စစ်ရဟတ်ယာဉ် အသုံးပြုနေတဲ့ မအလနောက်လိုက်ခွေးတွေကို ဒီပဲယင်းသားတွေ ပွဲကြမ်းပြီ
ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံး၊
ဒီပဲယင်းတွင် PDF က ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅၀ သေဆုံးပြီး စစ်ရဟတ်ယာဉ် အသုံးပြု ပစ်ခတ်
ရန်ကုန်၊ ဒီဇင်ဘာ ၇
ချင်းပြည်နယ်၊ ကန်ပက်လက်တွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို CDF က ယနေ့ တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာအပြင်းအထန်ရရှိကြောင်း CDF က ပြောသည်။
ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၇ရက် နေ့ နံနက်၇ နာရီ၃၀ မိနစ်မှစ၍ ၈ နာရီ ၃၀ အထိ ကန်ပက်လက်မြို့မရဲစခန်းတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြို့တွင်းစစ်ကြောင်းထိုးလာသဖြင့် CDF Kanpetlet နှင့်
တိုက်ပွဲ ၁နာရီကြာဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း CDF က ပြောသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းတွင် အောင်စည်မြေကျေးရွာအနီးတွင် ဒီဇင်ဘာလ ၇ ရက်နေ့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ရှိ စစ်တပ် စစ်ကြောင်းကို
ပြည်သူ့ကာကွယ်ရေးတပ်များက ၃ ဘက် ၃ တန်ပိတ်ဆို့ တိုက်ခိုက်ရာ စစ်သား ၅၀ ကျော်သေဆုံးကြောင်း ဒီပဲယင်း PDF သတင်းရင်းမြစ်က ပြောသည်။
“စစ်တပ်က အင်အား ၁၀၀ နဲ့ ထိုးစစ်ဆင်လာတာကို ကျနော်တို့က ၃ ဘက်ပိတ်ဆို့တိုက်တာပါ။ သူတို့ဘက်က ၅၀ နဲ့ ၆၀ ကြား သေတယ်။
အဲဒါ စစ်ရဟတ်ယာဉ်တွေနဲ့ လာပစ်လို့ ကျနော်တို့ ပြန်ဆုတ်ပေးလိုက်တယ်။ ကျနော်တို့ဘက်က ၂ ဦးကျဆုံးပါတယ်” ဟု ဒီပဲယင်းသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များ ဒီပဲယင်းတွင် အင်အားဖြည့်တင်းနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဓာတ်ပုံ- ကန်ပက်လက်တွင် ယနေ့ CDF လက်ချက်ဖြင့် သေဆုံးနေသော အကြမ်းဖက် စစ်သားတစ်ဦး။
Photo Credit- CDF
စစ္ရဟတ္ယာဥ္ အသံုးျပဳေနတဲ့ မအလေနာက္လိုက္ေခြးေတြကို ဒီပဲယင္းသားေတြ ပြဲၾကမ္းၿပီ
ကန္ပက္လက္တြင္ စစ္ေၾကာင္းထိုးလာေသာ စစ္တပ္ကို CDF က တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၂ ဦးေသဆုံး၊
ဒီပဲယင္းတြင္ PDF က ပိတ္ဆို႔တိုက္ခိုက္မႈ စစ္ေကာင္စီတပ္သား ၅၀ ေသဆုံးၿပီး စစ္ရဟတ္ယာဥ္ အသုံးျပဳ ပစ္ခတ္
ရန္ကုန္၊ ဒီဇင္ဘာ ၇
ခ်င္းျပည္နယ္၊ ကန္ပက္လက္တြင္ စစ္ေၾကာင္းထိုးလာေသာ စစ္တပ္ကို CDF က ယေန႔ တိုက္ခိုက္ရာ အၾကမ္းဖက္စစ္ေကာင္စီဘက္မွ စစ္သား ၂ ဦးေသဆုံးၿပီး ၁ ဦး ဒဏ္ရာအျပင္းအထန္ရရွိေၾကာင္း CDF က ေျပာသည္။
ယေန႔ ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလ ၇ရက္ ေန႔ နံနက္၇ နာရီ၃၀ မိနစ္မွစ၍ ၈ နာရီ ၃၀ အထိ ကန္ပက္လက္ၿမိဳ႕မရဲစခန္းတြင္တပ္စြဲထားေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ၿမိဳ႕တြင္းစစ္ေၾကာင္းထိုးလာသျဖင့္ CDF Kanpetlet ႏွင့္
တိုက္ပြဲ ၁နာရီၾကာျဖစ္ပြားခဲ့ေၾကာင္း၊တိုက္ပြဲတြင္ အၾကမ္းဖက္စစ္ေကာင္စီ တပ္သားႏွစ္ဦး ေသဆုံးၿပီး တစ္ဦးျပင္းထန္ဒဏ္ရာရရွိခဲ့ေၾကာင္း CDF က ေျပာသည္။
အလားတူ စစ္ကိုင္းတိုင္း၊ ဒီပဲယင္းတြင္ ေအာင္စည္ေျမေက်းရြာအနီးတြင္ ဒီဇင္ဘာလ ၇ ရက္ေန႔ စစ္ေၾကာင္းထိုးလာေသာ အင္အား ၁၀၀ ရွိ စစ္တပ္ စစ္ေၾကာင္းကို
ျပည္သူ႔ကာကြယ္ေရးတပ္မ်ားက ၃ ဘက္ ၃ တန္ပိတ္ဆို႔ တိုက္ခိုက္ရာ စစ္သား ၅၀ ေက်ာ္ေသဆုံးေၾကာင္း ဒီပဲယင္း PDF သတင္းရင္းျမစ္က ေျပာသည္။
“စစ္တပ္က အင္အား ၁၀၀ နဲ႔ ထိုးစစ္ဆင္လာတာကို က်ေနာ္တို႔က ၃ ဘက္ပိတ္ဆို႔တိုက္တာပါ။ သူတို႔ဘက္က ၅၀ နဲ႔ ၆၀ ၾကား ေသတယ္။
အဲဒါ စစ္ရဟတ္ယာဥ္ေတြနဲ႔ လာပစ္လို႔ က်ေနာ္တို႔ ျပန္ဆုတ္ေပးလိုက္တယ္။ က်ေနာ္တို႔ဘက္က ၂ ဦးက်ဆုံးပါတယ္” ဟု ဒီပဲယင္းသတင္းရင္းျမစ္က ဆိုသည္။
လက္ရွိတြင္ စစ္ေကာင္စီတပ္မ်ား ဒီပဲယင္းတြင္ အင္အားျဖည့္တင္းေနေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာဆိုသည္။
ဓာတ္ပုံ- ကန္ပက္လက္တြင္ ယေန႔ CDF လက္ခ်က္ျဖင့္ ေသဆုံးေနေသာ အၾကမ္းဖက္ စစ္သားတစ္ဦး။
Photo Credit- CDF