ကြားသိရသမျှ

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အား ေနာက္ထပ္ပုဒ္မႏွစ္ခုျဖင့္ အမိန္႔ခ်မွတ္ေတာ့မည္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အား ေနာက္ထပ္ပုဒ္မႏွစ္ခုျဖင့္ အမိန္႔ခ်မွတ္ေတာ့မည္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္အား ေနာက္ထပ္ ပုဒ္မႏွစ္ခုျဖင့္ အမိန္႔ခ်မွတ္ေတာ့မည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္အားပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ၈၊ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇ တို႔ျဖင့္ တရားစြဲဆိုထားမႈအား

လာမည့္ဒီဇင္ဘာ ၂၀ ရက္တြင္အမိန္႔ခ်မွတ္မည္ ျဖစ္ေၾကာင္း သိရသည္။

ယင္းအမႈမ်ားႏွင့္ ပတ္သက္ၿပီး ဒီဇင္ဘာ ၆ ရက္တြင္ ႏွစ္ဖက္အျပန္အလွန္ အၿပီးသတ္ ေလွ်ာက္လဲခဲ့ၾကၿပီးေနာက္ အမိန္႔ခ်ရန္ ဒီဇင္ဘာ ၂၀ သို႔ ခ်ိန္းဆိုထားျခင္း ျဖစ္သည္။

စစ္တပ္ အာဏာသိမ္းသည့္ ေဖေဖာ္ဝါရီ ၁ ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္၏ ေနအိမ္သို႔ ဝင္ေရာက္စီးနင္း ဖမ္းဆီးစဥ္

လုံးျခဳံေရးတပ္ဖြဲ႕ဝင္မ်ား အသုံးျပဳသည့္ စကားေျပာစက္မ်ားႏွင့္ Jammer (ဆက္သြယ္ေရးျဖတ္ေတာက္စက္) တစုံေတြ႕႐ွိသည္ ဟုဆိုကာ

အဆိုပါ ပုဒ္မမ်ားျဖင့္ အာဏာသိမ္း စစ္ေကာင္စီက တရားစြဲဆိုထားျခင္း ျဖစ္သည္။

ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၇သည္ ေထာင္ဒဏ္ ၁ ႏွစ္ထိ ခ်မွတ္ခံရႏိုင္ၿပီး ပို႔ကုန္သြင္းကုန္ဥပေဒပုဒ္မ ၈ သည္ ေထာင္ဒဏ္ ၃ ႏွစ္အထိ ခ်မွတ္ခံရႏိုင္သည့္ ပုဒ္မ ျဖစ္သည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာ ၆ ရက္ကလည္း ေဒၚေအာင္ဆန္းစုၾကည္အား ရာဇသတ္ႀကီးဥပေဒပုဒ္မ ၅၀၅-ခ ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္၊

သဘာဝေဘးအႏၲရာယ္စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ ေထာင္ဒဏ္ ၂ ႏွစ္၊ စုစုေပါင္း ေထာင္ဒဏ္ ၄ ႏွစ္က်ခံေစရန္

စစ္ေကာင္စီ လက္ေအာက္ခံ ေနျပည္ေတာ္ အထူးသီးသန္႔တရား႐ုံးက အမိန္႔ခ်မွတ္ခဲ့သည္။

သို႔ေသာ္ အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လိႈင္က ေထာင္ဒဏ္ ၂ ႏွစ္အား လြတ္ၿငိမ္းခြင့္ျပဳေၾကာင္းႏွင့္

က်န္ ၂ ႏွစ္အား လက္႐ွိ ခ်ဳပ္ေႏွာင္ထားသည့္ ေနရာ၌ပင္ က်ခံရမည္ျဖစ္ေၾကာင္း ယင္းေန႔ ညပိုင္းတြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထိုသို႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ အာဏာသိမ္း စစ္ေကာင္စီက စြပ္စြဲကာ တရားစြဲဆိုထားသည့္ ပုဒ္မမ်ားျဖင့္ျပစ္ဒဏ္ ခ်မွတ္ျခင္းအား

ႏိုင္ငံတကာအသိုင္းအဝိုင္းက ျပစ္တင္႐ႈတ္ခ်ခဲ့ၾကၿပီး အတုအေယာင္ တရားစီရင္ေရးသာ ျဖစ္ေၾကာင္း ေဝဖန္ခဲ့ၾကသည္။

ထို႔ျပင္ သီးျခားအေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အား ဦးညီညီဆိုသူက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၂၅ ျဖင့္ တရားစြဲဆိုထားသည့္အမႈတြင္လည္း

ေဒၚေအာင္ဆန္းစုၾကည္ဘက္ကသက္ေသအေနျဖင့္ မႏၲေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္အား ဒီဇင္ဘာ ၁၃ ရက္ေန႔ ႐ုံးခ်ိန္းတြင္ သက္ေသထြက္ဆိုရန္ ေခၚယူထားေၾကာင္း သိရသည္။

Credit – channelover.com

Unicode Version

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား နောက်ထပ်ပုဒ်မနှစ်ခုဖြင့် အမိန့်ချမှတ်တော့မည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် ပုဒ်မနှစ်ခုဖြင့် အမိန့်ချမှတ်တော့မည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အားပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ၈၊ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားမှုအား

လာမည့်ဒီဇင်ဘာ ၂၀ ရက်တွင်အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ယင်းအမှုများနှင့် ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်တွင် နှစ်ဖက်အပြန်အလှန် အပြီးသတ် လျှောက်လဲခဲ့ကြပြီးနောက် အမိန့်ချရန် ဒီဇင်ဘာ ၂၀ သို့ ချိန်းဆိုထားခြင်း ဖြစ်သည်။

စစ်တပ် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဝင်ရောက်စီးနင်း ဖမ်းဆီးစဉ်

လုံးခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် စကားပြောစက်များနှင့် Jammer (ဆက်သွယ်ရေးဖြတ်တောက်စက်) တစုံတွေ့ရှိသည် ဟုဆိုကာ

အဆိုပါ ပုဒ်မများဖြင့် အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇သည် ထောင်ဒဏ် ၁ နှစ်ထိ ချမှတ်ခံရနိုင်ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ သည် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မ ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၆ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် ထောင်ဒဏ် ၂ နှစ်၊

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ကျခံစေရန်

စစ်ကောင်စီ လက်အောက်ခံ နေပြည်တော် အထူးသီးသန့်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

သို့သော် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထောင်ဒဏ် ၂ နှစ်အား လွတ်ငြိမ်းခွင့်ပြုကြောင်းနှင့်

ကျန် ၂ နှစ်အား လက်ရှိ ချုပ်နှောင်ထားသည့် နေရာ၌ပင် ကျခံရမည်ဖြစ်ကြောင်း ယင်းနေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် အာဏာသိမ်း စစ်ကောင်စီက စွပ်စွဲကာ တရားစွဲဆိုထားသည့် ပုဒ်မများဖြင့်ပြစ်ဒဏ် ချမှတ်ခြင်းအား

နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချခဲ့ကြပြီး အတုအယောင် တရားစီရင်ရေးသာ ဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

ထို့ပြင် သီးခြားအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုထားသည့်အမှုတွင်လည်း

ဒေါ်အောင်ဆန်းစုကြည်ဘက်ကသက်သေအနေဖြင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အား ဒီဇင်ဘာ ၁၃ ရက်နေ့ ရုံးချိန်းတွင် သက်သေထွက်ဆိုရန် ခေါ်ယူထားကြောင်း သိရသည်။

Credit – channelover.com