ပြည်သူကို ရန်သူ လုပ်နေသရွေ့ (မသီတာ-စမ်းချောင်း)
ကြည့်မြင်တိုင်ဖြစ်ရပ်အပေါ်မှာ စကစဘက်ကနေ ခံစားတုံ့ပြန်ပုံတချို့ကို တွေ့ရတော့ မကြာသေးခင်က ပေါ်ထွက်လာတဲ့ Hit List ထဲ ပါနေလို့ ကယ်ကြပါဦးဆိုတဲ့သဘောဆန်ဆန် စာတစောင်ကို သတိရမိပါတယ်။
(တကယ်တမ်းမှာ အဲဒီလို ရှင်းပစ်ရမယ့်လူစာရင်းရယ်လို့ မရှိဘူးဆိုတာကို အန်ယူဂျီဘက်က ပြောပြရှင်းပြတာကိုလည်း တွေ့ရတယ်။)
ပြောရရင် စကစကို ထောက်ခံသူနဲ့ နားလည်စာနာပေးသူတွေရဲ့ အသိုင်းအဝိုင်းမှာ ငါတို့ဟာ ပြည်သူတွေရဲ့ အမုန်းကို ခံယူရနိုင်တဲ့သူတွေဆိုတာကို နားလည်လက်ခံထားပြီးဖြစ်နေတယ်ဆိုတဲ့ စိတ်အခြေအနေပဲ။
သဘောကတော့ ‘နွေဦးတော်လှန်ရေးသမားဆိုတာ ပြည်သူတရပ်လုံးနီးပါးပဲ၊ သူတို့ကြောင့် ငါတို့ အရင်လို လူပေါ်လူဇော် လုပ်လို့ ခက်သွားပြီ၊ အမုန်းတွေ အာဃာတတွေကို ခံစားလာရပြီ၊ ငါတို့ အဆင်ပြေဖို့ဆိုရင် သူတို့ အဆင်မပြေမှ ဖြစ်မယ်၊
သူတို့တွေ ဘာဆို ဘာမှ ပြန်မတုံ့ပြန်နိုင်တော့လောက်အောင် ဖိနှိပ်တာ၊ နှိမ်နင်းတာ အားလုံးဟာ ဖြစ်သင့်တယ်၊ အဲဒီလိုအထိ ဖြစ်သွားမှ ငါတို့ဘဝတွေ လုံခြုံမယ်’လို့ တွေးတောပြီး ကိုယ့်ဉာဏ် ရှိသလို ကိုယ် တုံ့ပြန်ကြတာမျိုးပေါ့။
လက်နက်မပါဘဲ ဆန္ဒပြကြတဲ့လူငယ်လေးတွေကို ကားနဲ့ တိုက်၊ သေနတ်နဲ့ ပစ်သတ်တဲ့ စစ်ဆင်ရေးကို လုပ်ကြသူတွေရဲ့ပုံတွေ၊ နာမည်နဲ့ ရာထူး၊ ကိုယ်ပိုင်နံပတ်တွေ တက်လာတယ်။ သူတို့လည်း လူငယ်အရွယ်တွေပဲ။
ဝတ်ဆင်ထားပုံက ကမ္ဘာစစ်ကို ဆင်နွှဲတော့မတတ်။ ကမ္ဘာ့ရန်ကို ချေမှုန်းရမယ့် ဟန်ပန်တွေနဲ့။ သပိတ်မှောက်လူငယ်လေးတွေကို ကြည့်လိုက်တော့ ဒဏ်ရာရသွားလို့ မပြေးနိုင်တော့တဲ့ သူငယ်ချင်းနဲ့အတူ အဖမ်းခံဖို့ ဆုံးဖြတ်လိုက်တာက ငယ်ငယ်နုနု လုံမလေးတွေ။
အဖမ်းခံရရင် အသက်ခန္ဓာကို ထိခိုက်နာကျင်အောင် ဖျက်ဆီးနှိပ်စက်ညှင်းပန်းကြလိမ့်မယ်ဆိုတာ မသိကြလို့မှ မဟုတ်ဘဲ။ သိသိကြီးနဲ့ ရဲဘော်ရဲဘက်စိတ် လူသားဆန်တဲ့စိတ်တွေနဲ့ ထွက်မပြေးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
တကယ်တမ်း စကစရဲ့ တပ်သားတွေလက်ထဲမှာ Hit List လို့ ခေါ်တဲ့ ရှင်းပစ်ရမယ့်လူစာရင်းက ရှိနေပြီးသား။ ဝါကျတကြောင်း စာတလုံးထဲရယ်။ အဲဒါကတော့ ‘ပြည်သူ’။ လုလင်လေးတွေ လုံမလေးတွေဟာ ‘ပြည်သူ’ဖြစ်ရုံနဲ့ ရှင်းပစ်ခံရမယ့်သူတွေ ဖြစ်နေတာကို သိကြတာပဲ။
အဲဒီလို သိသိကြီးနဲ့ပဲ ‘ဆန္ဒပြပြည်သူ’တွေအဖြစ် ရဲဝံ့ခဲ့ကြတာပါ။ ‘ငါတို့တွေတော့ ရှင်းပစ်ခံရမယ့်သူစာရင်းမှာ ပါနေပြီ၊ ကယ်တော်မူကြပါဦး’လို့တော့ သူတို့ ဘယ်သူ့ကိုမှ အားကိုးတကြီး မတိုင်တည် မတိုင်တန်း မတိုင်တောခဲ့ကြဘူး။
ဘာလို့လဲဆိုတော့ သူတို့က သူတို့ကိုယ်တိုင်ကို ယုံကြည်လို့ပဲ။ သူတို့ ကိုယ်တိုင်ရဲ့ တော်လှန်ရေးစိတ်ဓာတ်နဲ့လုပ်ရပ်ကသာ သူတို့ရဲ့ စိတ်ဝိဉာဉ်ကို သန့်စင်လုံခြုံမှုတွေ ပေးနိုင်မယ်ဆိုတာ သူတို့ သိကြတယ်။
စကစတပ်သားလူငယ်တွေကျတော့ရော၊ ရှင်းပစ်ခံရမယ့်စာရင်းထဲ ငါတို့ ပါနေပြီ ကယ်ကြပါဦးလို့ အော်ခဲ့ကြသူတွေကျတော့ရော။ သူတို့ရဲ့ အကြမ်းဖက်မှုတွေနဲ့ အကြောက်တရားတွေဟာ ဘယ်မှာ အခြေတည်မလဲ။
ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေအဖြစ် သတ်မှတ်ခံရရင် အသက်အန္တရာယ် ရှိနေလို့ဆိုတာ ဖြစ်မှာပေါ့။ စစ်နဲ့ရဲယူနီဖောင်းတွေကတော့ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်နေတာပဲ။ ဒီလိုဖြစ်တာဟာ အသားလွတ်ဖြစ်တာ မဟုတ်ဘူးဆိုတာကိုတော့ မမေ့ကြဖို့ လိုပါတယ်။
ဖေဖေါ်ဝါရီမှာ သပိတ်တွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆင်နွှဲကြတုန်းက ပြည်သူ့ရဲ၊ ပြည်သူ့ရဲလို့ဆိုပြီး လူထုက တော်လှန်ရေးဘက်ကို ပူးပေါင်းဖို့ ဆွဲဆောင်စည်းရုံးခဲ့ကြတာ အထင်အရှားပါ။
ဒါပေမဲ့ ရဲအများစုက စစ်အာဏာရှင်အလိုကျ ခိုင်းတာ လုပ်ပြီး လူထုကို ရန်သူလို သဘောထားခဲ့ကြတာပါပဲ။ ပိုဆိုးတာက တာဝန်ကျေရုံမကတဲ့ နိုင်ထက်စီးနင်းလုပ်ရပ်တွေဟာ နေရာတိုင်းမှာ ပေါ်ထွက်ခဲ့တာပါ။
စကစအားပေးတွေက ‘မသေချင်ရင် အိမ်ထဲမှာ နေပေါ့၊ အိမ်ထဲကို မပစ်ပါဘူး’လို့ ပြောတတ်ကြပါတယ်။ ဒါပေမဲ့ အိမ်ထဲမှာ အဖေ့ရင်ခွင်ကြားထိုင်နေတဲ့ ခုနစ်နှစ်သမီးလေး၊ ခြံဝင်းထဲ ကစားနေတဲ့ ငါးနှစ်အရွယ်ကလေးလေးတွေ သေဆုံးခဲ့ရတာ စစ်ယူနီဖောင်းဝတ်တွေ ရဲယူနီဖောင်းဝတ်တွေကြောင့်ပဲလေ။
ဒါတွေ ဖြစ်ခဲ့လို့သာ စစ်နဲ့ရဲယူနီဖောင်းတွေဟာ ပီဒီအက်ဖ်တွေရဲ့ ပစ်မှတ်တွေ ဖြစ်လာရတာပါ။ ပြည်သူအချင်းချင်း သတ်ဖြတ်နေတဲ့အကြောင်း ပြောလာကြတဲ့အခါမှာလည်း ‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာ လူ့အဖွဲ့အစည်းမှာ လက်သင့်ခံစရာ လုပ်ရပ် မဟုတ်တာ သိပ်သေချာပါတယ်။
ဒါပေမဲ့ ပြည်သူကို အကာအကွယ်ပေးရမယ့် တာဝန်ကို (လခ၊ ရိက္ခာ၊ အထောက်အပံ့တွေ စားပြီးတော့ကို) ယူထားကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကိုယ်တိုင်က ‘ဥပဒေကြောင်းအရ တရားစွဲဆို စီရင်ဆုံးဖြတ်မှုမဟုတ်တဲ့ အသက်သေဆုံးစေရန် ပြစ်ဒဏ်ချမှတ်ခြင်း’ဆိုတာကို နောင်တ မရှိ၊ တာဝန်ယူ တာဝန်ခံမှု မရှိ လုပ်ဆောင်ခဲ့ကြပါတယ်။
အဲဒီလို လုပ်ချင်ရင် လုပ်နိုင်တယ်၊ လုပ်လို့ရတယ်လို့ သဘောသက်ရောက်အောင် သူတို့က ရှေ့ဆောင်လမ်းပြလုပ်ခဲ့တဲ့ သဘောပါပဲ။
အဲဒီလိုလုပ်ပြခဲ့တဲ့ ဖြစ်ရပ်တွေက ရေးပြရရင် များလွန်းလှပါတယ်။ တကယ်တော့ အဲဒီလိုတွေ တရားမဲ့ပြုကျင့်မှုတွေအပေါ် စကစကိုယ်တိုင်ကရော၊ စကစအဖွဲ့ဝင်/စကစအား စာနာနားလည်သူ ပညာတတ်ဆိုသူများကရော၊ တရားရေးဘက်က တာဝန်ရှိသူတွေရော ဘယ်သူ့ဘယ်သူကမှ တားမြစ်ဟန့်တားတာမျိုး မရှိခဲ့ကြပါဘူး။
အဲဒီလိုတားမြစ်ဖို့ မပြောနဲ့၊ တရားလက်လွန်ပြီးကာမှ နောက်ကြောင်းပြန် အရေးယူပြခြင်းဖြင့် ဒီလိုတရားမဲ့လုပ်ရပ်မျိုး ဆက်လက်မဖြစ်အောင် အားထုတ်ဖို့ကိုတောင် မကြိုးစားခဲ့ကြပါဘူး။
ဒါကြောင့်သာ တရားမဲ့ပြုကျင့်မှုတွေဟာ လုပ်ကောင်းတယ်ဆိုတဲ့ သတင်းစကားဟာ ဖိနှိပ်ခံပြည်သူတွေကြားထိ ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့် လူထုကမတရားမှန်း သိရက်နဲ့ လက်ပိုက်ခေါင်းငုံ့မနေနိုင်တော့ဘူးဆိုကာ ရရာလက်နက် စွဲကိုင်တော်လှန်တော့မယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
အဲဒီလို လူထုရဲ့ ပိုင်းဖြတ်မှုနောက်ကို နိုင်ငံရေးသမားတွေကပါ ပြန်လိုက်ခဲ့ကြရတာမျိုးပါ။ ဒါကြောင့်လည်း စကစကို သတင်းပေးတဲ့၊ ပြည်သူကို ဖိနှိပ်ထိခိုက်အောင် လုပ်ရာမှာ အားပေးကူညီတဲ့ ဒလန်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို တရားမဲ့ပြုကျင့်မှုထဲ အကျုံးဝင်သွားမှာစိုးရိမ်ကြလို့ သဘောမကျနိုင်တဲ့သူတွေ ရှိလာကြပါတယ်။
ဒါပေမဲ့ အဲဒီဒလန်ဆိုသူတွေရဲ့ တရားမဲ့ပြုကျင့်မှုတွေကိုယ်တိုင်က ဆိုးကျိုးသက်ရောက်မှုကြီးတွေ ဖြစ်ခဲ့တာကို မျက်မြင်တွေ့ကြရတဲ့အခါမှာတော့ အဲဒီလူတွေကိုယ်တိုင် ဘာပြောရမှန်း မသိဖြစ်ပြီး ဆွံ့အကုန်ကြရတာမျိုးပါ။
ဒီနေရာမှာ အန်ယူဂျီအနေနဲ့ လက်နက်ကိုင်ခုခံမှု ဆောင်ရွက်ရာမှာ တရားမဲ့ပြုကျင့်မှု မဖြစ်ဖို့အတွက် တရားဝင် စာထုတ်တာ၊ ကျင့်ဝတ်တွေ ထုတ်ပြန်တာ စတဲ့ လုပ်သင့်လုပ်ထိုက်တဲ့ တုံ့ပြန်မှုတွေ လုပ်ခဲ့ပါတယ်။
နိုင်ငံတော်အာဏာဟာ ငါတို့လက်ထဲမှာ ရှိနေတယ်လို့ ထင်နေတဲ့ စကစကသာ (အစိုးရဖြစ်ချင်သလောက်) အစိုးရတစ်ရပ်အနေနဲ့ လုပ်ရမယ့် အလုပ်တွေကို ဘာမှ မလုပ်ခဲ့တာပါ။
ဒီလိုဖြစ်စဉ်ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်မှု မရှိဘဲ ပြည်သူဟာ ငါတို့ကို မုန်းနေ အာဃာတ ထားနေတယ်၊ ဒါကြောင့် ငါတို့ မလုံခြုံဘူး၊ ငါတို့ လုံခြုံအောင် ငါတို့ကို သဘောမကျ မုန်းနေတဲ့ ပြည်သူတွေ မရှိမှ အေးမယ်လို့ တွေးနေကြတာကြောင့်သာ စကစနဲ့ အားပေးသူတွေဟာ ထွက်ပေါက်မဲ့နေရဆဲ ဖြစ်ကြရတာပါ။
ပီဒီအက်ဖ်က ခြိမ်းခြောက်လို့ အသက်အန္တရာယ် ရှိတာ မဟုတ်ဘဲ ပြည်သူကို ရန်သူလို သဘောထား နှိမ်နင်းဖို့ ကြိုးစားနေလို့သာ ပီဒီအက်ဖ်က ခုခံစစ်ကို ရွေးချယ်နေရတာလို့ သဘောပေါက်ကြဖို့ လိုပါတယ်။
ပြည်သူချင်း သတ်နေကြတာလို့ မြင်ပြီး စိတ်ပျက်လက်ပျက်နဲ့ ပြည်သူကို အပြစ်တင်နေကြမယ့်အစား ပြည်သူအများစုရဲ့ ခံယူချက်၊ သဘောထားနဲ့ လုပ်ရပ်တွေကို ဘယ်အရာတွေက ပုံသွင်းပေးလိုက်တာလဲဆိုတာကို အဖြေရှာနိုင်ဖို့ လိုပါတယ်။
ခုအချိန်မှာ ပြည်သူ့စစ်သားဆိုပြီး တော်လှန်ရေးဘက်ကို ပူးပေါင်းလာတဲ့ စစ်သားတွေ ရဲသားတွေ ရှိဖို့ လိုအပ်တာ အမှန်ပါ။
အဲဒီထက် ပိုလိုအပ်နေတာက စစ်သားပဲဖြစ်ဖြစ် ရဲသားပဲဖြစ်ဖြစ် ပညာတတ်ပဲဖြစ်ဖြစ် ပြည်သူ့အကျိုးကို လျစ်လျူမရှုဘဲ ပြည်သူအများစုရဲ့ စိတ်ဆန္ဒကို နားလည်သဘောပေါက်ပြီး ပြည်သူကို အကာအကာကွယ်ပေးဖို့ စိတ်ပိုင်းဖြတ်နိုင်မှုပါပဲ။ ဒီလိုမှ မလုပ်နိုင်ရင် တပ်မတော်၊
ရဲဆိုတဲ့ အင်စတီကျူးရှင်းသာမက အဲဒီအင်စတီကျူးရှင်း ဘာလုပ်လုပ် စာနာနားလည်ထောက်ခံပေးနေတဲ့ လူတစုအပေါ်မှာပါ ပြည်သူလူထုအများစုရဲ့ ဒဏ်ခတ်မှုဆိုတာ နည်းလမ်းအဖုံဖုံနဲ့ ဆက်ရှိနေဦးမှာပဲဖြစ်ပါတယ်။
အသက်သေမှ ထောင်ကျမှ ဥစ္စာပစ္စည်း ဆုံးရှုံးမှ နစ်နာကြရတာ မဟုတ်ဘဲ ပြည်သူလူထုရဲ့ အော့နှလုံးနာမှုကို ခံယူရတာဟာလည်း အနစ်နာကြီး နစ်နာရမှုပါပဲလို့ နားလည်လာနိုင်မှ ပြည်သူတွေလည်း အော့နှလုံးနာစရာဘေးကနေ လွတ်ရမယ် ထင်ပါရဲ့။
ျပည္သူကို ရန္သူ လုပ္ေနသေ႐ြ႕ (မသီတာ-စမ္းေခ်ာင္း)
ၾကည့္ျမင္တိုင္ျဖစ္ရပ္အေပၚမွာ စကစဘက္ကေန ခံစားတုံ႔ျပန္ပုံတခ်ိဳ႕ကို ေတြ႕ရေတာ့ မၾကာေသးခင္က ေပၚထြက္လာတဲ့ Hit List ထဲ ပါေနလို႔ ကယ္ၾကပါဦးဆိုတဲ့သေဘာဆန္ဆန္ စာတေစာင္ကို သတိရမိပါတယ္။
(တကယ္တမ္းမွာ အဲဒီလို ႐ွင္းပစ္ရမယ့္လူစာရင္းရယ္လို႔ မ႐ွိဘူးဆိုတာကို အန္ယူဂ်ီဘက္က ေျပာျပ႐ွင္းျပတာကိုလည္း ေတြ႕ရတယ္။)
ေျပာရရင္ စကစကို ေထာက္ခံသူနဲ႔ နားလည္စာနာေပးသူေတြရဲ႕ အသိုင္းအဝိုင္းမွာ ငါတို႔ဟာ ျပည္သူေတြရဲ႕ အမုန္းကို ခံယူရႏိုင္တဲ့သူေတြဆိုတာကို နားလည္လက္ခံထားၿပီးျဖစ္ေနတယ္ဆိုတဲ့ စိတ္အေျခအေနပဲ။
သေဘာကေတာ့ ‘ေႏြဦးေတာ္လွန္ေရးသမားဆိုတာ ျပည္သူတရပ္လုံးနီးပါးပဲ၊ သူတို႔ေၾကာင့္ ငါတို႔ အရင္လို လူေပၚလူေဇာ္ လုပ္လို႔ ခက္သြားၿပီ၊ အမုန္းေတြ အာဃာတေတြကို ခံစားလာရၿပီ၊ ငါတို႔ အဆင္ေျပဖို႔ဆိုရင္ သူတို႔ အဆင္မေျပမွ ျဖစ္မယ္၊
သူတို႔ေတြ ဘာဆို ဘာမွ ျပန္မတုံ႔ျပန္ႏိုင္ေတာ့ေလာက္ေအာင္ ဖိႏွိပ္တာ၊ ႏွိမ္နင္းတာ အားလုံးဟာ ျဖစ္သင့္တယ္၊ အဲဒီလိုအထိ ျဖစ္သြားမွ ငါတို႔ဘဝေတြ လုံျခဳံမယ္’လို႔ ေတြးေတာၿပီး ကိုယ့္ဉာဏ္ ႐ွိသလို ကိုယ္ တုံ႔ျပန္ၾကတာမ်ိဳးေပါ့။
လက္နက္မပါဘဲ ဆႏၵျပၾကတဲ့လူငယ္ေလးေတြကို ကားနဲ႔ တိုက္၊ ေသနတ္နဲ႔ ပစ္သတ္တဲ့ စစ္ဆင္ေရးကို လုပ္ၾကသူေတြရဲ႕ပုံေတြ၊ နာမည္နဲ႔ ရာထူး၊ ကိုယ္ပိုင္နံပတ္ေတြ တက္လာတယ္။ သူတို႔လည္း လူငယ္အ႐ြယ္ေတြပဲ။
ဝတ္ဆင္ထားပုံက ကမ႓ာစစ္ကို ဆင္ႏႊဲေတာ့မတတ္။ ကမ႓ာ့ရန္ကို ေခ်မႈန္းရမယ့္ ဟန္ပန္ေတြနဲ႔။ သပိတ္ေမွာက္လူငယ္ေလးေတြကို ၾကည့္လိုက္ေတာ့ ဒဏ္ရာရသြားလို႔ မေျပးႏိုင္ေတာ့တဲ့ သူငယ္ခ်င္းနဲ႔အတူ အဖမ္းခံဖို႔ ဆုံးျဖတ္လိုက္တာက ငယ္ငယ္ႏုႏု လုံမေလးေတြ။
အဖမ္းခံရရင္ အသက္ခႏၶာကို ထိခိုက္နာက်င္ေအာင္ ဖ်က္ဆီးႏွိပ္စက္ညႇင္းပန္းၾကလိမ့္မယ္ဆိုတာ မသိၾကလို႔မွ မဟုတ္ဘဲ။ သိသိႀကီးနဲ႔ ရဲေဘာ္ရဲဘက္စိတ္ လူသားဆန္တဲ့စိတ္ေတြနဲ႔ ထြက္မေျပးဖို႔ ဆုံးျဖတ္ခဲ့ၾကတာပါ။
တကယ္တမ္း စကစရဲ႕ တပ္သားေတြလက္ထဲမွာ Hit List လို႔ ေခၚတဲ့ ႐ွင္းပစ္ရမယ့္လူစာရင္းက ႐ွိေနၿပီးသား။ ဝါက်တေၾကာင္း စာတလုံးထဲရယ္။ အဲဒါကေတာ့ ‘ျပည္သူ’။ လုလင္ေလးေတြ လုံမေလးေတြဟာ ‘ျပည္သူ’ျဖစ္႐ုံနဲ႔ ႐ွင္းပစ္ခံရမယ့္သူေတြ ျဖစ္ေနတာကို သိၾကတာပဲ။
အဲဒီလို သိသိႀကီးနဲ႔ပဲ ‘ဆႏၵျပျပည္သူ’ေတြအျဖစ္ ရဲဝံ့ခဲ့ၾကတာပါ။ ‘ငါတို႔ေတြေတာ့ ႐ွင္းပစ္ခံရမယ့္သူစာရင္းမွာ ပါေနၿပီ၊ ကယ္ေတာ္မူၾကပါဦး’လို႔ေတာ့ သူတို႔ ဘယ္သူ႕ကိုမွ အားကိုးတႀကီး မတိုင္တည္ မတိုင္တန္း မတိုင္ေတာခဲ့ၾကဘူး။
ဘာလို႔လဲဆိုေတာ့ သူတို႔က သူတို႔ကိုယ္တိုင္ကို ယုံၾကည္လို႔ပဲ။ သူတို႔ ကိုယ္တိုင္ရဲ႕ ေတာ္လွန္ေရးစိတ္ဓာတ္နဲ႔လုပ္ရပ္ကသာ သူတို႔ရဲ႕ စိတ္ဝိဉာဥ္ကို သန္႔စင္လုံျခဳံမႈေတြ ေပးႏိုင္မယ္ဆိုတာ သူတို႔ သိၾကတယ္။
စကစတပ္သားလူငယ္ေတြက်ေတာ့ေရာ၊ ႐ွင္းပစ္ခံရမယ့္စာရင္းထဲ ငါတို႔ ပါေနၿပီ ကယ္ၾကပါဦးလို႔ ေအာ္ခဲ့ၾကသူေတြက်ေတာ့ေရာ။ သူတို႔ရဲ႕ အၾကမ္းဖက္မႈေတြနဲ႔ အေၾကာက္တရားေတြဟာ ဘယ္မွာ အေျခတည္မလဲ။
ပီဒီအက္ဖ္ေတြရဲ႕ ပစ္မွတ္ေတြအျဖစ္ သတ္မွတ္ခံရရင္ အသက္အႏၲရာယ္ ႐ွိေနလို႔ဆိုတာ ျဖစ္မွာေပါ့။ စစ္နဲ႔ရဲယူနီေဖာင္းေတြကေတာ့ ပီဒီအက္ဖ္ေတြရဲ႕ ပစ္မွတ္ေတြ ျဖစ္ေနတာပဲ။ ဒီလိုျဖစ္တာဟာ အသားလြတ္ျဖစ္တာ မဟုတ္ဘူးဆိုတာကိုေတာ့ မေမ့ၾကဖို႔ လိုပါတယ္။
ေဖေဖၚဝါရီမွာ သပိတ္ေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဆင္ႏႊဲၾကတုန္းက ျပည္သူ႕ရဲ၊ ျပည္သူ႕ရဲလို႔ဆိုၿပီး လူထုက ေတာ္လွန္ေရးဘက္ကို ပူးေပါင္းဖို႔ ဆြဲေဆာင္စည္း႐ုံးခဲ့ၾကတာ အထင္အ႐ွားပါ။
ဒါေပမဲ့ ရဲအမ်ားစုက စစ္အာဏာ႐ွင္အလိုက် ခိုင္းတာ လုပ္ၿပီး လူထုကို ရန္သူလို သေဘာထားခဲ့ၾကတာပါပဲ။ ပိုဆိုးတာက တာဝန္ေက်႐ုံမကတဲ့ ႏိုင္ထက္စီးနင္းလုပ္ရပ္ေတြဟာ ေနရာတိုင္းမွာ ေပၚထြက္ခဲ့တာပါ။
စကစအားေပးေတြက ‘မေသခ်င္ရင္ အိမ္ထဲမွာ ေနေပါ့၊ အိမ္ထဲကို မပစ္ပါဘူး’လို႔ ေျပာတတ္ၾကပါတယ္။ ဒါေပမဲ့ အိမ္ထဲမွာ အေဖ့ရင္ခြင္ၾကားထိုင္ေနတဲ့ ခုနစ္ႏွစ္သမီးေလး၊ ျခံဝင္းထဲ ကစားေနတဲ့ ငါးႏွစ္အ႐ြယ္ကေလးေလးေတြ ေသဆုံးခဲ့ရတာ စစ္ယူနီေဖာင္းဝတ္ေတြ ရဲယူနီေဖာင္းဝတ္ေတြေၾကာင့္ပဲေလ။
ဒါေတြ ျဖစ္ခဲ့လို႔သာ စစ္နဲ႔ရဲယူနီေဖာင္းေတြဟာ ပီဒီအက္ဖ္ေတြရဲ႕ ပစ္မွတ္ေတြ ျဖစ္လာရတာပါ။ ျပည္သူအခ်င္းခ်င္း သတ္ျဖတ္ေနတဲ့အေၾကာင္း ေျပာလာၾကတဲ့အခါမွာလည္း ‘ဥပေဒေၾကာင္းအရ တရားစြဲဆို စီရင္ဆုံးျဖတ္မႈမဟုတ္တဲ့ အသက္ေသဆုံးေစရန္ ျပစ္ဒဏ္ခ်မွတ္ျခင္း’ဆိုတာ လူ႕အဖြဲ႕အစည္းမွာ လက္သင့္ခံစရာ လုပ္ရပ္ မဟုတ္တာ သိပ္ေသခ်ာပါတယ္။
ဒါေပမဲ့ ျပည္သူကို အကာအကြယ္ေပးရမယ့္ တာဝန္ကို (လခ၊ ရိကၡာ၊ အေထာက္အပံ့ေတြ စားၿပီးေတာ့ကို) ယူထားၾကတဲ့ လက္နက္ကိုင္တပ္ဖြဲ႕ဝင္ေတြကိုယ္တိုင္က ‘ဥပေဒေၾကာင္းအရ တရားစြဲဆို စီရင္ဆုံးျဖတ္မႈမဟုတ္တဲ့ အသက္ေသဆုံးေစရန္ ျပစ္ဒဏ္ခ်မွတ္ျခင္း’ဆိုတာကို ေနာင္တ မ႐ွိ၊ တာဝန္ယူ တာဝန္ခံမႈ မ႐ွိ လုပ္ေဆာင္ခဲ့ၾကပါတယ္။
အဲဒီလို လုပ္ခ်င္ရင္ လုပ္ႏိုင္တယ္၊ လုပ္လို႔ရတယ္လို႔ သေဘာသက္ေရာက္ေအာင္ သူတို႔က ေ႐ွ႕ေဆာင္လမ္းျပလုပ္ခဲ့တဲ့ သေဘာပါပဲ။
အဲဒီလိုလုပ္ျပခဲ့တဲ့ ျဖစ္ရပ္ေတြက ေရးျပရရင္ မ်ားလြန္းလွပါတယ္။ တကယ္ေတာ့ အဲဒီလိုေတြ တရားမဲ့ျပဳက်င့္မႈေတြအေပၚ စကစကိုယ္တိုင္ကေရာ၊ စကစအဖြဲ႕ဝင္/စကစအား စာနာနားလည္သူ ပညာတတ္ဆိုသူမ်ားကေရာ၊ တရားေရးဘက္က တာဝန္႐ွိသူေတြေရာ ဘယ္သူ႕ဘယ္သူကမွ တားျမစ္ဟန္႔တားတာမ်ိဳး မ႐ွိခဲ့ၾကပါဘူး။
အဲဒီလိုတားျမစ္ဖို႔ မေျပာနဲ႔၊ တရားလက္လြန္ၿပီးကာမွ ေနာက္ေၾကာင္းျပန္ အေရးယူျပျခင္းျဖင့္ ဒီလိုတရားမဲ့လုပ္ရပ္မ်ိဳး ဆက္လက္မျဖစ္ေအာင္ အားထုတ္ဖို႔ကိုေတာင္ မႀကိဳးစားခဲ့ၾကပါဘူး။
ဒါေၾကာင့္သာ တရားမဲ့ျပဳက်င့္မႈေတြဟာ လုပ္ေကာင္းတယ္ဆိုတဲ့ သတင္းစကားဟာ ဖိႏွိပ္ခံျပည္သူေတြၾကားထိ ေရာက္႐ွိသြားခဲ့ပါတယ္။ ဒါေၾကာင့္ လူထုကမတရားမွန္း သိရက္နဲ႔ လက္ပိုက္ေခါင္းငုံ႔မေနႏိုင္ေတာ့ဘူးဆိုကာ ရရာလက္နက္ စြဲကိုင္ေတာ္လွန္ေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ၾကပါေတာ့တယ္။
အဲဒီလို လူထုရဲ႕ ပိုင္းျဖတ္မႈေနာက္ကို ႏိုင္ငံေရးသမားေတြကပါ ျပန္လိုက္ခဲ့ၾကရတာမ်ိဳးပါ။ ဒါေၾကာင့္လည္း စကစကို သတင္းေပးတဲ့၊ ျပည္သူကို ဖိႏွိပ္ထိခိုက္ေအာင္ လုပ္ရာမွာ အားေပးကူညီတဲ့ ဒလန္ေတြကို ပစ္မွတ္ထား တိုက္ခိုက္တာေတြကို တရားမဲ့ျပဳက်င့္မႈထဲ အက်ံဳးဝင္သြားမွာစိုးရိမ္ၾကလို႔ သေဘာမက်ႏိုင္တဲ့သူေတြ ႐ွိလာၾကပါတယ္။
ဒါေပမဲ့ အဲဒီဒလန္ဆိုသူေတြရဲ႕ တရားမဲ့ျပဳက်င့္မႈေတြကိုယ္တိုင္က ဆိုးက်ိဳးသက္ေရာက္မႈႀကီးေတြ ျဖစ္ခဲ့တာကို မ်က္ျမင္ေတြ႕ၾကရတဲ့အခါမွာေတာ့ အဲဒီလူေတြကိုယ္တိုင္ ဘာေျပာရမွန္း မသိျဖစ္ၿပီး ဆြံ႕အကုန္ၾကရတာမ်ိဳးပါ။
ဒီေနရာမွာ အန္ယူဂ်ီအေနနဲ႔ လက္နက္ကိုင္ခုခံမႈ ေဆာင္႐ြက္ရာမွာ တရားမဲ့ျပဳက်င့္မႈ မျဖစ္ဖို႔အတြက္ တရားဝင္ စာထုတ္တာ၊ က်င့္ဝတ္ေတြ ထုတ္ျပန္တာ စတဲ့ လုပ္သင့္လုပ္ထိုက္တဲ့ တုံ႔ျပန္မႈေတြ လုပ္ခဲ့ပါတယ္။
ႏိုင္ငံေတာ္အာဏာဟာ ငါတို႔လက္ထဲမွာ ႐ွိေနတယ္လို႔ ထင္ေနတဲ့ စကစကသာ (အစိုးရျဖစ္ခ်င္သေလာက္) အစိုးရတစ္ရပ္အေနနဲ႔ လုပ္ရမယ့္ အလုပ္ေတြကို ဘာမွ မလုပ္ခဲ့တာပါ။
ဒီလိုျဖစ္စဥ္ျဖစ္ရပ္ေတြကို ျပန္လည္သုံးသပ္မႈ မ႐ွိဘဲ ျပည္သူဟာ ငါတို႔ကို မုန္းေန အာဃာတ ထားေနတယ္၊ ဒါေၾကာင့္ ငါတို႔ မလုံျခဳံဘူး၊ ငါတို႔ လုံျခဳံေအာင္ ငါတို႔ကို သေဘာမက် မုန္းေနတဲ့ ျပည္သူေတြ မ႐ွိမွ ေအးမယ္လို႔ ေတြးေနၾကတာေၾကာင့္သာ စကစနဲ႔ အားေပးသူေတြဟာ ထြက္ေပါက္မဲ့ေနရဆဲ ျဖစ္ၾကရတာပါ။
ပီဒီအက္ဖ္က ၿခိမ္းေျခာက္လို႔ အသက္အႏၲရာယ္ ႐ွိတာ မဟုတ္ဘဲ ျပည္သူကို ရန္သူလို သေဘာထား ႏွိမ္နင္းဖို႔ ႀကိဳးစားေနလို႔သာ ပီဒီအက္ဖ္က ခုခံစစ္ကို ေ႐ြးခ်ယ္ေနရတာလို႔ သေဘာေပါက္ၾကဖို႔ လိုပါတယ္။
ျပည္သူခ်င္း သတ္ေနၾကတာလို႔ ျမင္ၿပီး စိတ္ပ်က္လက္ပ်က္နဲ႔ ျပည္သူကို အျပစ္တင္ေနၾကမယ့္အစား ျပည္သူအမ်ားစုရဲ႕ ခံယူခ်က္၊ သေဘာထားနဲ႔ လုပ္ရပ္ေတြကို ဘယ္အရာေတြက ပုံသြင္းေပးလိုက္တာလဲဆိုတာကို အေျဖ႐ွာႏိုင္ဖို႔ လိုပါတယ္။
ခုအခ်ိန္မွာ ျပည္သူ႕စစ္သားဆိုၿပီး ေတာ္လွန္ေရးဘက္ကို ပူးေပါင္းလာတဲ့ စစ္သားေတြ ရဲသားေတြ ႐ွိဖို႔ လိုအပ္တာ အမွန္ပါ။
အဲဒီထက္ ပိုလိုအပ္ေနတာက စစ္သားပဲျဖစ္ျဖစ္ ရဲသားပဲျဖစ္ျဖစ္ ပညာတတ္ပဲျဖစ္ျဖစ္ ျပည္သူ႕အက်ိဳးကို လ်စ္လ်ဴမ႐ႈဘဲ ျပည္သူအမ်ားစုရဲ႕ စိတ္ဆႏၵကို နားလည္သေဘာေပါက္ၿပီး ျပည္သူကို အကာအကာကြယ္ေပးဖို႔ စိတ္ပိုင္းျဖတ္ႏိုင္မႈပါပဲ။ ဒီလိုမွ မလုပ္ႏိုင္ရင္ တပ္မေတာ္၊
ရဲဆိုတဲ့ အင္စတီက်ဴး႐ွင္းသာမက အဲဒီအင္စတီက်ဴး႐ွင္း ဘာလုပ္လုပ္ စာနာနားလည္ေထာက္ခံေပးေနတဲ့ လူတစုအေပၚမွာပါ ျပည္သူလူထုအမ်ားစုရဲ႕ ဒဏ္ခတ္မႈဆိုတာ နည္းလမ္းအဖုံဖုံနဲ႔ ဆက္႐ွိေနဦးမွာပဲျဖစ္ပါတယ္။
အသက္ေသမွ ေထာင္က်မွ ဥစၥာပစၥည္း ဆုံး႐ႈံးမွ နစ္နာၾကရတာ မဟုတ္ဘဲ ျပည္သူလူထုရဲ႕ ေအာ့ႏွလုံးနာမႈကို ခံယူရတာဟာလည္း အနစ္နာႀကီး နစ္နာရမႈပါပဲလို႔ နားလည္လာႏိုင္မွ ျပည္သူေတြလည္း ေအာ့ႏွလုံးနာစရာေဘးကေန လြတ္ရမယ္ ထင္ပါရဲ႕။