတြင္လဲေနေသာ ဓာတ္ပုံမ်ား လူမူကြန္ရက္တြင္က်ယ္က်ယ္ျပန႔္ျပန႔္ျပန႔္ႏွံ့ခဲ့သည္။

သို႔ေသာ္ ရန္ကုန္တြင္ ေျပာက္က်ားသပိတ္ဆႏၵျပမႈမ်ားဆက္လက္ျဖစ္ေပၚခဲ့သည္။

အာဏာသိမ္းၿပီးခ်ိန္ကစ၍ စစ္ေကာင္စီတပ္သည္ လူေပါင္း ၁,၃၀၀ ေက်ာ္ကို သတ္ျဖတ္ၿပီးျဖစ္သည္။

ပုံစာ- ယေန႔ နံနက္ ၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္း ဆႏၵျပပြဲကို စစ္တပ္က ကားျဖင့္တိုက္ကာ ၿဖိဳခြင္းအၿပီး ျမင္ကြင္း။

Unicode Version

ယနေ့ ကြည့်မြင်တိုင်ဆန္ဒပြမှုမှာ ဒလန်မင်းမင်း(လဲရတာ မတန်လိုက်တာ)

ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ သေနတ်ဖြင့်ပစ်သတ်ခံရ

ကြည့်မြင်တိုင်တွင် ဆန္ဒပြလူငယ်များကို စစ်ကောင်စီတပ်က ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင်

အဆိုပါသပိတ်ဖြိုခွင်းရာတွင် စစ်ကောင်စီတပ်ကိုသတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြောသည်။

မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။

ကိုမင်းမင်းသည် သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီး​သေဆုံးခဲ့​ကြောင်း မျက်မြင်သက်​သေများကပြောသည်။

” အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ ​မောင်းထုတ်တယ်။

ဒီ​နေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်​ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်​ပေါ့။ မြင်တဲ့သူ​တွေရှိတယ်။” ဟု ​ဒေသခံအမျိုးသမီးတစ်ဦးက မဇ္စျိမ ကို ​ပြောသည်။

ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီး​နောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများ​ရောက်ရှိလာကာ စစ်​ဆေးမှုများပြုလုပ်ခဲ့ပြီး​ ပြန်လည်ထွက်ခွာသွား​ကြောင်း သိရသည်။

ယနေ့နံနက်က ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ငြိမ်းချမ်းစွာဆန္ဒပြနေသော လူငယ်တစ်စုကို စစ်ကောင်စီတပ်က နောက်မှကားဖြင့်ဝင်တိုက်ပြီး သေနတ်ဖြင့်ပစ်ရာ

ဆန္ဒပြလူငယ် ငါးဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရခဲ့ကာ ၁၅ ဦး အဖမ်းခံခဲ့ရသည်ဟု ဆန္ဒပြသူများက ပြောသည်။

စစ်ကားဖြင့်ဝင်တိုက်ခြင်းနှင့် သွေးထွက်သံယိုဖြင့်လမ်းပေါ်တွင်လဲနေသော ဓာတ်ပုံများ လူမူကွန်ရက်တွင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့ခဲ့သည်။

သို့သော် ရန်ကုန်တွင် ပြောက်ကျားသပိတ်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်။

အာဏာသိမ်းပြီးချိန်ကစ၍ စစ်ကောင်စီတပ်သည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။

ပုံစာ- ယနေ့ နံနက် ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်း ဆန္ဒပြပွဲကို စစ်တပ်က ကားဖြင့်တိုက်ကာ ဖြိုခွင်းအပြီး မြင်ကွင်း။