Credit
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေသိနိုင်တဲ့ သင့်ရဲ့ စိတ်နေစိတ်ထား…
၁။ စိတ်စေတနာကောင်းရှိသူ
သင်ဟာ စိတ်ကောင်းရှိသူ တယောက် ဖြစ်ပါတယ် ။ ထိလွယ် ရှလွယ်တဲ့ နှလုံးသား ရှိတယ်။ လူတွေကိုလည်း ကူညီ တတ်ပါတယ်။
ဒါပေမဲ့ တခါတခါ စိတ်မရှည် တတ်ပါဘူး ။ တစုံတယောက်ကို မှီခိုချင်တဲ့စိတ် ရှိတယ်။ ပြီးတော့ ကိုယ့်ကို အလေးထား ဆက်ဆံတာမျိုးကို လိုချင်တယ်။
လူအများရဲ့ အပေါ် အနစ်နာခံ တတ်လွန်းလို့ အခွင့်အရေးယူခြင်း ကိုလည်း ခံရတတ်ပါတယ်။
ကိုယ့်ရဲ့ ခံစားချက်ကို ထုတ်မပြောတတ် တာကြောင့် သင့်ရဲ့ စိတ်ရင်း အမှန်ကို လူတိုင်း အပြည့်အဝ မသိနိုင်ကြဘူး။
ပြီးတော့ သင်ဟာ အသစ်အဆန်းတွေကို လေ့လာဖို့ အမြဲ စိတ်အားထက်သန်နေသူ တယောက်ပဲ ဖြစ်ပါတယ်။
၂။ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်သူ
နံပါတ် ၂ ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်ဟာ တီထွင်ကြံဆအား ကောင်းပြီး ၊ Talent တခုခုကို ပိုင်ဆိုင်ထားသူ တယောက် ဖြစ်ပါတယ်။
လူချစ်လူခင် ပေါများပြီး ဘယ်နေရာ ရောက်ရောက် လိုက်လျောညီထွေ မိတ်ဖွဲ့ပေါင်းသင်းတတ်သူ တယောက်ဖြစ်ပါတယ်။ ထိခိုက်ရှလွယ်တဲ့ စိတ်ကလေးရှိတယ်။
မျှော်လင့်ချင်တာတွေ ရှိပေမဲ့ ဖြစ်မလာတဲ့ အခါ နာကျင်ရမှာလည်း ကြောက်တတ်တယ် ။
အချစ်ရေး မှာတော့ လိုတာထက် ပိုပြီး တွေးလေ့ ၊ ခံစားလေ့ ရှိတာကြောင့် ပိုပြီး ခံစားရတတ် ပါတယ်။
ဆုံးရှုံးရမှာ ကြောက်ပေမယ့် ဘာမှ မဖြစ်သလို ဟန်ဆောင်ပြတတ်သူ တယောက်လည်း ဖြစ်တယ် ။
၃။ နားလည်ခွင့်လွှတ် တတ်သူ
နံပါတ် ၃ ပုံစံ လက်သီး ဆုပ်တတ်တဲ့ သင်က ဟာသဉာဏ် ရှိသူ တယောက်ပဲ ဖြစ်တယ်။ တီထွင်ကြံဆစိတ် ရှိတယ်။
စကားပြော သိပ်ကောင်းတယ်။ လက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်သူဖြစ်ပြီး အလှအပ (or) အနုပညာရပ်တွေကို စိတ်ပါဝင်စားသူ တယောက်ဖြစ်တယ်။
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထား
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထား
သင်ဆုပ်လိုက်တဲ့ လက်သီးပုံစံကနေ သိနိုင်တဲ့ သင့်ရဲ့စိတ်နေစိတ်ထား
များသော အားဖြင့်တော့ ခပ်အေးအေး နေတတ်သူဖြစ်ပြီး သင့်ရဲ့ စိတ်က နားလည်ရ ခက်ပါတယ်။
အချစ်နဲ့ ပတ်သက်ရင်တော့ စိတ်မနာတတ် သေးတာက သင့်ရဲ့ အားနည်းချက် တခုလို ဖြစ်နေပါတယ်။
ကဲ ဘယ်လိုလဲ မှန်ရဲ့လား.. ။ သူငယ်ချင်းတွေ သိအောင်လည်း Share သွားဦးနော် ။
Credit