News

အျပစ္မဲ့ရြာသားေတြကို အရွင္လတ္လတ္မီးရိႈ႕သတ္ခဲ့(ရုပ္သံ)

အျပစ္မဲ့ရြာသားေတြကို အရွင္လတ္လတ္မီးရိႈ႕သတ္ခဲ့(ရုပ္သံ)

စစ္တပ္က ဆားလင္းႀကီးၿမိဳ႕နယ္၊ ဒုန္းေတာေက်းရြာသား ၁၁ ဦးကို ဘယ္လို ရက္ရက္စက္စက္ အရွင္လတ္လတ္ မီးရွို႔သတ္ျဖတ္သြားသလဲ

(႐ုပ္/သံ)ကို ေအာက္ဆံုးတြင္ေဖာ္ျပေပးထားပါတယ္။

By ရန္ကုန္ေခတ္သစ္

စစ္ကိုင္းတိုင္း၊ ဆားလင္းႀကီးၿမိဳ႕နယ္၊ ဒုန္းေတာေက်းရြာမွ ေက်းရြာသား ၁၁ ဦးကို စစ္တပ္က

ယေန႔ ဒီဇင္ဘာလ ၇ ရက္ေန႔ နံနက္ ၈ နာရီေက်ာ္တြင္ ႀကိဳးတုပ္ၿပီး ကိုင္းေတာတြင္ မီးရွို႔သတ္ျဖတ္သြားေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္ သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

ယမန္ေန႔ ညပိုင္းမွစတင္ၿပီး မုံရြာ-ပုသိမ္လမ္းတြင္ စစ္ေကာင္စီတပ္မ်ား မိုင္းခြဲခံရေၾကာင္း၊ ယေန႔ နံနက္ပိုင္းတြင္ မိုင္းခြဲခံရမႈကို အစာမေက်သျဖင့္

လမ္းမေဘးရွိ ရြာမ်ားကို စစ္ေကာင္စီတပ္မ်ားက ဝင္ေရာက္စီးနင္းေၾကာင္း၊

ယင္းေနာက္ ထပ္မံ မိုင္းဆြဲခံရသျဖင့္ ဒုန္းေတာေက်းရြာအတြင္းသို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ဝင္ေရာက္ကာ

ေက်းရြာသား ၁၁ ဦးကို ႀကိဳးတုပ္ၿပီး မီးရွို႔သတ္ျဖတ္သြားျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ေျပာဆိုသည္။

“စစ္တပ္က မနက္ ၈ နာရီေက်ာ္ေက်ာ္ေလာက္ကို ေရႊေတာင္ကုန္းကေန ဆင္းလာတာ။ ဆင္းလာၿပီးေတာ့ ရြာေတြကို ေမႊတာ၊ တစ္ရြာခ်င္းစီေမႊတယ္။

အဲဒီမွာ ပင္းတယရြာထိပ္မွာရွိတဲ့ ရြာသားတစ္ေယာက္ကို ပစ္သတ္သြားတယ္။

အဲဒီမွာ တစ္ျခားရြာေတြ သြားဖို႔ စပါးတံတားေပၚေရာက္ေတာ့ မိုင္းကြဲတယ္။

လက္နက္ႀကီးေတြနဲ႔ ရြာေတြကို စထုတယ္။ ဒုန္းေတာရြာကို ဝင္စီးတယ္။

အျပစ္မဲ့ အရပ္သား ၁၁ ဦးကို ႀကိဳးနဲ႔တုပ္ၿပီး ကိုင္းေတာထဲမွာ မီးရွို႔သြားတယ္။

ရြာသားေတြက ဒုန္းေတာရြာခံေတြျဖစ္ဖို႔မ်ားတယ္။ ရြာကထြက္သြားၿပီးေတာ့ ေလညႇင္းေတာင္မွာ တပ္စြဲထားတယ္။ ရြာသားေတြက အကုန္ေျပးကုန္ၾကၿပီ” ဟု

ေဒသခံတစ္ဦးကရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ေျပာဆိုသည္။

ဆားလင္းႀကီးၿမိဳ႕နယ္မွ ေဒသခံတစ္ဦးကလည္း စစ္တပ္က ေက်းရြာသား ၁၁ ဦးကို အရွင္လတ္လတ္ ႀကိဳးတုပ္၍ မီးရွို႔သတ္ျဖတ္သျဖင့္

ေအာ္သံႏွင့္ ႐ုန္းကန္သံမ်ား ၾကားရေသာ္လည္း မကူညီနိုင္ခဲ့ေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။

Khit Thit Media

Unicode Version

အပြစ်မဲ့ရွာသားတွေကို အရှင်လတ်လတ်မီးရှို့သတ်ခဲ့(ရုပ်သံ)

စစ်တပ်က ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာသား ၁၁ ဦးကို ဘယ်လို ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားသလဲ

(ရုပ်/သံ)ကို အောက်ဆုံးတွင်ဖော်ပြပေးထားပါတယ်။

By ရန်ကုန်ခေတ်သစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာမှ ကျေးရွာသား ၁၁ ဦးကို စစ်တပ်က

ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၈ နာရီကျော်တွင် ကြိုးတုပ်ပြီး ကိုင်းတောတွင် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ် သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယမန်နေ့ ညပိုင်းမှစတင်ပြီး မုံရွာ-ပုသိမ်လမ်းတွင် စစ်ကောင်စီတပ်များ မိုင်းခွဲခံရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် မိုင်းခွဲခံရမှုကို အစာမကျေသဖြင့်

လမ်းမဘေးရှိ ရွာများကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းကြောင်း၊

ယင်းနောက် ထပ်မံ မိုင်းဆွဲခံရသဖြင့် ဒုန်းတောကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ကာ

ကျေးရွာသား ၁၁ ဦးကို ကြိုးတုပ်ပြီး မီးရှို့သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“စစ်တပ်က မနက် ၈ နာရီကျော်ကျော်လောက်ကို ရွှေတောင်ကုန်းကနေ ဆင်းလာတာ။ ဆင်းလာပြီးတော့ ရွာတွေကို မွှေတာ၊ တစ်ရွာချင်းစီမွှေတယ်။

အဲဒီမှာ ပင်းတယရွာထိပ်မှာရှိတဲ့ ရွာသားတစ်ယောက်ကို ပစ်သတ်သွားတယ်။

အဲဒီမှာ တစ်ခြားရွာတွေ သွားဖို့ စပါးတံတားပေါ်ရောက်တော့ မိုင်းကွဲတယ်။

လက်နက်ကြီးတွေနဲ့ ရွာတွေကို စထုတယ်။ ဒုန်းတောရွာကို ဝင်စီးတယ်။

အပြစ်မဲ့ အရပ်သား ၁၁ ဦးကို ကြိုးနဲ့တုပ်ပြီး ကိုင်းတောထဲမှာ မီးရှို့သွားတယ်။

ရွာသားတွေက ဒုန်းတောရွာခံတွေဖြစ်ဖို့များတယ်။ ရွာကထွက်သွားပြီးတော့ လေညှင်းတောင်မှာ တပ်စွဲထားတယ်။ ရွာသားတွေက အကုန်ပြေးကုန်ကြပြီ” ဟု

ဒေသခံတစ်ဦးကရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

ဆားလင်းကြီးမြို့နယ်မှ ဒေသခံတစ်ဦးကလည်း စစ်တပ်က ကျေးရွာသား ၁၁ ဦးကို အရှင်လတ်လတ် ကြိုးတုပ်၍ မီးရှို့သတ်ဖြတ်သဖြင့်

အော်သံနှင့် ရုန်းကန်သံများ ကြားရသော်လည်း မကူညီနိုင်ခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

Khit Thit Media