ကြည့်မြင်တိုင် ဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် ဗိုလ်မှူးများ
ကြည့်မြင်တိုင်တွင် စစ်တပ်က ဆန္ဒပြသူများကို ကားဖြင့် တိုက်သတ်မှု ဦး ဆောင် သူများတွင်
ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ပါဝင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်
ရန်ကုန်၊ ဒီဇင်ဘာ ၅
ယနေ့ ရန်ကုန်တိုင်းကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းတွင် ဆန္ဒပြသူများကို စစ်ကားဖြင့် တိုက်သတ် ဖမ်းဆီးရာတွင် ဦးဆောင်သူများမှာ
ဗိုလ်မှူး နိုင်ဘိုဘို၊ ရဲမှူးမောင်မောင်မြ၊ ဒုရဲအုပ်ဝင်းဇော်လွင်တို့ ဦးဆောင်ဟု ရဲ CDM အဖွဲ့က သတင်းထုတ်ပြန်သည်။
Myanmar Police CDM Channel ၏ သတင်းထုတ်ပြန်ချက်အရ ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ဖြစ်စဉ်တွင် ဆန္ဒထုတ်ဖော်လူငယ်များအား
အကြမ်းဖက်စစ်ကောင်စီမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင်ပါဝင်ခဲ့သူများမှာ ခလရ ၈၂ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး နိုင်ဘိုဘို ဦးစီး (၂ + ၁၀) ဦး ၊
ကြည့်မြင်တိုင်မြို့နယ်မှူး ယာယီရဲမှူး မောင်မောင်မြဦးစီး ( ၃ + ၁၀) ဦး ၊ရဲတပ်ရင်း ၈မှ ဒုရဲအုပ် ဝင်းဇော်လွင် ဦးစီး ( ၁ + ၈) ဦး တို့ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီက ဆန္ဒထုတ်ဖော်လူငယ်များအား ဖမ်းဆီးခဲ့ရာတွင် ပထမဦးဆုံးစစ်တပ်ကားဖြင့်ဝင်တိုက်ပြီး
(၅)ဦးသေဆုံးကာ ဒဏ်ရာရရှိသူများရှိသည့် ဖြစ်စဉ်တစ်ခုလုံးအား လူမှုကွန်ယက်စာမျက်နှာများတွင် ထင်ထင်ရှားရှားတွေ့မြင်သိရှိခဲ့သော်လည်း
စစ်ကောင်စီ၏ တင်ပြသည့် ယခုစာတွင် ကားဖြင့်ဝင်ရောက်တိုက်သည့်ဖြစ်စဉ်တစ်ခုလုံးကို ဖျောက်ဖျက်ထားသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။
ဖော်ပြပါ ဖမ်းဆီးရာတွင် ပါဝင်သည့် ခေါင်းဆောင်များနှင့် နောက်လိုက်များ၏
တစ်ဦးချင်း နေရပ်လိပ်စာများ ဆက်လက်စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ရဲCDM တပ်ဖွဲ့က ကြေညသည်။
ၾကည့္ျမင္တိုင္ ျဖစ္စဥ္တြင္ ဦးေဆာင္ပါ၀င္ခဲ့ၾကသည့္ ဗိုလ္မွဴးမ်ား
ၾကည့္ျမင္တိုင္တြင္ စစ္တပ္က ဆႏၵျပသူမ်ားကို ကားျဖင့္ တိုက္သတ္မႈ ဦး ေဆာင္ သူမ်ားတြင္
ဗိုလ္မႉး နိုင္ဘိုဘို၊ ရဲမႉးေမာင္ေမာင္ျမ၊ ဒုရဲအုပ္ဝင္းေဇာ္လြင္တို႔ ပါဝင္ဟု ရဲ CDM အဖြဲ႕က သတင္းထုတ္ျပန္
ရန္ကုန္၊ ဒီဇင္ဘာ ၅
ယေန႔ ရန္ကုန္တိုင္းၾကည့္ျမင္တိုင္ ပန္းပင္ႀကီးလမ္းတြင္ ဆႏၵျပသူမ်ားကို စစ္ကားျဖင့္ တိုက္သတ္ ဖမ္းဆီးရာတြင္ ဦးေဆာင္သူမ်ားမွာ
ဗိုလ္မႉး နိုင္ဘိုဘို၊ ရဲမႉးေမာင္ေမာင္ျမ၊ ဒုရဲအုပ္ဝင္းေဇာ္လြင္တို႔ ဦးေဆာင္ဟု ရဲ CDM အဖြဲ႕က သတင္းထုတ္ျပန္သည္။
Myanmar Police CDM Channel ၏ သတင္းထုတ္ျပန္ခ်က္အရ ယေန႔ နံနက္ပိုင္းက ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ျဖစ္စဥ္တြင္ ဆႏၵထုတ္ေဖာ္လူငယ္မ်ားအား
အၾကမ္းဖက္စစ္ေကာင္စီမွ ဝင္ေရာက္ဖမ္းဆီးခဲ့ရာတြင္ပါဝင္ခဲ့သူမ်ားမွာ ခလရ ၈၂ မွ ယာယီတပ္ရင္းမႉး ဗိုလ္မႉး နိုင္ဘိုဘို ဦးစီး (၂ + ၁၀) ဦး ၊
ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မႉး ယာယီရဲမႉး ေမာင္ေမာင္ျမဦးစီး ( ၃ + ၁၀) ဦး ၊ရဲတပ္ရင္း ၈မွ ဒုရဲအုပ္ ဝင္းေဇာ္လြင္ ဦးစီး ( ၁ + ၈) ဦး တို႔ျဖစ္ေၾကာင္း သိရွိရသည္။
အဆိုပါ အၾကမ္းဖက္စစ္ေကာင္စီက ဆႏၵထုတ္ေဖာ္လူငယ္မ်ားအား ဖမ္းဆီးခဲ့ရာတြင္ ပထမဦးဆုံးစစ္တပ္ကားျဖင့္ဝင္တိုက္ၿပီး
(၅)ဦးေသဆုံးကာ ဒဏ္ရာရရွိသူမ်ားရွိသည့္ ျဖစ္စဥ္တစ္ခုလုံးအား လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ထင္ထင္ရွားရွားေတြ႕ျမင္သိရွိခဲ့ေသာ္လည္း
စစ္ေကာင္စီ၏ တင္ျပသည့္ ယခုစာတြင္ ကားျဖင့္ဝင္ေရာက္တိုက္သည့္ျဖစ္စဥ္တစ္ခုလုံးကို ေဖ်ာက္ဖ်က္ထားသည္ကို ေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည္။
ေဖာ္ျပပါ ဖမ္းဆီးရာတြင္ ပါဝင္သည့္ ေခါင္းေဆာင္မ်ားႏွင့္ ေနာက္လိုက္မ်ား၏
တစ္ဦးခ်င္း ေနရပ္လိပ္စာမ်ား ဆက္လက္စုံစမ္းေဖာ္ထုတ္သြားမည္ျဖစ္ေၾကာင္း ရဲCDM တပ္ဖြဲ႕က ေၾကညသည္။