Knowledge

မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီးရှစ်ခွန်း (အရမ်းကောင်းလို့ အချိန် ၂ မိနစ်လောက်ပေးဖတ်ပါ)

မိခင်တစ်ယောက်၏ အလှပဆုံးသော မုသားစကားကြီးရှစ်ခွန်း (အရမ်းကောင်းလို့ အချိန် ၂ မိနစ်လောက်ပေးဖတ်ပါ)

ကျွန်တော်ကလေးဘဝအရွယ်တုံးက အဖြစ်အပျက်လေးတစ်ခုပါ ။ ဆင်းရဲနွမ်းပါးတဲ့ ကျွန်တော်တို့မိသားစုမှာ နေ့စဉ်ထမင်းနပ်မှန်အောင်စားဖို့တောင် မသေချာတဲ့နေ့တွေရှိခဲ့တယ် ။

ဒါပေမဲ့အမေကတော့မကြာခဏ သူ့ပန်းကန်ထဲက ထမင်းတွေကိုယူယူပြီး ကျွန်တော့်ထဲအမြဲထည့်ထည့်ပေးတတ်တယ် ။ ပြီးရင် အမေပြောတဲ့ စကားတစ်ခွန်းရှိတယ် ။ “စားငါ့သား အမေ သိပ်မဆာဘူး ” အဲ့ဒါကျွန်တော်သိတတ်စအရွယ်က အမေ့ရဲ့ ပထမဆုံး မုသားစကားလေးပါ။

ကျွန်တော်နည်းနည်းအရွယ်ရောက်လာတော့ ပိန်လှီသေးကွေးရှာတဲ့ကျွန်တော့်ကို အာဟာရဓါတ်ပြည့်ဝစေချင်တဲ့စိတ်နဲ့ အိမ်ဘေးနားက မြစ်ကမ်းနံဘေးမှာ အမေရယ်ကျွန်တော်ရယ် ငါးသွားမျှားတယ် ။ အဲ့ဒီနေ့ကငါးနှစ်ကောင်မိတော့ အမေငါးဟင်းချိုလုပ်တိုက်တယ် ။ ကျွန်တော်ဟင်းချိုကို အားရပါးရသောက်နေတုံး အမေကကျွန်တော့်ဘေးကနေထိုင်ကြည့်ပြီး ကြည်နူးမှုအပြည့်နဲ့ ။

တခါတလေ ကျွန်တော်စားထားတဲ့ အကြွင်းအကျန်ငါးရိုးလေးတွေယူစားတယ်။ ဒါကိုမြင်ပြီး ကျွန်တော်စိတ်မကောင်းတော့ ငါးအသားလေးဖဲ့ပြီး အမေ့ကိုကျွေးတယ်။ အမေမစားဘူး ။ ပြီးတော့ပြောတယ် ။ “စားငါ့သား အမေငါးသိပ်မကြိုက်ဘူး..” အဲ့ဒါအမေ့ရဲ့ ဒုတိယမြောက်မုသား။

ကျွန်တော်ကျောင်းနေရမဲ့ အရွယ်ရောက်ပြီ။ အမေကမီးခြစ်ဆံထုတ်လုပ်တဲ့ စက်ရုံတစ်ခုမှာ မီးခြစ်ဆံဖြည့်တဲ့ အလုပ်လေးယူလုပ်တယ် ။ ညဘက်အိမ်ယူပြီးလုပ်ရတာဆိုတော့ ကျွန်တော့်ကိုလဲ စောင့်ရှောက်ကြည့်ရှုနိုင်သေးလို့ အမေသဘောကျတယ် ။

တညကျွန်တော်နိုးလာတဲ့အချိန် (တော်တော်ညဉ့်နက် နောက်ကျနေပြီ) အမေဖယောင်းတိုင်မီးလေးထွန်းပြီး ဗူးလေးတွေထဲကို မီးခြစ်ဆံဖြည့်တဲ့အလုပ်တွေ လုပ်နေတုံးပဲ။ “အမေအရမ်းမိုးချုပ်နေပြီအိပ်ပါတော့ မနက်မှဆက်လုပ်လို့ရတာပဲ” လို့ ကျွန်တော်ပြောတော့ အမေကပြုံးပြီးပြန်ပြောတယ် ။ “သွားအိပ်ငါ့သား အမေအိပ်ချင်စိတ်မရှိသေးလို့ ဆက်လုပ်လိုက်ဦးမယ်” တဲ့ ။ အမေ့ရဲ့တတိယမြောက် မုသားစကားလေးပါ။

တခါတုံးက ကျွန်တော်အတန်းတင်စာမေးပွဲဖြေတဲ့နေ့မှာ အမေ ကျွန်တော့်ကိုလိုက်ပို့ပြီး အခန်းအပြင်ဘက်တနေရာက ထိုင်စောင့်တယ်။ ပူပြင်းလှတဲ့နေရောင်ဒဏ်ကို သိပ်အကာအကွယ်မပေးနိုင်ရှာတဲ့ နေရာတစ်ခုမှာ နာရီပေါင်းများစွာ အမေကျွန်တော့်ကိုထိုင်စောင့်တယ် ။ စာမေးပွဲပြီးပြီးချင်း အမေ့ဆီကျွန်တော် အပြေးအလွှားသွားတယ် ။ အမေကျွန်တော့်ကိုဖက်ထားပြီး အသင့်ပြင်ဆင်လာတဲ့ အချိုရည်အေးအေးလေးတခွက်တိုက်တယ် ။

တကိုယ်လုံးချွေးတွေရွှဲနေရှာတဲ့ အမေ့ကိုမြင်တော့ ကျွန်တော် စိတ်မကောင်းဘူး ။ “အမေလဲသောက်ဦးလေ” လို့ ပြောတော့ အမေ့ထုံးစံအတိုင်း “ငါ့သားပဲသောက်ပါ အမေရေမဆာဘူး” တဲ့ ။ အဲ့ဒါအမေရဲ့စတုတ္ထမြောက် မုသားစကားတစ်ခွန်း။

သိပ်မကြာခင်အဖေဆုံးတယ် ။ အတန်းကြီးလာပြီဖြစ်တဲ့ ကျွန်တော်တို့ပညာရေးနဲ့အိမ်ကိစ္စက အမေ့တာဝန်လုံးလုံးဖြစ်ပြီ။ အမေအပြင်ထွက်အလုပ်လုပ်ပြီး ငွေရှာရတော့ အိမ်မှာကျန်ခဲ့တဲ့ ကျွန်တော်တို့တွေ ငတ်တလှည့်ပြတ်တလှည့်။ မိသားစု အခြေအနေ ဆိုးသထက်ဆိုးတာမြင်လာတဲ့ အိမ်နားကအမေ့မိတ်ဆွေက ကျွန်တော်တို့ကို ရံဖန်ရံခါလာစောင့်ရှောက်တယ်။

ပတ်ဝန်းကျင်ကအမေ့ကို သူနဲ့ပဲနောက် အိမ်ထောင်တစ်ခုထူလိုက်ဖို့ တိုက်တွန်းကြတယ် ။ အမေခပ်ပြတ်ပြတ်ငြင်းဆိုပြီး အခိုင်အမာ စကားတစ်ခွန်းဆိုတယ် ”ကျွန်မဘဝအတွက် ကျွန်မကလေးတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ လုံလောက်တယ်” တဲ့ ။ အမေ့ရဲ့ ပဉ္စမမြောက်မုသား။

ကျွန်တော်ကျောင်းပြီးသွားတော့ အလုပ်ကလေးတစ်ခုရတယ် ။ ကျွန်တော်ကအမေ့ကို အနားယူစေချင်ပြီ။ ဒါပေမဲ့အမေ လက်မခံဘူး ။ မနက်မနက်ဈေးထဲသွားပြီး ဟင်းသီးဟင်းရွက်တွေရောင်းတုံးပဲ။ ကျွန်တော်ပို့တဲ့ပိုက်ဆံတွေ ကျွန်တော့်ဆီပြန်ပြန်ပို့ပြီး “အမေ့ဆီမပို့နဲ့ငါ့သား အမေ့မှာလုံလောက်တယ် သားဘာသာစုထား” တဲ့ အမေဆဌမမြောက်မုသားကို ပြောတယ်။

နောက်ကျွန်တော်မာစတာဒီဂရီကို အချိန်ပိုင်းဆက်လေ့လာနေတဲ့အချိန် အတော်အတန်ကြီးတဲ့ အမေရိကန်ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ် ။ ကျောင်းပြီးပြီးချင်း ကျွန်တော့်လစာတိုးတော့ အမေ့ကိုကျွန်တော်နဲ့အတူ အမေရိကားမှာပဲ ပျော်ရွှင်စရာကောင်းတဲ့ဘဝကို ဖြတ်သန်းစေချင်တယ် ။ ဒါပေမဲ့အမေက ကျွန်တော့်ဘဝကို သူ့အတွက်နဲ့တာဝန်အပိုတွေ မရှိစေချင်ဘူး ။ အမေကပြောတယ် ”အဲ့ဒီလိုဘဝကြီးမှာ အမေနေတတ်မှာ မဟုတ်ပါဘူး သားရယ် ” တဲ့ ။ အမေရဲ့ သတ္တမမြောက်မုသားစကားလေးတစ်ခွန်းပေါ့။

ဇရာကထောင်း ပင်ပန်းမှုအပေါင်းခါးစည်းရင်ဆိုင်ခဲ့ရတဲ့အမေ အရွယ်တော်တော်ကျခဲ့ပြီ ။ လောကဓံကထပ်ရက်စက်တယ် ။ ကင်ဆာရောဂါနဲ့ ဆေးရုံတက်နေရချိန် အမေ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ကျွန်တော် (ဘာဆိုဘာမှထည့်တွက်မနေပဲ အားလုံးကို ပစ်ထားခဲ့ပြီး) အမေ့အနားကိုပြန်လာခဲ့တယ် ။ အမေဝေဒနာကို အလူးအလဲခံစားရချိန်တွေမှာ အမေ့ကိုကြည့်ပြီး ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ။

အမေမမြင်အောင် ဂရုစိုက်နေပေမဲ့လဲ တခါတလေတွေ့မြင်သွားတဲ့အမေက အားတင်းကြိုးစားပြုံးပြီးပြောတယ် “မငိုနဲ့ငါ့သား အမေအရမ်းနာနာကျင်ကျင်မခံစားရပါဘူး ”တဲ့ ။ အဲ့ဒီလိုအဌမမြောက်မုသားကို ပြောပြီး အမေ လူ့လောကထဲကထွက်ခွါသွားခဲ့တယ်။

အကြွင်းမဲ့မေတ္တာတော်နဲ့ ကျွန်တော့်ဘဝရဲ့မာတာမိခင်ဟာ သားသမီးများအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာအတွက် (တာဝန်ကျေပွန်စွာနဲ့) သူ့ကိုယ်သူအနစ်နာခံတဲ့ မုသားစကားလုံးလေးတွေသုံးပြီး လောကအလယ်မှာ ကျွန်တော်တို့ကိုစိတ်ချလက်ချ ချန်ထားနှုတ်ဆက်သွားခဲ့ပါပြီ ။

ကျွန်တော်တို့ကရော အဲ့ဒီလိုမိခင်တွေရဲ့ ရင်းနှီးပေးဆပ်ခဲ့တဲ့ ဘဝတွေအတွက် ထိုက်ထိုက်တန်တန် ပြန်ပေးဆပ်ခဲ့ပါသလား ။ ခုချိန်ကျွန်တော့်ရင်ထဲက အမေးစကားကိုအမေကြားရင် နဝမမြောက်မုသားစကားတစ်ခွန်းကို ဆိုလေဦးမလားလို့ ကျွန်တော် ဝမ်းပမ်းတနည်း တွေးနေမိတယ် ။

မိခင္တစ္ေယာက္၏ အလွပဆုံးေသာ မုသားစကားႀကီး႐ွစ္ခြန္း (အရမ္းေကာင္းလို႔ အခ်ိန္ ၂ မိနစ္ေလာက္ေပးဖတ္ပါ)

ကြၽန္ေတာ္ကေလးဘဝအ႐ြယ္တုံးက အျဖစ္အပ်က္ေလးတစ္ခုပါ ။ ဆင္းရဲႏြမ္းပါးတဲ့ ကြၽန္ေတာ္တို႔မိသားစုမွာ ေန႔စဥ္ထမင္းနပ္မွန္ေအာင္စားဖို႔ေတာင္ မေသခ်ာတဲ့ေန႔ေတြ႐ွိခဲ့တယ္ ။

ဒါေပမဲ့အေမကေတာ့မၾကာခဏ သူ႕ပန္းကန္ထဲက ထမင္းေတြကိုယူယူၿပီး ကြၽန္ေတာ့္ထဲအၿမဲထည့္ထည့္ေပးတတ္တယ္ ။ ၿပီးရင္ အေမေျပာတဲ့ စကားတစ္ခြန္း႐ွိတယ္ ။ “စားငါ့သား အေမ သိပ္မဆာဘူး ” အဲ့ဒါကြၽန္ေတာ္သိတတ္စအ႐ြယ္က အေမ့ရဲ႕ ပထမဆုံး မုသားစကားေလးပါ။

ကြၽန္ေတာ္နည္းနည္းအ႐ြယ္ေရာက္လာေတာ့ ပိန္လွီေသးေကြး႐ွာတဲ့ကြၽန္ေတာ့္ကို အာဟာရဓါတ္ျပည့္ဝေစခ်င္တဲ့စိတ္နဲ႔ အိမ္ေဘးနားက ျမစ္ကမ္းနံေဘးမွာ အေမရယ္ကြၽန္ေတာ္ရယ္ ငါးသြားမွ်ားတယ္ ။ အဲ့ဒီေန႔ကငါးႏွစ္ေကာင္မိေတာ့ အေမငါးဟင္းခ်ိဳလုပ္တိုက္တယ္ ။ ကြၽန္ေတာ္ဟင္းခ်ိဳကို အားရပါးရေသာက္ေနတုံး အေမကကြၽန္ေတာ့္ေဘးကေနထိုင္ၾကည့္ၿပီး ၾကည္ႏူးမႈအျပည့္နဲ႔ ။

တခါတေလ ကြၽန္ေတာ္စားထားတဲ့ အႂကြင္းအက်န္ငါး႐ိုးေလးေတြယူစားတယ္။ ဒါကိုျမင္ၿပီး ကြၽန္ေတာ္စိတ္မေကာင္းေတာ့ ငါးအသားေလးဖဲ့ၿပီး အေမ့ကိုေကြၽးတယ္။ အေမမစားဘူး ။ ၿပီးေတာ့ေျပာတယ္ ။ “စားငါ့သား အေမငါးသိပ္မႀကိဳက္ဘူး..” အဲ့ဒါအေမ့ရဲ႕ ဒုတိယေျမာက္မုသား။

ကြၽန္ေတာ္ေက်ာင္းေနရမဲ့ အ႐ြယ္ေရာက္ၿပီ။ အေမကမီးျခစ္ဆံထုတ္လုပ္တဲ့ စက္႐ုံတစ္ခုမွာ မီးျခစ္ဆံျဖည့္တဲ့ အလုပ္ေလးယူလုပ္တယ္ ။ ညဘက္အိမ္ယူၿပီးလုပ္ရတာဆိုေတာ့ ကြၽန္ေတာ့္ကိုလဲ ေစာင့္ေ႐ွာက္ၾကည့္႐ႈႏိုင္ေသးလို႔ အေမသေဘာက်တယ္ ။

တညကြၽန္ေတာ္ႏိုးလာတဲ့အခ်ိန္ (ေတာ္ေတာ္ညဥ့္နက္ ေနာက္က်ေနၿပီ) အေမဖေယာင္းတိုင္မီးေလးထြန္းၿပီး ဗူးေလးေတြထဲကို မီးျခစ္ဆံျဖည့္တဲ့အလုပ္ေတြ လုပ္ေနတုံးပဲ။ “အေမအရမ္းမိုးခ်ဳပ္ေနၿပီအိပ္ပါေတာ့ မနက္မွဆက္လုပ္လို႔ရတာပဲ” လို႔ ကြၽန္ေတာ္ေျပာေတာ့ အေမကျပဳံးၿပီးျပန္ေျပာတယ္ ။ “သြားအိပ္ငါ့သား အေမအိပ္ခ်င္စိတ္မ႐ွိေသးလို႔ ဆက္လုပ္လိုက္ဦးမယ္” တဲ့ ။ အေမ့ရဲ႕တတိယေျမာက္ မုသားစကားေလးပါ။

တခါတုံးက ကြၽန္ေတာ္အတန္းတင္စာေမးပြဲေျဖတဲ့ေန႔မွာ အေမ ကြၽန္ေတာ့္ကိုလိုက္ပို႔ၿပီး အခန္းအျပင္ဘက္တေနရာက ထိုင္ေစာင့္တယ္။ ပူျပင္းလွတဲ့ေနေရာင္ဒဏ္ကို သိပ္အကာအကြယ္မေပးႏိုင္႐ွာတဲ့ ေနရာတစ္ခုမွာ နာရီေပါင္းမ်ားစြာ အေမကြၽန္ေတာ့္ကိုထိုင္ေစာင့္တယ္ ။ စာေမးပြဲၿပီးၿပီးခ်င္း အေမ့ဆီကြၽန္ေတာ္ အေျပးအလႊားသြားတယ္ ။ အေမကြၽန္ေတာ့္ကိုဖက္ထားၿပီး အသင့္ျပင္ဆင္လာတဲ့ အခ်ိဳရည္ေအးေအးေလးတခြက္တိုက္တယ္ ။

တကိုယ္လုံးေခြၽးေတြ႐ႊဲေန႐ွာတဲ့ အေမ့ကိုျမင္ေတာ့ ကြၽန္ေတာ္ စိတ္မေကာင္းဘူး ။ “အေမလဲေသာက္ဦးေလ” လို႔ ေျပာေတာ့ အေမ့ထုံးစံအတိုင္း “ငါ့သားပဲေသာက္ပါ အေမေရမဆာဘူး” တဲ့ ။ အဲ့ဒါအေမရဲ႕စတုတၳေျမာက္ မုသားစကားတစ္ခြန္း။

သိပ္မၾကာခင္အေဖဆုံးတယ္ ။ အတန္းႀကီးလာၿပီျဖစ္တဲ့ ကြၽန္ေတာ္တို႔ပညာေရးနဲ႔အိမ္ကိစၥက အေမ့တာဝန္လုံးလုံးျဖစ္ၿပီ။ အေမအျပင္ထြက္အလုပ္လုပ္ၿပီး ေငြ႐ွာရေတာ့ အိမ္မွာက်န္ခဲ့တဲ့ ကြၽန္ေတာ္တို႔ေတြ ငတ္တလွည့္ျပတ္တလွည့္။ မိသားစု အေျခအေန ဆိုးသထက္ဆိုးတာျမင္လာတဲ့ အိမ္နားကအေမ့မိတ္ေဆြက ကြၽန္ေတာ္တို႔ကို ရံဖန္ရံခါလာေစာင့္ေ႐ွာက္တယ္။

ပတ္ဝန္းက်င္ကအေမ့ကို သူနဲ႔ပဲေနာက္ အိမ္ေထာင္တစ္ခုထူလိုက္ဖို႔ တိုက္တြန္းၾကတယ္ ။ အေမခပ္ျပတ္ျပတ္ျငင္းဆိုၿပီး အခိုင္အမာ စကားတစ္ခြန္းဆိုတယ္ ”ကြၽန္မဘဝအတြက္ ကြၽန္မကေလးေတြရဲ႕ ခ်စ္ျခင္းေမတၱာနဲ႔ လုံေလာက္တယ္” တဲ့ ။ အေမ့ရဲ႕ ပၪၥမေျမာက္မုသား။

ကြၽန္ေတာ္ေက်ာင္းၿပီးသြားေတာ့ အလုပ္ကေလးတစ္ခုရတယ္ ။ ကြၽန္ေတာ္ကအေမ့ကို အနားယူေစခ်င္ၿပီ။ ဒါေပမဲ့အေမ လက္မခံဘူး ။ မနက္မနက္ေဈးထဲသြားၿပီး ဟင္းသီးဟင္း႐ြက္ေတြေရာင္းတုံးပဲ။ ကြၽန္ေတာ္ပို႔တဲ့ပိုက္ဆံေတြ ကြၽန္ေတာ့္ဆီျပန္ျပန္ပို႔ၿပီး “အေမ့ဆီမပို႔နဲ႔ငါ့သား အေမ့မွာလုံေလာက္တယ္ သားဘာသာစုထား” တဲ့ အေမဆဌမေျမာက္မုသားကို ေျပာတယ္။

ေနာက္ကြၽန္ေတာ္မာစတာဒီဂရီကို အခ်ိန္ပိုင္းဆက္ေလ့လာေနတဲ့အခ်ိန္ အေတာ္အတန္ႀကီးတဲ့ အေမရိကန္ကုမၸဏီတစ္ခုမွာ အလုပ္ရတယ္ ။ ေက်ာင္းၿပီးၿပီးခ်င္း ကြၽန္ေတာ့္လစာတိုးေတာ့ အေမ့ကိုကြၽန္ေတာ္နဲ႔အတူ အေမရိကားမွာပဲ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ဘဝကို ျဖတ္သန္းေစခ်င္တယ္ ။ ဒါေပမဲ့အေမက ကြၽန္ေတာ့္ဘဝကို သူ႕အတြက္နဲ႔တာဝန္အပိုေတြ မ႐ွိေစခ်င္ဘူး ။ အေမကေျပာတယ္ ”အဲ့ဒီလိုဘဝႀကီးမွာ အေမေနတတ္မွာ မဟုတ္ပါဘူး သားရယ္ ” တဲ့ ။ အေမရဲ႕ သတၱမေျမာက္မုသားစကားေလးတစ္ခြန္းေပါ့။

ဇရာကေထာင္း ပင္ပန္းမႈအေပါင္းခါးစည္းရင္ဆိုင္ခဲ့ရတဲ့အေမ အ႐ြယ္ေတာ္ေတာ္က်ခဲ့ၿပီ ။ ေလာကဓံကထပ္ရက္စက္တယ္ ။ ကင္ဆာေရာဂါနဲ႔ ေဆး႐ုံတက္ေနရခ်ိန္ အေမ့ရဲ႕ေနာက္ဆုံးေန႔ရက္ေတြမွာ ကြၽန္ေတာ္ (ဘာဆိုဘာမွထည့္တြက္မေနပဲ အားလုံးကို ပစ္ထားခဲ့ၿပီး) အေမ့အနားကိုျပန္လာခဲ့တယ္ ။ အေမေဝဒနာကို အလူးအလဲခံစားရခ်ိန္ေတြမွာ အေမ့ကိုၾကည့္ၿပီး ကြၽန္ေတာ္ မ်က္ရည္ေတြ မထိန္းႏိုင္ခဲ့ဘူး ။

အေမမျမင္ေအာင္ ဂ႐ုစိုက္ေနေပမဲ့လဲ တခါတေလေတြ႕ျမင္သြားတဲ့အေမက အားတင္းႀကိဳးစားျပဳံးၿပီးေျပာတယ္ “မငိုနဲ႔ငါ့သား အေမအရမ္းနာနာက်င္က်င္မခံစားရပါဘူး ”တဲ့ ။ အဲ့ဒီလိုအဌမေျမာက္မုသားကို ေျပာၿပီး အေမ လူ႕ေလာကထဲကထြက္ခြါသြားခဲ့တယ္။

အႂကြင္းမဲ့ေမတၱာေတာ္နဲ႔ ကြၽန္ေတာ့္ဘဝရဲ႕မာတာမိခင္ဟာ သားသမီးမ်ားအေပၚထားတဲ့ ခ်စ္ျခင္းေမတၱာအတြက္ (တာဝန္ေက်ပြန္စြာနဲ႔) သူ႕ကိုယ္သူအနစ္နာခံတဲ့ မုသားစကားလုံးေလးေတြသုံးၿပီး ေလာကအလယ္မွာ ကြၽန္ေတာ္တို႔ကိုစိတ္ခ်လက္ခ် ခ်န္ထားႏႈတ္ဆက္သြားခဲ့ပါၿပီ ။

ကြၽန္ေတာ္တို႔ကေရာ အဲ့ဒီလိုမိခင္ေတြရဲ႕ ရင္းႏွီးေပးဆပ္ခဲ့တဲ့ ဘဝေတြအတြက္ ထိုက္ထိုက္တန္တန္ ျပန္ေပးဆပ္ခဲ့ပါသလား ။ ခုခ်ိန္ကြၽန္ေတာ့္ရင္ထဲက အေမးစကားကိုအေမၾကားရင္ နဝမေျမာက္မုသားစကားတစ္ခြန္းကို ဆိုေလဦးမလားလို႔ ကြၽန္ေတာ္ ဝမ္းပမ္းတနည္း ေတြးေနမိတယ္ ။