ညဘက် ခေါ်အိပ်တဲ့ ငှက်မလေးပညာပြတာ ခံလိုက်ရတဲ့ ရခအရာရှိ
တမူးမြို့က ခရကအရာရှိတစ်ဦး ညငှက် အမျိုးသမီးအား ခေါ်ယူပျော်ပါးနေစဉ်
ထိုအမျိုးသမီးက သေနတ်နှင့် ငွေသားတချို့ ခိုးယူထွက်ပြေး
တမူးခရိုင် တမူးမြို့မှာ တာဝန်ထမ်းဆောင်နေတဲ့ ခရက အရာရှိ တစ်ဦးဟာ ဆိုင်တစ်ဆိုင်မှာ ပျော်ပါး သောက်စားနေစဉ်
အမူးလွန်ပြီး ဆိုင်ကအပျော်မယ်က ၎င်းပါလာသော ပစ္စတိုသေနတ်နှင့် ငွေသားအချို့ကို
ခိုးယူထွက်ပြေးတဲ့ဖြစ်စဉ် ဒီဇင်ဘာလ ၈ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်
၎င်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထုက်ပြန်ကြေငြာတာမျိုးမရှိသေးပေမဲ့ အထက်လူကြီးတွေသိရင်
အပစ်ပေးအရေးယူခံရနိုင်ဖွယ်ရှိတာကြောင့် ထိုကိစ္စကို ပြင်ပသို့လူသိမခံပဲ ကိစ္စဖြစ်စဉ်အကုန်လုံးကို ဖုံးကွယ်ထားပါတယ်
ဒီကိစ္စက လူတွေသိလို့ အထက်လူကြီးတွေပါကြားသွားရင် သူကတော့ စုံခုံသက်ချုပ်လုပ်ခံရပြီး
ရာထူးလျောမယ့်အလားအလာရှိတယ်လို့ cdm စစ်သားအရာရှိ တစ်ဦးကပြောပါတယ်
ဒါကြောင့် ဖုံးကွယ်ထားတာဖြစ်နိုင်တယ်လို့ဆိုပါတယ်
အခုဆိုလျှင်အကြမ်းဖက်စစ်သားတွေက တမူးမြို့ထဲ ထိုသေနတ်နှင့် ငွေသားအချို့ခိုးယူထွက်ပြေးသွားတဲ့
အမျိုးသမီးကို အပူတပြင်း လိုက်လံရှာဖွေနေကြပါတယ်
မြန်မာတစ်နိုင်လုံးအတိုင်းအတာနဲ့ cdm လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရဲအင်အားဟာ ၆၀၀၀ ကျော်နဲ့
cdm စစ်သားဟာ ၂၀၀၀ ကျော်ရှိပြီလို့ ပြည်သူ့ရင်ခွင် အဖွဲ့ကလည်း ထုက်ပြန်ကြေငြာထားပါတယ်
တမူးမြို့ဟာ နယ်စပ်မြို့ဖြစ်တာကြောင့် တမူးမှာတာဝန်ကျနေတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ cdm လုပ်မယ်ဆိုလျှင်
အရမ်းလွယ်ကူပြီး လက်နက်ပါ သယ်ဆောင်လာနိုင်ခဲ့ပါက Tamu pdf တပ်ရင်း ၁ ကဆုငွေပါ ချီးမြင့်မည်ဖြစ်ကြောင်း
၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာမှာတင်ထားတာတွေ့ရှိရသဖြင့် အမြန်ဆုံး cdm မှာပါဝင်ကြဖို့ cdm စစ်သား အရာရှိ တစ်ဦးက ဆိုပါတယ်