ပိုက်ဆံရိုက်ရန် စက္ကူသေတ္တာများ ဥဇဘက်လေယာဉ် လာချသွား
ပိုက်ဆံရိုက်ရန် စက္ကူသေတ္တာများ ဥဇဘက်လေယာဉ် လာချသွား
ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက် ည ၇
နာရီခွဲတွင် ဆိုက်ရောက်လာပြီး ငွေရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ
၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ဧရာဝတီက လက်ခံရရှိထားသော စာရွက်စာတမ်းနှင့် ဒစ်ဂျစ်တယ် အထောက်အထားများအရ သိရသည် ..
ကိုဗစ် ၁၉ နှင့် အာဏာသိမ်းမှု အကျိုးဆက်များကြောင့် အခွန်ငွေ ကောက်ခံမှုနှင့် နိုင်ငံတကာအဖွဲ့
အစည်းများ၏ ငွေကြေး ထောက်ပံ့မှုများ လျော့ကျနေ၍ လိုငွေပြလာသော ဘဏ္ဍာရေးအခြေအနေကို စစ်ကောင်စီက
ငွေစက္ကူအသစ်များ ရိုက်နှိပ်ကာ ဖြည့်တင်းလျက် ရှိသည်။ လက်ရှိ ဘဏ္ဍာငွေ အကျပ်အတည်း ဖြစ်နေသော
စစ်ကောင်စီအနေဖြင့် ဘတ်ဂျက်လိုငွေကို ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ငွေစက္ကူအသစ်များ ရိုက်ထုတ်နိုင်ခြေ ရှိသည်။
ငွေစက္ကူအသစ်များ ရိုက်နှိပ်ပြီး ဘဏ္ဍာငွေ ဖြည့်တင်းခြင်းကို စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ထုတ်
ကြေညာခြင်း မရှိသော်လည်း ဩဂုတ်လ ၃၀ ရက် (လစာထုတ်ရက်) မှ စတင်ကာ ငွေစက္ကူ အသစ်များသည် ပြည်တွင်း
ပုဂ္ဂလိကဘဏ်များမှတဆင့် အများပြည်သူလက်ထဲသို့ ရောက်ရှိလာနေခဲ့သည်။
မြန်မာ့ကျပ်ငွေ တန်ဖိုးသည် အာဏာသိမ်းပြီးနောက် ၂၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း
၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသော်လည်း မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော
စီးပွားရေး ပညာရှင်များအဖွဲ့က ငွေစက္ကူသစ် ရိုက်ထုတ်မှု မြင့်မားသည့် လက္ခဏာများကြောင့်
ငွေကြေးဖောင်းပွမှုသည် ကိန်းဂဏန်း ၂ လုံး (၁၀ ရာခိုင်နှုန်း နှင့်အထက်) အထိ ရှိနိုင်ကြောင်း ဆိုထားသည်။
ဧရာဝတီ
ပိုက္ဆံ႐ိုက္ရန္ စကၠဴေသတၱာမ်ား ဥဇဘက္ေလယာဥ္ လာခ်သြား
ပိုက္ဆံရိုက္ရန္ စကၠဴေသတၱာမ်ား ဥဇဘက္ေလယာဥ္ လာခ်သြား
ဥဇဘက္ကစၥတန္ ေလေၾကာင္းမွ ေလယာဥ္တစီးသည္ ရန္ကုန္ေလဆိပ္တြင္ ဒီဇင္ဘာလ ၇ ရက္ ည ၇
နာရီခြဲတြင္ ဆိုက္ေရာက္လာၿပီး ေငြရိုက္ႏွိပ္ရန္ အေလးခ်ိန္ ကီလိုဂရမ္ ၃ ေသာင္းခြဲနီးပါးရွိ စကၠဴေသတၱာ
၉၂ ေသတၱာကို လာေရာက္ခ်သြားေၾကာင္း ဧရာဝတီက လက္ခံရရွိထားေသာ စာရြက္စာတမ္းႏွင့္ ဒစ္ဂ်စ္တယ္ အေထာက္အထားမ်ားအရ သိရသည္
ကိုဗစ္ ၁၉ ႏွင့္ အာဏာသိမ္းမႈ အက်ိဳးဆက္မ်ားေၾကာင့္ အခြန္ေငြ ေကာက္ခံမႈႏွင့္ နိုင္ငံတကာအဖြဲ႕
အစည္းမ်ား၏ ေငြေၾကး ေထာက္ပံ့မႈမ်ား ေလ်ာ့က်ေန၍ လိုေငြျပလာေသာ ဘ႑ာေရးအေျခအေနကို စစ္ေကာင္စီက
ေငြစကၠဴအသစ္မ်ား ရိုက္ႏွိပ္ကာ ျဖည့္တင္းလ်က္ ရွိသည္။ လက္ရွိ ဘ႑ာေငြ အက်ပ္အတည္း ျဖစ္ေနေသာ
စစ္ေကာင္စီအေနျဖင့္ ဘတ္ဂ်က္လိုေငြကို ၆၀ ရာခိုင္ႏႈန္းမွ ၇၀ ရာခိုင္ႏႈန္းအထိ ေငြစကၠဴအသစ္မ်ား ရိုက္ထုတ္နိုင္ေၿခ ရွိသည္။
ေငြစကၠဴအသစ္မ်ား ရိုက္ႏွိပ္ၿပီး ဘ႑ာေငြ ျဖည့္တင္းျခင္းကို စစ္ေကာင္စီလက္ေအာက္ခံ ဗဟိုဘဏ္က တရားဝင္ထုတ္
ေၾကညာျခင္း မရွိေသာ္လည္း ဩဂုတ္လ ၃၀ ရက္ (လစာထုတ္ရက္) မွ စတင္ကာ ေငြစကၠဴ အသစ္မ်ားသည္ ျပည္တြင္း
ပုဂၢလိကဘဏ္မ်ားမွတဆင့္ အမ်ားျပည္သူလက္ထဲသို႔ ေရာက္ရွိလာေနခဲ့သည္။
ျမန္မာ့က်ပ္ေငြ တန္ဖိုးသည္ အာဏာသိမ္းၿပီးေနာက္ ၂၄ ရာခိုင္ႏႈန္းခန႔္ က်ဆင္းသြားၿပီး ေငြေၾကးေဖာင္းပြမႈႏႈန္းသည္လည္း
၆ ရာခိုင္ႏႈန္းအထိ ျမင့္တက္လာနိုင္ေၾကာင္း ကမၻာ့ဘဏ္က ဆိုထားေသာ္လည္း ျမန္မာျပည္ဆိုင္ရာ လြတ္လပ္ေသာ
စီးပြားေရး ပညာရွင္မ်ားအဖြဲ႕က ေငြစကၠဴသစ္ ရိုက္ထုတ္မႈ ျမင့္မားသည့္ လကၡဏာမ်ားေၾကာင့္
ေငြေၾကးေဖာင္းပြမႈသည္ ကိန္းဂဏန္း ၂ လုံး (၁၀ ရာခိုင္ႏႈန္း ႏွင့္အထက္) အထိ ရွိနိုင္ေၾကာင္း ဆိုထားသည္။
ဧရာဝတီ