Cele News

ပေါက်ကြားလာတဲ့ မိုင်တဲမင်းသား၊ နှုတ်ခမ်းနီအဆိုတော်နဲ့ မော်ဒယ်မင်းသမီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း…

ပေါက်ကြားလာတဲ့ မိုင်တဲမင်းသား၊ နှုတ်ခမ်းနီအဆိုတော်နဲ့ မော်ဒယ်မင်းသမီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း…

နိုင်ငံကျော် မင်းသားတစ်ယောက် ဖြစ်တဲ့ နေတိုးကတော့ ပရိသတ်ပြည်သူ အားပေးမှု အခံရဆုံး စွယ်စုံရမင်းသား တစ်လက် ဖြစ်ပါတယ်နော်။

နေတိုးဟာ ဗီဒီယိုခေတ်ထဲက လူကြိုက်များ ခဲ့ရတဲ့ မင်းသား တစ်ယောက်ဖြစ်ပြီး ၊

ဗီဒီယိုဈေးကွက် ကျဆင်းပြီး ရုပ်ရှင်ကားကြီးတွေသာ ရိုက်ကူးကြတော့တဲ့ အချိန်မှာတော့မင်းသားချော နေတိုးဟာ မြန်မာပြည်မှာ နံပါတ်ဝမ်းလို့ ဆိုရလောက်အောင်ကို

ပရိသတ်အားပေးမှုတွေကို ရရှိလာခဲ့ပြီး လျှမ်းလျှမ်းတောက် အောင်မြင် လာခဲ့သော အနုပညာရှင် တစ်ဦးပါပဲနော်။

ထို့အတူပဲ စိုင်းစိုင်းခမ်းလှိုင် ဟာလည်း ဗီစီဒီခေတ်ထဲက အနုပညာ လောကထဲကို ရောက်ရှိလာခဲ့ပြီး သီချင်း အတော်များများမှာ ပါဝင်သရုပ်ဆောင် ခဲ့ရသူတစ်ဦးပြီး

နောက်ပိုင်းမှာတော့ အဆိုတော်တစ်ယောက် အနေနဲ့ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်း လူကြိုက် များလာခဲ့ပြီး အောင်မြင်မှု သရဖူကို ဆောင်းလာနိုင် ခဲ့သူ တစ်ယောက် လည်းဖြစ်ပါတယ်။

စိုင်းစိုင်းဟာ သူ့ရဲ့အောင်မြင်ကို ထိန်းသိမ်းနိုင်စွမ်း ရှိတဲ့ သူတစ်ဦးအဖြစ်

အားလုံးက သတ်မှတ်ခဲ့ ကြရပြီး ဂီတရေစီးကြောင်း အပြောင်းအလဲ များစွာ ဖြစ်ပေါ်လာခဲ့ ချိန်မှာတောင်မှ

ပရိသတ်အားပေးမှု အခိုင်အမာအရှိဆုံး ဖေ့ဘုတ်စ်မှာလည်း ဖန်အများအဆုံး အနုပညာရှင်အဖြစ် ကျော်ကြားမှုကို ရယူနိုင်ခဲ့ သူဖြစ်တယ်လို့ ဆိုရမှာပါနော်။

နှစ်ဦးစလုံးဟာ သူတို့ရပ်တည်ရာ အနုပညာ နယ်ပယ်မှာ အောင်မြင်တွေကို သိမ်းပိုက်ထားနိုင်ခဲ့ကြပြီး ပရိသတ်နဲ့ ပြောဆိုဆက်ဆံရာမှာလည်း အပြောအဆို ကျွမ်းကျင်ပိုင်နိုင်သူတွေလည်း ဖြစ်ပါတယ်နော်။

သို့အတွက်ကြောင့် သူတို့နှစ်ဦးဟာ ပရိသတ်တွေရဲ့ စွဲစွဲမြဲမြဲ အားပေးမှုကို ခံယူနိုင်ခဲ့ကြပြီး ဆယ်စုနှစ်တွေ တိုင်အောင် အနုပညာလောကမှာ သရဖူ ဆောင်းနိုင်ခဲ့ကြသူတွေပါ။

သို့ပေမယ့်လည်း ပြည်သူတွေ စိတ်ဆင်းရဲသောက ရောက်နေကြရတဲ့ အာဏာသိမ်းခံရမှု ကာလကြီးမှာတော့

နှစ်ဦးစလုံးဟာ ပရိသတ်ပြည်သူတွေ ယုံကြည်မျှော်လင့် ထားသလောက် တက်ကြွစွာ ကြိုးပမ်းပါဝင်မှုတွေ၊ Speak Outလုပ်ပေးမှုတွေကို ပြုလုပ်ပေးခဲ့ကြခြင်း မရှိကြတဲ့အတွက်

ပရိသတ်အတော် များများကတော့ စိတ်တိုင်းမကျ ဖြစ်နေခဲ့ရပါတော့တယ်။

ယခုအခါမှာတော့ သူတို့နှစ်ဦးနဲ့ ပတ်သက် ယှက်နွယ်နေသော သတင်းတစ်ပုဒ်ဟာ အွန်လိုင်းထက်မှာ ပျံ့နှံ့လို့ လာနေတာကို တွေ့မြင်ရတဲ့အတွက်

ဆယ်လီဖန်များအတွက် ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။“ပရိသတ်တွေ မသိသေးတဲ့

အာဏာသိမ်း ချိန် က စပြီး စုန်းစုန်စပျောက်မြုပ် နေတဲ့ နိုင်ငံကျော် အနုပညာရှင် မိုင်တဲ မင်းသား ကိုနေကိုတိုးနဲ့ အသံဝင် နေလို့ speak out မလုပ်နိုင်တဲ့ ကိုမေကိုစိုင်း တို့ ပါဝင် ပတ်သက် နေတဲ့

သုံးပွင့်ဆိုင် အချစ် ရေး ဟာ ဖော်ထုတ် ခံလိုက်ရပါတယ်။”

”မပြောရဲပါဖူး ဂူအောင်းနေတဲ့ စိုင်းစိုင်းခမ်းလှိုင် က ပက်ထရစ်ရှာ့ကို ချစ်ခွင့်ပန်ဖူးခဲ့တယ်ဆွာ မပြောရဲပါဖူး

နေတိုးကို ရွဲ့ပီး ပက်ထရစ်ရှာက စိုင်းစိုင်းခမ်းလှိုင်ကို ကြိုက်ချင်ယောင်ဆောင် ခဲ့ဖူးတယ်ဆွာ … အိုခီ… ဟုတ် ကျို င်းဇူးပါစင့် ။ ”ဆိုပြီး

ဆယ်လီစပိုင် စမော ပေ့ခ်ျကနေ ထုတ်ဖော်ပြောလာတာပဲ ဖြစ်ပါတယ်နော်။ ပရိသတ်ကြီးရေ.. ဖြစ်ပျက်ပြောင်းလဲမှုတွေ များလွန်းလှတဲ့ လောကကြီးမှာ

အနုပညာလောက အသိုင်းအဝန်းဟာလည်း တကယ့်ကို အရှုပ်အထွေးတွေ များလွန်းတယ်ဆိုတာ အင်တာနက်ခေတ်ကြီးမှာ ပိုပြီး သိသာမြင် လာတယ်လို့ဆိုရပါမယ်နော်။

 

အခုလည်း နေတိုး၊စိုင်းစိုင်းနဲ့ ပက်ထရစ်ရှာတို့ရဲ့ အတိတ်ဖြစ်ရပ်လေး ပေါ်ပေါက်လာသဖြင့် ဆယ်လီပရိသတ်ကြီးများအတွက် တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါတယ်နော်။

အားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပြီး မြန်မာပြည်သူပြည်သား အားလုံး လိုလားတောင့်တသော ဆန္ဒများ

အမြန်ဆုံး ပြည့်ဝနိုင်ကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။

ခရက်ဒစ် – Cele Spy Small