ေကာလင္းတြင္ စစ္ေကာင္စီ စစ္ေၾကာင္းကို ကြၽဲဝင္ခတ္၊စစ္သား (၁)ေယာက္ အူပြင့္ေသ…
ေကာလင္းၿမိဳ႕နယ္တြင္ စစ္ေၾကာင္းထြက္လာသည့္ စစ္ေကာင္စီတပ္မ်ားကို ကြၽဲတစ္ေကာင္ဝင္ခတ္ရာ
စစ္ေကာင္စီတပ္သား (၁) ဦး အူပြင့္ၿပီး ယမန္ေန႔က ေသဆုံးသြားေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယမန္ေန႔ နံနက္ပိုင္းက စစ္ေကာင္စီတပ္မ်ားသည္ ႀကိဳ႕ပင္အုပ္စု အုတ္တိုက္ကုန္းေက်း႐ြာ အတြင္း ေႏွာက္ယွက္ဖ်က္ဆီးၿပီးျပန္အလာ
ေညာင္ပင္႐ိုးေက်း႐ြာမွ အေနာက္ဘက္ ပ်ဥ္းပင္႐ြာသို႔အကူး တာဝါတိုင္အနီးအေရာက္တြင္ကြၽဲတစ္ေကာင္မွ ဝင္ခတ္ျခင္းျဖစ္ေၾကာင္း ေဒသခံတစ္ဦးကေျပာသည္။
“ေကာလင္းအေနာက္ျခမ္းဘက္မွာ စစ္ေကာင္စီတပ္က စစ္ေၾကာင္းထြက္ေနတုန္း ကြၽဲဝင္ခတ္တာပဲ။
တေယာက္ အူပြင့္ၿပီးေသသြားတယ္။
ကြၽဲကိုေတာ့ ျပည္သူခ်စ္ေသာကြၽဲလို႔ နာမည္ေပးထားတယ္။
စစ္ေကာင္စီတပ္ေတြ ျပည္သူ႕က်ိန္စာသင့္ေနတာ” ဟု ေကာလင္းေဒသခံတစ္ဦးက မဲေခါင္သတင္းဌာနသို႔ ေျပာသည္။
Credit – Source
Unicode Version
ကောလင်းတွင် စစ်ကောင်စီ စစ်ကြောင်းကို ကျွဲဝင်ခတ်၊စစ်သား (၁)ယောက် အူပွင့်သေ…
ကောလင်းမြို့နယ်တွင် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်များကို ကျွဲတစ်ကောင်ဝင်ခတ်ရာ
စစ်ကောင်စီတပ်သား (၁) ဦး အူပွင့်ပြီး ယမန်နေ့က သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်များသည် ကြို့ပင်အုပ်စု အုတ်တိုက်ကုန်းကျေးရွာ အတွင်း နှောက်ယှက်ဖျက်ဆီးပြီးပြန်အလာ
ညောင်ပင်ရိုးကျေးရွာမှ အနောက်ဘက် ပျဉ်းပင်ရွာသို့အကူး တာဝါတိုင်အနီးအရောက်တွင်ကျွဲတစ်ကောင်မှ ဝင်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ကောလင်းအနောက်ခြမ်းဘက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထွက်နေတုန်း ကျွဲဝင်ခတ်တာပဲ။
တယောက် အူပွင့်ပြီးသေသွားတယ်။
ကျွဲကိုတော့ ပြည်သူချစ်သောကျွဲလို့ နာမည်ပေးထားတယ်။
စစ်ကောင်စီတပ်တွေ ပြည်သူ့ကျိန်စာသင့်နေတာ” ဟု ကောလင်းဒေသခံတစ်ဦးက မဲခေါင်သတင်းဌာနသို့ ပြောသည်။
Credit – Source