News

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် Silent Strike တွင် ပြည်သူအားလုံးပါဝင်ပေးကြရန် ဒေါက်တာတေဇာဆန်း တိုက်တွန်း (ရုပ်/သံ)

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike) ပြုလုပ်ကြမည်ဖြစ်ရာ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်ပြီး

အာဏာရှင်ဆန့်ကျင်ရေးအမှတ်အသား လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက ယနေ့ တိုက်တွန်းလိုက်သည်။

ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့

အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ Silent Strike တွင်ပါဝင်ကြဖို့ ဖြစ်ကြေင်း ဒေါက်တာတေဇာဆန်းက ဆိုသည်။

“ကမ္ဘာပေါ်မှာ အကျယ်လောင်ဆုံး “အသံ” က “တိတ်ဆိတ်ငြိမ်သတ်ခြင်း အသံ” ပါပဲ၊ တနိုင်ငံလုံးအဆင့် Silent Strike ဆိုတာ တော်ရုံတန်ရုံ လူထုအနေအထား၊ တော်ရုံတန်ရုံ တော်လှန်စိတ်၊ တော်ရုံတန်ရုံ နိုင်ငံမျိုးမှာ လုပ်လို့ မရနိုင်ပါဘူး။

ပြည်သူ့အင်အား၊ပူးပေါင်းပါဝင်မှု၊ စုစည်းညီညွတ်မှုတွေ အင်မတန်အားကောင်းပါမှ၊ ပြည်သူ ညီမှ အောင်မြင်နိုင်မယ့် အမျိုးပါ။ သို့သော် အခု ကျနော်တို့ ဒါကို လုပ်ကြမယ်။

မြန်မာပြည်သူတွေရဲ့ တော်လှန်စိတ် တော်လှန်သွေးကို လုံးဝ ယုံကြည်လို့၊ စိတ်ချလို့၊ အားကိုးလို့ အခုလို Silent Strike ကို နှိုးဆော်ဆင်နွှဲကြတာပဲ ဖြစ်တယ်” ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်မှတဆင့် တိုက်တွန်းနှိုးဆော်သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တစ်နိုင်ငံလုံး အပြင်မထွက်ဘဲ စစ်အာဏာရှင် တော်လှန်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်တွင် ပါဝင်ကြရေး နှိုးဆော်

မြန်မာနိုင်ငံလုံးရှိ ပြည်သူများအနေဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြော်ငး ပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်ကြရန်

ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံလုံးဆိုင်ရာ သပိတ်အင်အားစုများက တိုက်တွန်းနှိုးဆော်လိုက်သည်။ဒီဇင်ဘာ ၁၀ ရက် (10 D)သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး “တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်” (Silent Strike) နှင့် “အနက်ရောင် လှုပ်ရှားမှု” (Black Campaign)များတွင် ပါဝင်ကြခြင်းဖြင့် စစ်အာဏာရှင်ကို တော်လှန်ကြရန် ပြည်သူများကို တိုက်တွန်းထားကြောင်း သိရှိရသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ဒီဇင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်းမှာ လူထုအားလုံးက အပြင်လုံးဝ မထွက်ကြဘဲ မိမိတို့အိမ်တွင် နေကြမည့် (Silent Strike) သပိတ် ဖြစ်ကြောင်း၊ လုံးဝ ခြောက်သွေ့ငြိမ်သက်နေသည့်မြို့ရွာများမှ က

လူထု၏ တိတ်ဆိတ်သည့် သပိတ်ကြွေးကြော်သံများကို စစ်အာဏာရူးများသာမက၊ ကမ္ဘာ့ပြည်သူများပါ

ကောင်းကောင်းကြီး ကြားနိုင်လိမ့်မည်ဟု မန္တလေး သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက ဆိုသည်။

အနက်ရောင်လှုပ်ရှားမှု (Black Campaign)

ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြည်သူများအနေဖြင့် အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာ ဏာရှင်ဆန့်ကျင်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်၍ လူမှုကွန်ရက်စာမျက်နှာများတွင် မျှဝေဖော်ထုတ်ကြရန်လည်း သပိတ်ခေါင်းဆောင်များက တိုက်တွန်းထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြာ်သံဖြစ်သည့် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး — တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဖြင့် ဒီဇင်ဘာလ ၁၀ ရက်နေ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်တွင် ပါဝင်ကြရန် တိုက်တွန်းထားကြောင်း သိရှိရသည်။

တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ Silent Strike တြင္ ျပည္သူအားလုံးပါဝင္ေပးၾကရန္ ေဒါက္တာေတဇာဆန္း တိုက္တြန္း (႐ုပ္/သံ)

တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ Silent Strike တြင္ ျပည္သူအားလုံးပါဝင္ေပးၾကရန္ ေဒါက္တာေတဇာဆန္း တိုက္တြန္း (႐ုပ္/သံ)

ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ တနိုင္ငံလုံးအတိုင္းအတာျဖင့္ တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ (Silent Strike) ျပဳလုပ္ၾကမည္ျဖစ္ရာ အနက္ေရာင္ အဝတ္အစားကို ဝတ္ဆင္ၿပီး

အာဏာရွင္ဆန႔္က်င္ေရးအမွတ္အသား လက္ (၃) ေခ်ာင္းေထာင္ကာ ဓာတ္ပုံမွတ္တမ္းတင္ၿပီး လူမႈကြန္ယက္စာမ်က္ႏွာေတြမွာ မၽွေဝေဖာ္ထုတ္ၾကဖို႔ မႏၲေလးသပိတ္ေခါင္းေဆာင္ ေဒါက္တာေတဇာဆန္းက ယေန႔ တိုက္တြန္းလိုက္သည္။

ျပည္သူေတြ ေသြးမေအးဘူးဆိုတာကို ေဖာ္ထုတ္ျပသေရး၊ တိုင္းျပည္မွာ လူ႔အခြင့္အေရးဆိတ္သုဥ္းေနတာကို ေဖာ္ညႊန္းေရး၊ ေတာ္လွန္ေရးအဆက္ဆက္ ေပးဆပ္တိုက္ပြဲဝင္ခဲ့ၾကတဲ့

အာဇာနည္သူရဲေကာင္းအေပါင္းကို ဂုဏ္ျပဳေအာက္ေမ့ေရးစသည့္ ရည္ရြယ္ခ်က္မ်ားျဖင့္ ဒီဇင္ဘာ (၁၀) ရက္ေန႔ Silent Strike တြင္ပါဝင္ၾကဖို႔ ျဖစ္ေၾကင္း ေဒါက္တာေတဇာဆန္းက ဆိုသည္။

“ကမၻာေပၚမွာ အက်ယ္ေလာင္ဆုံး “အသံ” က “တိတ္ဆိတ္ၿငိမ္သတ္ျခင္း အသံ” ပါပဲ၊ တနိုင္ငံလုံးအဆင့္ Silent Strike ဆိုတာ ေတာ္႐ုံတန္႐ုံ လူထုအေနအထား၊ ေတာ္႐ုံတန္႐ုံ ေတာ္လွန္စိတ္၊ ေတာ္႐ုံတန္႐ုံ နိုင္ငံမ်ိဳးမွာ လုပ္လို႔ မရနိုင္ပါဘူး။

ျပည္သူ႔အင္အား၊ပူးေပါင္းပါဝင္မႈ၊ စုစည္းညီညြတ္မႈေတြ အင္မတန္အားေကာင္းပါမွ၊ ျပည္သူ ညီမွ ေအာင္ျမင္နိုင္မယ့္ အမ်ိဳးပါ။ သို႔ေသာ္ အခု က်ေနာ္တို႔ ဒါကို လုပ္ၾကမယ္။

ျမန္မာျပည္သူေတြရဲ့ ေတာ္လွန္စိတ္ ေတာ္လွန္ေသြးကို လုံးဝ ယုံၾကည္လို႔၊ စိတ္ခ်လို႔၊ အားကိုးလို႔ အခုလို Silent Strike ကို ႏွိုးေဆာ္ဆင္ႏႊဲၾကတာပဲ ျဖစ္တယ္” ဟု ေဒါက္တာေတဇာဆန္းက လူမႈကြန္ရက္မွတဆင့္ တိုက္တြန္းႏွိုးေဆာ္သည္။

ဒီဇင္ဘာလ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအထိ တစ္နိုင္ငံလုံး အျပင္မထြက္ဘဲ စစ္အာဏာရွင္ ေတာ္လွန္ေရး တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္တြင္ ပါဝင္ၾကေရး ႏွိုးေဆာ္

ျမန္မာနိုင္ငံလုံးရွိ ျပည္သူမ်ားအေနျဖင့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအထိ အျပင္မထြက္ဘဲ စစ္အာဏာရွင္ကို ဆန႔္က်င္ေတာ္လွန္ေၾကာ္ငး ျပသမည့္ တိတ္ဆိတ္ၿငိမ္သက္ျခင္း သပိတ္တြင္ ပါဝင္ၾကရန္

ေက်ာင္းသားသမဂၢမ်ားႏွင့္ နိုင္ငံလုံးဆိုင္ရာ သပိတ္အင္အားစုမ်ားက တိုက္တြန္းႏွိုးေဆာ္လိုက္သည္။ဒီဇင္ဘာ ၁၀ ရက္ (10 D)သည္ ကမၻာ့လူ႔အခြင့္အေရးေန႔ျဖစ္ၿပီး “တိတ္ဆိတ္ၿငိမ္သက္ျခင္း သပိတ္” (Silent Strike) ႏွင့္ “အနက္ေရာင္ လႈပ္ရွားမႈ” (Black Campaign)မ်ားတြင္ ပါဝင္ၾကျခင္းျဖင့္ စစ္အာဏာရွင္ကို ေတာ္လွန္ၾကရန္ ျပည္သူမ်ားကို တိုက္တြန္းထားေၾကာင္း သိရွိရသည္။

တိတ္ဆိတ္ၿငိမ္သက္ျခင္းသပိတ္ (Silent Strike)

ဒီဇင္ဘာ ၁၀ ရက္ေန႔ နံနက္ ၁၀ နာရီမွ ညေန ၄ နာရီအတြင္းမွာ လူထုအားလုံးက အျပင္လုံးဝ မထြက္ၾကဘဲ မိမိတို႔အိမ္တြင္ ေနၾကမည့္ (Silent Strike) သပိတ္ ျဖစ္ေၾကာင္း၊ လုံးဝ ေျခာက္ေသြ႕ၿငိမ္သက္ေနသည့္ၿမိဳ႕ရြာမ်ားမွ က

လူထု၏ တိတ္ဆိတ္သည့္ သပိတ္ေႂကြးေၾကာ္သံမ်ားကို စစ္အာဏာ႐ူးမ်ားသာမက၊ ကမၻာ့ျပည္သူမ်ားပါ

ေကာင္းေကာင္းႀကီး ၾကားနိုင္လိမ့္မည္ဟု မႏၲေလး သပိတ္ေခါင္းေဆာင္ ကိုေတဇာဆန္းက ဆိုသည္။

အနက္ေရာင္လႈပ္ရွားမႈ (Black Campaign)

ဒီဇင္ဘာလ ၁၀ ရက္ေန႔တြင္ ျပည္သူမ်ားအေနျဖင့္ အနက္ေရာင္ အဝတ္အစားကို ဝတ္ဆင္သုံးစြဲၿပီး အာ ဏာရွင္ဆန႔္က်င္ေရး အထိမ္းအမွတ္ လက္ (၃) ေခ်ာင္းေထာင္ကာ ဓာတ္ပုံမွတ္တမ္းတင္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ မၽွေဝေဖာ္ထုတ္ၾကရန္လည္း သပိတ္ေခါင္းေဆာင္မ်ားက တိုက္တြန္းထားသည္။

စစ္အာဏာရွင္ဆန႔္က်င္ေရး ေႂကြးၾကာ္သံျဖစ္သည့္ “ဆိတ္သုဥ္းေနတဲ့ လူ႔အခြင့္အေရး — ေတာ္လွန္ေရးနဲ႔ သိမ္းပိုက္ၾက” ျဖင့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ စစ္အာဏာရွင္ ဆန႔္က်င္ေရး တိတ္ဆိတ္ၿငိမ္သက္ျခင္း သပိတ္တြင္ ပါဝင္ၾကရန္ တိုက္တြန္းထားေၾကာင္း သိရွိရသည္။