ရန်ကုန်၊ ဒီဇင်ဘာ ၁၀
Credit – Photos
Unicode Version ဖြင့်ဖတ်ရန်
နံနက် (၁၀) နာရီမှစပြီး ရန်ကုန်တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်နေသည့်မြင်ကွင်းများ…
ရန်ကုန်တစ်မြို့လုံး နံနက် ၁၀ နာရီမှစတင်ပြီး စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် ပါဝင်နေပြီ
ရန်ကုန်၊ ဒီဇင်ဘာ ၁၀
ရန်ကုန်တစ်မြို့လုံး နံနက် ၁၀ နာရီမှစတင်ပြီး စစ်အာဏာရှင် တော်လှန်ရေး အသံတိတ် သပိတ်တွင် ပါဝင်နေကြပြီဖြစ်ကြောင်း
ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အခု ၁၀ နာရီမထိုးခင်း ကားသံတောင် မကြားရတော့ဘူး။
အတော်ကို တိတ်ဆိတ်သွားတာ။
လူတောင်မရှိတဲ့ မြို့ကြီးအလားမှတ်ရတယ်။
မြေနီကုန်းလိုနေရာမျိုးတောင် ကားသံမကြားရတော့ဘူး” ဟု ရန်ကုန်၊မြေနီကုန်းတွင် နေထိုင်သူတစ်ဦးက မှတ်ချက်ပြုသည်။
သင်ရောအပြင်ထွက်နေတုန်းလား?
ခုပဲ အိမ်ထဲမှာပဲ နေထိုင်ပြီး တော်လှန်ရေးသပိတ်မှာ ပါဝင်လိုက်ပါ။
Credit – Photos