Love

႐ိုးေျမက်ေပါင္းသင္းေနထိုင္သြားရမယ့္ ဖူးစာရွင္ ဟုတ္၊မဟုတ္ သိႏိုင္မယ့္အခ်က္ (၅) ခ်က္…

႐ိုးေျမက်ေပါင္းသင္းေနထိုင္သြားရမယ့္ ဖူးစာရွင္ ဟုတ္၊မဟုတ္ သိႏိုင္မယ့္အခ်က္ (၅) ခ်က္…

ဖူးစာ ဆိုတာ တကယ့္ကို ဆန္းၾကယ္ ပါတယ္။ ဒါေၾကာင့္လည္း ညားတိုင္းမခ်စ္၊ ခ်စ္တိုင္းမညားဆိုတဲ့ စကားပုံေပၚ လာတာပါ။

တကယ္လို႔ သင္ခ်စ္တဲ့ သူနဲ႔ သင့္ကိုခ်စ္တဲ့သူ တစ္ထပ္တည္းက်ခဲ့ရင္ သင္ဟာ ကံအေကာင္းဆုံး လူတစ္ေယာက္ျဖစ္ ပါတယ္။

အဲဒီလူဟာ သင္နဲ႔ ႐ိုးေျမက် ေပါင္းသင္းေနထိုင္ သြားရမယ့္ ဖူးစာရွင္ ဟုတ္၊ မဟုတ္ ဆိုတာ ကိုေတာ့ ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ျပည့္စုံတယ္လို႔ခံစားရတယ္

လူတိုင္းဟာ အားနည္းခ်က္ကိုယ္စီနဲ ႔မို႔လို႔ ဘယ္ေတာ့မွ ၿပီးျပည့္စုံျခင္း ဆိုတာ မရွိပါဘူး။

ဒါေပမယ့္ ထူးဆန္းတာ တစ္ခုက သင့္ခ်စ္သူနဲ႔ သင္နဲ႔ ယွဥ္တြဲ လိုက္တိုင္း ၿပီးျပည့္စုံ တယ္လို႔ ခံစား ရမွာပါ။

သူအနားမွာ ရွိေနရင္ အရာရာကို စိတ္တိုင္းက်ၿပီး ၾကည္ႏူးေပ်ာ္႐ႊင္ေနမွာပါ။ ဒါဆိုရင္ သူဟာ သင့္ရဲ႕ဖူးစာ ရွင္ျဖစ္ေၾကာင္း ေဖာ္ျပေနတဲ့ အထဲက တစ္ခုပါ။

(၂) စိတ္ထဲကေန အလိုလိုသိေနတယ္

သူ႔ကိုသင္ စေတြ႕တဲ့ေန႔မွာပဲ သူဟာ သင့္ရဲ႕ ဖူးစာရွင္ျဖစ္တယ္ဆိုတာကို တစ္ေယာက္ေယာက္က ေျပာေနသလိုကို စိတ္ထဲကေန ခံစားရမွာပါ။

သူ႔ကို စကားေျပာလိုက္တဲ့အခါတိုင္း အရင္ကတည္းက ရင္းႏွီးေႏြးေထြးၿပီးသား

သူတစ္ေယာက္ လို ခံစားေနရ မွာပါ။ သူဟာ သင့္ အတြက္ျဖစ္ တယ္ဆိုတာ သင့္စိတ္ထဲမွာ ၁၀၀% ေသခ်ာေန မွာျဖစ္ ပါတယ္။ ဒါဆိုရင္ သူဟာ သင့္ရဲ႕ဖူးစာရွင္ပါ။

(၃) စိတ္တူကိုယ္တူ

သူနဲ႔သင္ဟာ အႀကိဳက္ခ်င္း အၿမဲတူခ်င္မွ တူမယ္။ ဒါေပမယ့္ စိတ္ကေတာ့ အရမ္းကို တူေနမွာပါ။ အေၾကာင္းအရာ တစ္ခုခုအေပၚ သူနဲ႔ သင္ရဲ႕ အျမင္၊ သေဘာထား၊ ခံယူခ်က္ေတြ တူေနမွာပါ။

ဒါေၾကာင့္ သင္တို ႔ႏွစ္ေယာက္ဟာ ဘယ္ကိစၥမွမဆို တကူးတက လိုက္ညႇိေန စရာေတာင္ မလိုဘဲ စိတ္တူ ကိုယ္တူျဖစ္ေန မွာပါ။

ဒါဆို ရင္ သင္တို ႔ႏွစ္ေယာက္ဟာ ဖူးစာရွင္ေတြ ျဖစ္ႏိုင္ ပါတယ္ ။

(၄) သူ႔ရဲ႕ ခံစားခ်က္ေတြကို အလိုလို လိုက္ခံစားမိေနမယ္

တစ္ခါတေလ သူ႔ကို သင္ အရမ္းလြမ္းေနတဲ့ အခ်ိန္ေတြမွာ၊ သူ႔ဖက္ကလည္း အရမ္းလြမ္းေန တာမ်ိဳး၊ သူ႔ကိုေခၚဖို႔ ဖုန္းကိုင္ လိုက္တဲ့ အခ်ိန္မွာ သူကေခၚတာမ်ိဳး၊

သန္းေခါင္ယံ တစ္ေရးႏိုး တဲ့အခ်ိန္ သူ႔ကိုလြမ္းေန တဲ့အခါ သူဖုန္းလာ ဆက္တာတို႔၊ သူဝမ္းနည္းေနတာ မသိေပမယ့္

သင္လည္း မေပ်ာ္မ႐ႊင္ျဖစ္ေနတာတို႔ ဒါေတြဟာ သင္နဲ႔ သူနဲ႔ ဖူးစာေတြျဖစ္ေန လို႔ပါ ။

(၅) သူမရွိရင္မျဖစ္ေတာ့ဘူး

သင့္ဘဝထဲကေန သူ႔ကို ဆြဲထုတ္ၾကည့္ လိုက္တိုင္း သင့္ဘဝလည္းေပ်ာက္ ဆုံးသြားသလို ခံစား ရမွာပါ။

သင္တို ႔ႏွစ္ေယာက္ဟာ ဖူးစာရွင္ေတြျဖစ္ေန တာေၾကာင့္ သူမရွိရင္ သင့္ဘဝလည္း မျပည့္စုံ ႏိုင္ေတာ့ တာပါ ။

ဒါဟာ သာမန္ စုံတြဲေတြ ကြဲၾကလို႔ အထီးက်န္ တာမ်ိဳးနဲ႔ေတာ့ အရမ္းကြာပါတယ္။

သင့္ဘဝ တစ္ခုလုံး အဓိပၸါယ္ မဲ့သြားတာ မ်ိဳးပါ။ ဒီလို ခံစားရတာ ကလည္း သင့္ရဲ႕ဖူးစာ ရွင္ျဖစ္ေနလို ႔ပါ။

Credit : Aunty May

ရိုးမြေကျပေါင်းသင်းနေထိုင်သွားရမယ့် ဖူးစာရှင် ဟုတ်၊မဟုတ် သိနိုင်မယ့်အချက် (၅) ချက်…

ဖူးစာ ဆိုတာ တကယ့်ကို ဆန်းကြယ် ပါတယ်။ ဒါကြောင့်လည်း ညားတိုင်းမချစ်၊ ချစ်တိုင်းမညားဆိုတဲ့ စကားပုံပေါ် လာတာပါ။

တကယ်လို့ သင်ချစ်တဲ့ သူနဲ့ သင့်ကိုချစ်တဲ့သူ တစ်ထပ်တည်းကျခဲ့ရင် သင်ဟာ ကံအကောင်းဆုံး လူတစ်ယောက်ဖြစ် ပါတယ်။

အဲဒီလူဟာ သင်နဲ့ ရိုးမြေကျ ပေါင်းသင်းနေထိုင် သွားရမယ့် ဖူးစာရှင် ဟုတ်၊ မဟုတ် ဆိုတာ ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ပြည့်စုံတယ်လို့ခံစားရတယ်

လူတိုင်းဟာ အားနည်းချက်ကိုယ်စီနဲ့မို့လို့ ဘယ်တော့မှ ပြီးပြည့်စုံခြင်း ဆိုတာ မရှိပါဘူး။

ဒါပေမယ့် ထူးဆန်းတာ တစ်ခုက သင့်ချစ်သူနဲ့ သင်နဲ့ ယှဉ်တွဲ လိုက်တိုင်း ပြီးပြည့်စုံ တယ်လို့ ခံစား ရမှာပါ။

သူအနားမှာ ရှိနေရင် အရာရာကို စိတ်တိုင်းကျပြီး ကြည်နူးပျော်ရွှင်နေမှာပါ။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာ ရှင်ဖြစ်ကြောင်း ဖော်ပြနေတဲ့ အထဲက တစ်ခုပါ။

(၂) စိတ်ထဲကနေ အလိုလိုသိနေတယ်

သူ့ကိုသင် စတွေ့တဲ့နေ့မှာပဲ သူဟာ သင့်ရဲ့ ဖူးစာရှင်ဖြစ်တယ်ဆိုတာကို တစ်ယောက်ယောက်က ပြောနေသလိုကို စိတ်ထဲကနေ ခံစားရမှာပါ။

သူ့ကို စကားပြောလိုက်တဲ့အခါတိုင်း အရင်ကတည်းက ရင်းနှီးနွေးထွေးပြီးသား

သူတစ်ယောက် လို ခံစားနေရ မှာပါ။ သူဟာ သင့် အတွက်ဖြစ် တယ်ဆိုတာ သင့်စိတ်ထဲမှာ ၁၀၀% သေချာနေ မှာဖြစ် ပါတယ်။ ဒါဆိုရင် သူဟာ သင့်ရဲ့ဖူးစာရှင်ပါ။

(၃) စိတ်တူကိုယ်တူ

သူနဲ့သင်ဟာ အကြိုက်ချင်း အမြဲတူချင်မှ တူမယ်။ ဒါပေမယ့် စိတ်ကတော့ အရမ်းကို တူနေမှာပါ။ အကြောင်းအရာ တစ်ခုခုအပေါ် သူနဲ့ သင်ရဲ့ အမြင်၊ သဘောထား၊ ခံယူချက်တွေ တူနေမှာပါ။

ဒါကြောင့် သင်တို့နှစ်ယောက်ဟာ ဘယ်ကိစ္စမှမဆို တကူးတက လိုက်ညှိနေ စရာတောင် မလိုဘဲ စိတ်တူ ကိုယ်တူဖြစ်နေ မှာပါ။

ဒါဆို ရင် သင်တို့နှစ်ယောက်ဟာ ဖူးစာရှင်တွေ ဖြစ်နိုင် ပါတယ် ။

(၄) သူ့ရဲ့ ခံစားချက်တွေကို အလိုလို လိုက်ခံစားမိနေမယ်

တစ်ခါတလေ သူ့ကို သင် အရမ်းလွမ်းနေတဲ့ အချိန်တွေမှာ၊ သူ့ဖက်ကလည်း အရမ်းလွမ်းနေ တာမျိုး၊ သူ့ကိုခေါ်ဖို့ ဖုန်းကိုင် လိုက်တဲ့ အချိန်မှာ သူကခေါ်တာမျိုး၊

သန်းခေါင်ယံ တစ်ရေးနိုး တဲ့အချိန် သူ့ကိုလွမ်းနေ တဲ့အခါ သူဖုန်းလာ ဆက်တာတို့၊ သူဝမ်းနည်းနေတာ မသိပေမယ့်

သင်လည်း မပျော်မရွှင်ဖြစ်နေတာတို့ ဒါတွေဟာ သင်နဲ့ သူနဲ့ ဖူးစာတွေဖြစ်နေ လို့ပါ ။

(၅) သူမရှိရင်မဖြစ်တော့ဘူး

သင့်ဘဝထဲကနေ သူ့ကို ဆွဲထုတ်ကြည့် လိုက်တိုင်း သင့်ဘဝလည်းပျောက် ဆုံးသွားသလို ခံစား ရမှာပါ။

သင်တို့နှစ်ယောက်ဟာ ဖူးစာရှင်တွေဖြစ်နေ တာကြောင့် သူမရှိရင် သင့်ဘဝလည်း မပြည့်စုံ နိုင်တော့ တာပါ ။

ဒါဟာ သာမန် စုံတွဲတွေ ကွဲကြလို့ အထီးကျန် တာမျိုးနဲ့တော့ အရမ်းကွာပါတယ်။

သင့်ဘဝ တစ်ခုလုံး အဓိပ္ပါယ် မဲ့သွားတာ မျိုးပါ။ ဒီလို ခံစားရတာ ကလည်း သင့်ရဲ့ဖူးစာ ရှင်ဖြစ်နေလို့ပါ။

Credit : Aunty May