မႏၲေလးတြင္ စစ္ေကာင္စီလက္ခ်က္ျဖင့္ေသဆံုးခဲ႔တဲ႔ ၅ႏွစ္အ႐ြယ္ မအိသႏၲာေအာင္၏စ်ာပန…
တပ္စြဲထားသည့္ ရပ္ကြက္႐ုံး၌ ေပါက္ကြဲမႈျဖစ္ခ်ိန္တြင္ စစ္သားတို႔က ရမ္းသန္းပစ္၍ မ်က္ႏွာခ်င္းဆိုင္ ေနအိမ္ေ႐ွ႕တြင္ ကစားေနသည့္ ကေလးငယ္ ဦးေခါင္းက်ည္ထိမွန္၍ ပြဲခ်င္းၿပီးေသဆုံးသည္။
မႏၲေလးၿမိဳ႕၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္တြင္ ယမန္ေန႔ (ဒီဇင္ဘာ ၆) ညေနပိုင္းက စစ္သားမ်ား၏ ပစ္ခတ္မႈေၾကာင့္ ေနအိမ္ေ႐ွ႕တြင္ ေဆာ့ကစားေနသည့္ အသက္ ၅ ႏွစ္အ႐ြယ္ ကေလးငယ္ ပြဲခ်င္းၿပီးေသဆုံးခဲ့သည္။
ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၁၁၀ လမ္း ၄၅ လမ္းႏွင့္ ၄၆ လမ္းၾကား ေအာင္သာယာရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး႐ုံးတြင္ လက္သည္မေပၚသည့္ ေပါက္ကြဲမႈသုံးႀကိမ္ျဖစ္ခဲ့ၿပီးေနာက္
ထိုေနရာ၌ တပ္စြဲထားသည့္ စစ္သားမ်ားက လမ္းႀကိဳလမ္းၾကားမက်န္ လိုက္လံပစ္ခတ္စဥ္ ၅ ႏွစ္အ႐ြယ္ မအိသႏၲာေအာင္ဆိုသည့္ မိန္းကေလးငယ္ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း
လူမႈေရးအသင္းအဖြဲ႕ဝင္၊ မ်က္ျမင္သက္ေသ အမ်ိဳးသမီးတစ္ဦးႏွင့္ အျခားတစ္ဦးက ေျပာသည္။
ထိုေပါက္ကြဲမႈႏွင့္ ပစ္ခတ္မႈအတြင္း ထိခိုက္မႈအေသးစိတ္ကို မသိရေသာ္လည္း ေသနတ္ထိမွန္ခဲ့သည့္ ကေလးငယ္မွာ ရပ္ကြက္႐ုံးႏွင့္ မ်က္ႏွာခ်င္းဆိုင္႐ွိ ကြမ္းပစၥည္းေရာင္းသည့္ ေနအိမ္မွျဖစ္ေၾကာင္း
အထက္ပါ သတင္းရင္းျမစ္မ်ားက အတည္ျပဳသည္။
“အေလာင္းကို ေဆး႐ုံမွာၾကည့္လိုက္ရတယ္။ ကေလးက ေခါင္းကို ေနာက္ေစ့တစ္ခ်က္တည္းမွန္တာ။ ဒဏ္ရာက ဆိုးဆိုး႐ြား႐ြားပဲ။ ပြဲခ်င္းၿပီးဆုံးသြားတာေပါ့” ဟု
႐ုပ္အေလာင္းကို မႏၲေလးေဆး႐ုံႀကီး႐ွိ ရင္ခြဲ႐ုံသို႔ ပို႔ေဆာင္ေပးခဲ့သည့္ လူမႈေရးအသင္းဝင္တစ္ဦးက ဆိုသည္။
ထိုရပ္ကြက္႐ုံးသည္ ျပည္သူတို႔ကို ဧည့္စာရင္းတိုင္ရန္ ဖိအားေနျခင္း၊ စစ္အာဏာသိမ္းမႈဆန္႔က်င္ေရး ဆႏၵျပမႈမ်ား ျပဳလုပ္ေလ့႐ွိသည့္ ေနရာအနီးတြင္႐ွိ၍ စစ္သားမ်ား တပ္စြဲထားျခင္းေၾကာင့္
မၾကာခဏ တိုက္ခိုက္ခံရေလ့႐ွိေၾကာင္း ကေလးငယ္ေသဆုံးမႈကို မ်က္ျမင္ေတြ႕ခဲ့သည့္ အမ်ိဳးသမီးက ေျပာသည္။
“ဗုံးက သုံးလုံးဆက္တိုက္ေပါက္တာ။ ေပါက္ေပါက္ခ်င္းပဲ စစ္သားေတြက ေသနတ္ေတြနဲ႔ ရမ္းပစ္တယ္။ လမ္းၾကားေတြထဲထိ လိုက္ပစ္တာ။
ကေလးက ခါတိုင္းလိုပဲ ဆိုင္ေ႐ွ႕မွာ ေဆာ့ေနတာ။ ေခါင္းကို တည့္တည့္ထိတာ”ဟု ၎က ဆိုသည္။
ေပါက္ကြဲမႈျဖစ္ပြားရာ ရပ္ကြက္႐ုံးတြင္ စစ္သားမ်ားက လမ္းကို ဆိုင္ကယ္တစ္စီးစာ ခ်န္၍ ျဖတ္ပိတ္ကာ သဲအိတ္မ်ားျဖင့္ ခံတပ္သဖြယ္ ကာရံကာ တပ္စြဲထားသည္ျဖစ္၍
စစ္ေကာင္စီဘက္က ထိခိုက္မႈမ႐ွိႏိုင္ဟု ထိုအမ်ိဳးသမီးက ခန္႔မွန္းသည္။
အျခားေသာ ရပ္ကြက္သားတစ္ဦး၏ အဆိုအရ စစ္သားတို႔၏ ရမ္းသန္းပစ္ခတ္မႈအတြင္း ထိုကေလးငယ္ကိုသာ က်ည္ဆန္ထိမွန္ခဲ့ၿပီး
ရပ္ကြက္႐ုံးကို ဗုံး သို႔မဟုတ္ မိုင္းျဖင့္ တိုက္ခိုက္ခဲ့သူမ်ားကို ထိမွန္ျခင္း၊ ဖမ္းဆီးရမိျခင္း တို႔မ႐ွိဟု သိရသည္။
“ၾကားလမ္းထဲထိ ဝင္ပစ္ေတာ့ ကြၽန္ေတာ္တို႔လည္းေျပးရတာ။ ေသနတ္ေတြနဲ႔ အဆက္မျပတ္ပစ္၊ ပါးစပ္ေတြက ေအာ္ဆဲ၊ ေတာ္ေတာ္ဆိုးတယ္။
ၾကားထဲက ကေလးက သနားစရာေပါ့ဗ်ာ။ ရမ္းပစ္လို႔ထိသြားတာ” ဟု ၎က ဆိုသည္။
ေသဆုံးသူ ကေလးငယ္၏ မိသားစုႏွင့္ အဆက္အသြယ္မရေသးေသာ္လည္း ယေန႔ (ဒီဇင္ဘာ ၇) မြန္းလြဲပိုင္းတြင္
ေတာင္အင္းေျမာက္အင္း သုသာန္၌ ဈာပနျပဳလုပ္ခဲ့သည္ဟု ပရဟိတအသင္း တာဝန္႐ွိသူတစ္ဦးက အတည္ျပဳထားသည္။
ေပါက္ကြဲမႈ၊ ပစ္ခတ္မႈ၊ ကေလးငယ္ ေသဆုံးမႈတို႔ႏွင့္ စပ္လ်ဥ္း၍ စစ္ေကာင္စီထံ ေမးျမန္းခြင့္မရေသးေပ။ စစ္ေကာင္စီကလည္း ႏႈတ္ဆိတ္ေနဆဲျဖစ္သည္။
ဘီဘီစီသတင္းဌာန၏ အဆိုအရမူ ထိုကေလးငယ္ေသဆုံးရျခင္းမွာ တစ္ဖက္အဖြဲ႕အစည္း၏ လက္ပစ္ဗုံးေၾကာင့္ဟု စစ္ေကာင္စီက ယေန႔ မြန္းလြဲပိုင္းတြင္ ေျပာသည္ဟု သိရသည္။ မည္သို႔ထုတ္ျပန္သည္မွာမူ မ႐ွင္းလင္းေပ။
ေဖေဖာ္ဝါရီ ၁ အာဏာသိမ္းၿပီးေနာက္ ေန႔စဥ္ရက္ဆက္ ၿငိမ္းခ်မ္းစြာ ဆႏၵျပဆန္႔က်င္သည့္ မႏၲေလးၿမိဳ႕တြင္ စစ္ေကာင္စီက ရဟန္းသံဃာမ်ားပါမခ်န္ ကားျဖင့္တိုက္၊ ေသနတ္ျဖင့္ပစ္၍ ႏွိမ္နင္းေနသည္။
ထိုလုပ္ရပ္မ်ားကို ခုခံသည့္ ေဒသကာကြယ္ေရးအဖြဲ႕မ်ား ေပၚေပါက္လာၿပီးေနာက္ စစ္ေကာင္စီ၏ ယႏၲရားမ်ားကို ပစ္မွတ္ထားသည့္ တိုက္ခိုက္မႈမ်ားလည္း ေန႔စဥ္ဆိုသလို ျဖစ္ပြားေနသည္။
ထိုသို႔ျဖစ္စဥ္မ်ားအတြင္း စစ္တပ္၏ ရမ္းသန္းပစ္ခတ္မႈေၾကာင့္ ေဒသခံတို႔ ထိခိုက္ေသဆုံး ဒဏ္ရာရမႈမ်ား႐ွိေနေသာ္လည္း စစ္ေကာင္စီက သတင္းထုတ္ျပန္ေလ့မ႐ွိေပ။
ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ ပန္းပင္ႀကီးလမ္း၌ ၿငိမ္းခ်မ္းစြာ ဆႏၵျပေနသည့္ လူငယ္မ်ားကို အ႐ွိန္ျဖင့္ေမာင္းလာေသာ ကားျဖင့္
ေနာက္မွဝင္တိုက္၍ ဖမ္းဆီးသည့္ ဒီဇင္ဘာ ၅ ရက္ျဖစ္စဥ္ကိုပင္ စစ္ေကာင္စီက ထိမ္ခ်န္၍ သတင္းထုတ္သည္။
၎တို႔ထိန္းခ်ဳပ္ထားသည့္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ယေန႔ (ဒီဇင္ဘာ ၇) ေဖာ္ျပခ်က္၌ ဆႏၵျပသူမ်ားကို စစ္ကားျဖင့္ ဝင္တိုက္သည့္ျဖစ္စဥ္ ႐ုပ္သံမွတ္တမ္းသက္ေသ႐ွိလ်က္ႏွင့္ပင္
ဝန္ခံျခင္း၊ ေတာင္းပန္ျခင္း၊ တာဝန္ယူျခင္း အလွ်င္းမ႐ွိဘဲ လူစုခြဲထိန္းသိမ္းသည္ဟု ဝါဒျဖန္႔ထားသည္။
Crd – ျမန္မာေနာင္း
Unicode Version
မန္တလေးတွင် စစ်ကောင်စီလက်ချက်ဖြင့်သေဆုံးခဲ့တဲ့ ၅နှစ်အရွယ် မအိသန္တာအောင်၏ဈာပန…
တပ်စွဲထားသည့် ရပ်ကွက်ရုံး၌ ပေါက်ကွဲမှုဖြစ်ချိန်တွင် စစ်သားတို့က ရမ်းသန်းပစ်၍ မျက်နှာချင်းဆိုင် နေအိမ်ရှေ့တွင် ကစားနေသည့် ကလေးငယ် ဦးခေါင်းကျည်ထိမှန်၍ ပွဲချင်းပြီးသေဆုံးသည်။
မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်တွင် ယမန်နေ့ (ဒီဇင်ဘာ ၆) ညနေပိုင်းက စစ်သားများ၏ ပစ်ခတ်မှုကြောင့် နေအိမ်ရှေ့တွင် ဆော့ကစားနေသည့် အသက် ၅ နှစ်အရွယ် ကလေးငယ် ပွဲချင်းပြီးသေဆုံးခဲ့သည်။
ချမ်းမြသာစည်မြို့နယ် ၁၁၀ လမ်း ၄၅ လမ်းနှင့် ၄၆ လမ်းကြား အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လက်သည်မပေါ်သည့် ပေါက်ကွဲမှုသုံးကြိမ်ဖြစ်ခဲ့ပြီးနောက်
ထိုနေရာ၌ တပ်စွဲထားသည့် စစ်သားများက လမ်းကြိုလမ်းကြားမကျန် လိုက်လံပစ်ခတ်စဉ် ၅ နှစ်အရွယ် မအိသန္တာအောင်ဆိုသည့် မိန်းကလေးငယ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
လူမှုရေးအသင်းအဖွဲ့ဝင်၊ မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးနှင့် အခြားတစ်ဦးက ပြောသည်။
ထိုပေါက်ကွဲမှုနှင့် ပစ်ခတ်မှုအတွင်း ထိခိုက်မှုအသေးစိတ်ကို မသိရသော်လည်း သေနတ်ထိမှန်ခဲ့သည့် ကလေးငယ်မှာ ရပ်ကွက်ရုံးနှင့် မျက်နှာချင်းဆိုင်ရှိ ကွမ်းပစ္စည်းရောင်းသည့် နေအိမ်မှဖြစ်ကြောင်း
အထက်ပါ သတင်းရင်းမြစ်များက အတည်ပြုသည်။
“အလောင်းကို ဆေးရုံမှာကြည့်လိုက်ရတယ်။ ကလေးက ခေါင်းကို နောက်စေ့တစ်ချက်တည်းမှန်တာ။ ဒဏ်ရာက ဆိုးဆိုးရွားရွားပဲ။ ပွဲချင်းပြီးဆုံးသွားတာပေါ့” ဟု
ရုပ်အလောင်းကို မန္တလေးဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည့် လူမှုရေးအသင်းဝင်တစ်ဦးက ဆိုသည်။
ထိုရပ်ကွက်ရုံးသည် ပြည်သူတို့ကို ဧည့်စာရင်းတိုင်ရန် ဖိအားနေခြင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြမှုများ ပြုလုပ်လေ့ရှိသည့် နေရာအနီးတွင်ရှိ၍ စစ်သားများ တပ်စွဲထားခြင်းကြောင့်
မကြာခဏ တိုက်ခိုက်ခံရလေ့ရှိကြောင်း ကလေးငယ်သေဆုံးမှုကို မျက်မြင်တွေ့ခဲ့သည့် အမျိုးသမီးက ပြောသည်။
“ဗုံးက သုံးလုံးဆက်တိုက်ပေါက်တာ။ ပေါက်ပေါက်ချင်းပဲ စစ်သားတွေက သေနတ်တွေနဲ့ ရမ်းပစ်တယ်။ လမ်းကြားတွေထဲထိ လိုက်ပစ်တာ။
ကလေးက ခါတိုင်းလိုပဲ ဆိုင်ရှေ့မှာ ဆော့နေတာ။ ခေါင်းကို တည့်တည့်ထိတာ”ဟု ၎င်းက ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားရာ ရပ်ကွက်ရုံးတွင် စစ်သားများက လမ်းကို ဆိုင်ကယ်တစ်စီးစာ ချန်၍ ဖြတ်ပိတ်ကာ သဲအိတ်များဖြင့် ခံတပ်သဖွယ် ကာရံကာ တပ်စွဲထားသည်ဖြစ်၍
စစ်ကောင်စီဘက်က ထိခိုက်မှုမရှိနိုင်ဟု ထိုအမျိုးသမီးက ခန့်မှန်းသည်။
အခြားသော ရပ်ကွက်သားတစ်ဦး၏ အဆိုအရ စစ်သားတို့၏ ရမ်းသန်းပစ်ခတ်မှုအတွင်း ထိုကလေးငယ်ကိုသာ ကျည်ဆန်ထိမှန်ခဲ့ပြီး
ရပ်ကွက်ရုံးကို ဗုံး သို့မဟုတ် မိုင်းဖြင့် တိုက်ခိုက်ခဲ့သူများကို ထိမှန်ခြင်း၊ ဖမ်းဆီးရမိခြင်း တို့မရှိဟု သိရသည်။
“ကြားလမ်းထဲထိ ဝင်ပစ်တော့ ကျွန်တော်တို့လည်းပြေးရတာ။ သေနတ်တွေနဲ့ အဆက်မပြတ်ပစ်၊ ပါးစပ်တွေက အော်ဆဲ၊ တော်တော်ဆိုးတယ်။
ကြားထဲက ကလေးက သနားစရာပေါ့ဗျာ။ ရမ်းပစ်လို့ထိသွားတာ” ဟု ၎င်းက ဆိုသည်။
သေဆုံးသူ ကလေးငယ်၏ မိသားစုနှင့် အဆက်အသွယ်မရသေးသော်လည်း ယနေ့ (ဒီဇင်ဘာ ၇) မွန်းလွဲပိုင်းတွင်
တောင်အင်းမြောက်အင်း သုသာန်၌ ဈာပနပြုလုပ်ခဲ့သည်ဟု ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုထားသည်။
ပေါက်ကွဲမှု၊ ပစ်ခတ်မှု၊ ကလေးငယ် သေဆုံးမှုတို့နှင့် စပ်လျဉ်း၍ စစ်ကောင်စီထံ မေးမြန်းခွင့်မရသေးပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေဆဲဖြစ်သည်။
ဘီဘီစီသတင်းဌာန၏ အဆိုအရမူ ထိုကလေးငယ်သေဆုံးရခြင်းမှာ တစ်ဖက်အဖွဲ့အစည်း၏ လက်ပစ်ဗုံးကြောင့်ဟု စစ်ကောင်စီက ယနေ့ မွန်းလွဲပိုင်းတွင် ပြောသည်ဟု သိရသည်။ မည်သို့ထုတ်ပြန်သည်မှာမူ မရှင်းလင်းပေ။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်သည့် မန္တလေးမြို့တွင် စစ်ကောင်စီက ရဟန်းသံဃာများပါမချန် ကားဖြင့်တိုက်၊ သေနတ်ဖြင့်ပစ်၍ နှိမ်နင်းနေသည်။
ထိုလုပ်ရပ်များကို ခုခံသည့် ဒေသကာကွယ်ရေးအဖွဲ့များ ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီ၏ ယန္တရားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများလည်း နေ့စဉ်ဆိုသလို ဖြစ်ပွားနေသည်။
ထိုသို့ဖြစ်စဉ်များအတွင်း စစ်တပ်၏ ရမ်းသန်းပစ်ခတ်မှုကြောင့် ဒေသခံတို့ ထိခိုက်သေဆုံး ဒဏ်ရာရမှုများရှိနေသော်လည်း စစ်ကောင်စီက သတင်းထုတ်ပြန်လေ့မရှိပေ။
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များကို အရှိန်ဖြင့်မောင်းလာသော ကားဖြင့်
နောက်မှဝင်တိုက်၍ ဖမ်းဆီးသည့် ဒီဇင်ဘာ ၅ ရက်ဖြစ်စဉ်ကိုပင် စစ်ကောင်စီက ထိမ်ချန်၍ သတင်းထုတ်သည်။
၎င်းတို့ထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းစာများတွင် ယနေ့ (ဒီဇင်ဘာ ၇) ဖော်ပြချက်၌ ဆန္ဒပြသူများကို စစ်ကားဖြင့် ဝင်တိုက်သည့်ဖြစ်စဉ် ရုပ်သံမှတ်တမ်းသက်သေရှိလျက်နှင့်ပင်
ဝန်ခံခြင်း၊ တောင်းပန်ခြင်း၊ တာဝန်ယူခြင်း အလျှင်းမရှိဘဲ လူစုခွဲထိန်းသိမ်းသည်ဟု ဝါဒဖြန့်ထားသည်။
Crd – မြန်မာနောင်း