News

KNU ကော်သူးလေအုပ္ခ်ုပ္နယ်ေျမအတြင်း

KNU ကော်သူးလေအုပ္ခ်ုပ္နယ်ေျမအတြင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ KNU က စနိုက်ပါဖြင့်ပစ်ခတ်ခံရ၍ သေဆုံး(ရုပ်/သံ)

KNU ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း နိုဝင်ဘာလတွင် စစ်ကောင်စီ၊ လက်ပါးစေ BGF ပူးပေါင်းတပ်နှင့် KNLA၊ KNDO တို့ကြား တိုက်ပွဲ ၂၀၆ ကြိမ်ဖြစ်ပွား၊ စစ်ကောင်စီနှင့် BGF တပ်သား ၁၉၀ သေဆုံး၊ ၁၅၉ ဦး ဒဏ်ရာရ (ရုပ်/သံ)

ရန်ကုန်၊ ဒီဇင်ဘာ ၇

ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကော်သူးလေ အုပ်ချုပ်နယ်မြေတွင် နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်၊ လက်ပါးစေ ကရင်နယ်ခြားစောင့်တပ်များနှင့် KNDO၊ KNLA တို့ကြား

နိုဝင်ဘာ ၁ လအတွင်း တိုက်ပွဲပေါင်း ၂၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့များမှ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ တပ်ကြပ် ၂ ဦးအပါအဝင် ၁၉၀ သေဆုံးပြီး ၁၅၉ ဦး ဒဏ်ရာရကြောင်း KNU က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲများအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO ဘက်မှာမူ (၇) ဦး သေဆုံး၍ (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU က ဆိုသည်။

KNU ကော်သူးလေအုပ္ခ်ုပ္နယ်ျေမအတြင်း



ရန်ကုန်၊ ဒီဇင်ဘာ ၇








အောက်တိုဘာလ ၁ ရက်မှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီက ၅ လတာ အပစ်အခတ်ရပ်စဲရေးကြေငြာထားခဲ့ပြီး

အောက်တိုဘာလအတွင်းမှာပင် တိုက်ပွဲ ၂၇၅ ကြိမ်ဖြစ်ပွားခဲ့ကြောင်းနှင့် ယခင်လများထက် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု ပိုများကြောင်း၊ စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် BGF များသည်လည်း

လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်တိုက်ကျူးလွန်နေကြောင်း KNU ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြသည်။

ဗီဒီယို – ကော်သူးလေနယ်မြေအတွင်း တပ်စွဲထားသော စစ်ကောင်စီစခန်း ကို KNLA ဝင်ရောက်ပစ်ခတ်စဉ်