Knowledge














Credit – Mckzone daily

Unicode Version ဖြင့်ဖတ်ရန်

မိခင်ဝမ်းဗိုက်ထဲကလို အတင်းပွေ့ဖက်ထားနေဆဲဖြစ်တဲ့ အမြွှာလေးကလေးနှစ်ဦးရဲ့ ချစ်စရာဗီဒီယိုလေး

မကြာသေးမီက လူ့လောကထဲသို့ရောက်ရှိလာတဲ့ မွေးကင်းစ အမြွှာယောက်ျားလေးနှစ်ဦးဟာ

မိခင်ရဲ့သားအိမ်ထဲမှာနေခဲ့ရသလို အချင်းချင်းပွေ့ဖက်ခြင်းကိုရပ်တန့်ဖို့ ငြင်းဆိုခဲ့ကြပါတယ်။

အဆိုပါ အသက် နှစ်လအောက် အမြွှာယောက်ျားလေးနှစ်ဦးအား သားဖွားသူနာပြုများက ရေချိုးပေးနေစဉ်

တစ်ယောက်ကို တစ်ယောက် ဆုပ်ကိုင်ထားခဲ့ကြပြီး ၎င်းလက်နှစ်ဖက်နှင့် ခြေထောက်များဖြင့်

တစ်ဦးနှင့်တစ်ဦး ဖက်သွယ်ထားကြတာကို ဗီဒီယိုထဲမှာ တွေ့မြင်နိုင်ပါတယ်။

ဒီမယုံနိုင်လောက်တဲ့ဗီဒီယိုတစ်ခုမှာ မွေးကင်းစကတည်းကပင် ထိုနှောင်ကြိုးက မည်မျှနက်ရှိုင်းတာကို ပြသနေပါတယ်။

ဒီဗီဒီယိုတစ်ခု ဟာ YouTube မှာ အကြိမ်ရေ သန်း 50 နီးပါး ကြည့်ရှုခံခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှ Sonia Rochel အမည်ရှိ သားဖွားသူနာပြုတစ်ဦးက ထိုအမြွှာယောက်ျားလေးနှစ်ဦးကို မွေးဖွားပေးခဲ့ပြီး

ထိုအမြွှာလေးများကို အထူးရေချိုးနည်းဖြင့် ရေချိုးပေးနေခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါနည်းပညာက သားအိမ်တွင်းရှိ ခံစားချက်ကိုထပ်တူထပ်မျှဖြစ်စေပြီး အသက်နှစ်လအောက် ကလေးငယ်များအတွက် ဒီဇိုင်းထုတ်ထားတာပဲ ဖြစ်ပါတယ်။

ဗီဒီယိုရှိ ထိုအမြွှာယောက်ျားလေးနှစ်ဦးဟာ ၎င်းတို့ကို မမွေးဖွားမီကတည်းက အချင်းချင်း ရင်းနှီးချင်ကြကြောင်းကို သက်သေပြနေပါတယ်။

Credit – Mckzone daily