ႏိုင္ငံေတာ္သမၼတႀကီးေျပာခဲ့တဲ့စကား”မလုပ္မ႐ႈပ္ မျပဳတ္”လုပ္မယ္ဆိုရင္ေတာ့….
“ျပည္သူေတြဟာ ႏွစ္ ၅၀ ေက်ာ္ကာလ ဒုကၡသုကၡ၊ အနာ တရေတြ မေမ့ေပ်ာက္ေသးပါဘူး၊
ဒါ့ေၾကာင့္ ျပည္သူကို ဟိန္းဟယ္၊ ေဟာက္ဟယ္၊ ႀကိမ္းေမာင္းၿခိမ္းေျခာက္တာေတြ မလုပ္ပါနဲ႔လို႔ က်ေနာ္ ေျပာထားတယ္”
ကိုယ္က အဲဒီလို ဘဝမ်ိဳးကို ျဖတ္သန္းစဥ္ တုန္းက ကိုယ္ဘယ္လို ခံစားခဲ့ရလဲ။ ကိုယ္ႏွစ္သက္ခဲ့လား။ ေက်နပ္ခဲ့လား။
ကိုယ္မေက်နပ္လို႔၊ မႏွစ္သက္လို႔ ဒီအလုပ္လုပ္ၿပီး ဒီေန ရာေတြရေတာ့မွ ကိုယ္က အဲဒီလို ျပန္လုပ္မယ္ဆို ကိုယ္ခ်င္းစာၾကပါ။ လူဆိုတာ ကိုယ္ခ်င္းစာတရားထားရတယ္။
ျပည္သူေတြဟာ ႏွစ္ ၅၀ ေက်ာ္ကာလ ဒုကၡသုကၡ၊ အနာ တရေတြ မေမ့ေပ်ာက္ေသးပါဘူး။
အဲဒီလိုအနာတရ၊ ဒုကၡသုကၡေတြ မေမ့ေပ်ာက္ေသးတဲ့ ကာလမွာ ကိုယ့္ေၾကာင့္ ေနာက္ထပ္ၿပီးေတာ့ ဒုကၡသုကၡ အနာတရေတြ ျပည္သူကို မေပးပါနဲ႔။
အခုက်ေနာ္တို႔ ေတြ႕ေနရတာက ဘယ္လိုျဖစ္ေနသ လဲ ဆိုေတာ့ ျပဳျပင္ေျပာင္းလဲေရးေတာ့ ေျပာေနၾကတယ္။ ကိုယ္ကိုယ္တိုင္က မျပဳျပင္၊ မေျပာင္းလဲဘူး။
လုပ္ပိုင္ခြင့္ ႐ွိသြားတဲ့လူေတြက ကိုယ့္အလွည့္ လည္းက်ေရာ ႐ွိရင္းစြဲ အျမင္ေတြ၊ အေတြးေတြ ျပန္ေရာက္ၿပီး ကိုယ္က အဲဒီလို ျပန္က်င့္သုံးခ်င္ေနတယ္။ ဒါက ျပဳျပင္ ေျပာင္းလဲေရး သမားမဟုတ္ဘူး။
ဘာလုပ္လုပ္ ဥပေဒသမားနဲ႔ တိုင္ပင္ပါ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ တရားဥပေဒ စိုးမိုးမႈ မ႐ွိဘဲ ဒီမိုကေရစီကို သြားလို႔ မရဘူး။ ဒီမွာလည္း ႐ွိပါတယ္၊ တခ်ိဳ႕ ျပည္နယ္နဲ႔ တိုင္းေတြမွာလည္း႐ွိတယ္။
ဘာလဲဆိုေတာ့ ကိုယ္လုပ္ခ်င္တာပဲ စြတ္ၿပီး လုပ္ခ်င္ေနသ လား မသိဘူး။ ဥပေဒခ်ဳပ္တို႔ စာရင္းစစ္ခ်ဳပ္တို႔ကို မတိုင္ပင္ဘူး။ လြဲေတာ့ မွားေတာ့ ဘယ္သူ ခံရမလဲ။ ကိုယ္ပဲခံရမွာ။
က်ေနာ္ တည့္တည့္ေျပာမယ္။ က်ေနာ္ေငြစာရင္း နာမလည္ဘူး။ ဒါအမွန္ပဲ။ ကိုယ္နား မလည္တာ နားမလည္ဘူး ေျပာတာ ဘာမွ ႐ွက္စရာ မဟုတ္ဘူး။
ဒါေပမယ့္ လႊတ္ေတာ္မွာျဖစ္ျဖစ္၊ အခုသမၼတ ႐ုံးမွာျဖစ္ျဖစ္ ေငြစာ ရင္းနဲ႔ ပတ္သတ္လို႔ ႐ွိရင္ က်ေနာ္ၾကည့္တယ္။ မ႐ွင္းရင္ ေသခ်ာေမးတယ္။ ေသ ခ်ာ႐ွင္းခိုင္းတယ္။
စာရင္းအင္းပညာ႐ွင္ခန္႔ထားတာ အလကား မ ဟုတ္ဘူး။ စာရင္းစစ္ခ်ဳပ္၊ ဥပေဒခ်ဳပ္ဆိုတာ ျပည္ နယ္နဲ႔တိုင္း အစိုးရကို အေထာက္အပံ့ ျဖစ္ပါေစေတာ့ဆိုၿပီး အေဆာင္အေယာင္၊
လစာ ခံစားခြင့္၊ ခ်ီးျမႇင့္ေငြေတြ ေပးထားတာ အလကားသက္သက္ေပးထားတာ မဟုတ္ဘူး။ ဒါေတြ တိုင္ပင္ဖို႔လိုတယ္။ ေျပာင္းပါ၊ အခ်ိန္႐ွိပါေသးတယ္။ ႀကိဳးစားပါ။
က်ေနာ္ ပြင့္ပြင့္လင္းလင္း ေျပာပါမယ္။ ဆႏၵ႐ွိတယ္ ၊ ဝိရိယ႐ွိတယ္၊ ဉာဏ္ပညာ ႐ွိတယ္။ လုံ႔လ႐ွိတယ္ဆိုရင္ ေျပာင္းလဲစရာ႐ွိတယ္။
ဒီလိုမဟုတ္ဘဲနဲ႔ လစာနဲ႔၊ အေဆာင္အေယာင္နဲ႔၊ ခ်ီး ျမႇင့္ေငြေပၚမွာ သာယာၿပီးေတာ့၊ ဒီရာထူးအေပၚမွာ ေပ်ာ္ေမြ႕ၿပီးေတာ့၊ မလုပ္မ႐ႈပ္ မျပဳတ္ လုပ္မယ္ဆိုရင္ေတာ့
က်ေနာ္တို႔သြားခ်င္တဲ့ ရည္႐ြယ္ခ်က္၊ က်ေနာ္တို႔ ေလွ်ာက္ခ်င္တဲ့ပန္းတိုင္နဲ႔ ေဝးေနဦးမွာပဲ။
ဦးဝင္းျမင့္ (ႏိုင္ငံေတာ္သမၼတ)
Unicode Version
နိုင်ငံတော်သမ္မတကြီးပြောခဲ့တဲ့စကား”မလုပ်မရှုပ် မပြုတ်”လုပ်မယ်ဆိုရင်တော့….
“ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာ တရတွေ မမေ့ပျောက်သေးပါဘူး၊
ဒါ့ကြောင့် ပြည်သူကို ဟိန်းဟယ်၊ ဟောက်ဟယ်၊ ကြိမ်းမောင်းခြိမ်းခြောက်တာတွေ မလုပ်ပါနဲ့လို့ ကျနော် ပြောထားတယ်”
ကိုယ်က အဲဒီလို ဘဝမျိုးကို ဖြတ်သန်းစဉ် တုန်းက ကိုယ်ဘယ်လို ခံစားခဲ့ရလဲ။ ကိုယ်နှစ်သက်ခဲ့လား။ ကျေနပ်ခဲ့လား။
ကိုယ်မကျေနပ်လို့၊ မနှစ်သက်လို့ ဒီအလုပ်လုပ်ပြီး ဒီနေ ရာတွေရတော့မှ ကိုယ်က အဲဒီလို ပြန်လုပ်မယ်ဆို ကိုယ်ချင်းစာကြပါ။ လူဆိုတာ ကိုယ်ချင်းစာတရားထားရတယ်။
ပြည်သူတွေဟာ နှစ် ၅၀ ကျော်ကာလ ဒုက္ခသုက္ခ၊ အနာ တရတွေ မမေ့ပျောက်သေးပါဘူး။
အဲဒီလိုအနာတရ၊ ဒုက္ခသုက္ခတွေ မမေ့ပျောက်သေးတဲ့ ကာလမှာ ကိုယ့်ကြောင့် နောက်ထပ်ပြီးတော့ ဒုက္ခသုက္ခ အနာတရတွေ ပြည်သူကို မပေးပါနဲ့။
အခုကျနော်တို့ တွေ့နေရတာက ဘယ်လိုဖြစ်နေသ လဲ ဆိုတော့ ပြုပြင်ပြောင်းလဲရေးတော့ ပြောနေကြတယ်။ ကိုယ်ကိုယ်တိုင်က မပြုပြင်၊ မပြောင်းလဲဘူး။
လုပ်ပိုင်ခွင့် ရှိသွားတဲ့လူတွေက ကိုယ့်အလှည့် လည်းကျရော ရှိရင်းစွဲ အမြင်တွေ၊ အတွေးတွေ ပြန်ရောက်ပြီး ကိုယ်က အဲဒီလို ပြန်ကျင့်သုံးချင်နေတယ်။ ဒါက ပြုပြင် ပြောင်းလဲရေး သမားမဟုတ်ဘူး။
ဘာလုပ်လုပ် ဥပဒေသမားနဲ့ တိုင်ပင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ တရားဥပဒေ စိုးမိုးမှု မရှိဘဲ ဒီမိုကရေစီကို သွားလို့ မရဘူး။ ဒီမှာလည်း ရှိပါတယ်၊ တချို့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်းရှိတယ်။
ဘာလဲဆိုတော့ ကိုယ်လုပ်ချင်တာပဲ စွတ်ပြီး လုပ်ချင်နေသ လား မသိဘူး။ ဥပဒေချုပ်တို့ စာရင်းစစ်ချုပ်တို့ကို မတိုင်ပင်ဘူး။ လွဲတော့ မှားတော့ ဘယ်သူ ခံရမလဲ။ ကိုယ်ပဲခံရမှာ။
ကျနော် တည့်တည့်ပြောမယ်။ ကျနော်ငွေစာရင်း နာမလည်ဘူး။ ဒါအမှန်ပဲ။ ကိုယ်နား မလည်တာ နားမလည်ဘူး ပြောတာ ဘာမှ ရှက်စရာ မဟုတ်ဘူး။
ဒါပေမယ့် လွှတ်တော်မှာဖြစ်ဖြစ်၊ အခုသမ္မတ ရုံးမှာဖြစ်ဖြစ် ငွေစာ ရင်းနဲ့ ပတ်သတ်လို့ ရှိရင် ကျနော်ကြည့်တယ်။ မရှင်းရင် သေချာမေးတယ်။ သေ ချာရှင်းခိုင်းတယ်။
စာရင်းအင်းပညာရှင်ခန့်ထားတာ အလကား မ ဟုတ်ဘူး။ စာရင်းစစ်ချုပ်၊ ဥပဒေချုပ်ဆိုတာ ပြည် နယ်နဲ့တိုင်း အစိုးရကို အထောက်အပံ့ ဖြစ်ပါစေတော့ဆိုပြီး အဆောင်အယောင်၊
လစာ ခံစားခွင့်၊ ချီးမြှင့်ငွေတွေ ပေးထားတာ အလကားသက်သက်ပေးထားတာ မဟုတ်ဘူး။ ဒါတွေ တိုင်ပင်ဖို့လိုတယ်။ ပြောင်းပါ၊ အချိန်ရှိပါသေးတယ်။ ကြိုးစားပါ။
ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ဆန္ဒရှိတယ် ၊ ဝိရိယရှိတယ်၊ ဉာဏ်ပညာ ရှိတယ်။ လုံ့လရှိတယ်ဆိုရင် ပြောင်းလဲစရာရှိတယ်။
ဒီလိုမဟုတ်ဘဲနဲ့ လစာနဲ့၊ အဆောင်အယောင်နဲ့၊ ချီး မြှင့်ငွေပေါ်မှာ သာယာပြီးတော့၊ ဒီရာထူးအပေါ်မှာ ပျော်မွေ့ပြီးတော့၊ မလုပ်မရှုပ် မပြုတ် လုပ်မယ်ဆိုရင်တော့
ကျနော်တို့သွားချင်တဲ့ ရည်ရွယ်ချက်၊ ကျနော်တို့ လျှောက်ချင်တဲ့ပန်းတိုင်နဲ့ ဝေးနေဦးမှာပဲ။
ဦးဝင်းမြင့် (နိုင်ငံတော်သမ္မတ)