News

ယနေ့စစ်အင်အား အလုံးအရင်းနှင့် စီးနင်းခံရပီး ရွာလုံးကျွတ် မီးလောင်ဆုံးနိုင်တဲ့ အညာဒေသက ကဲဘာရွာလေး

ယနေ့စစ်အင်အား အလုံးအရင်းနှင့် စီးနင်းခံရပီး ရွာလုံးကျွတ် မီးလောင်ဆုံးနိုင်တဲ့ အညာဒေသက ကဲဘာရွာလေး

အရာတော် ကဲဘာရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ ငြိမ်းသတ်သူ မရှိသောကြောင့် ရွာလုံးကျွတ် မီးလောင် ဆုံးရှုံးနိုင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကဲဘာ‌ကျေးရွာကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး များက ကျေးရွာတွင်းသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေပြီး

မီးငြိမ်းသတ်မည့် သူမရှိသောကြောင့် ရွာလုံးကျွတ် မီးလောင်း ဆုံးရှုံးနိုင်ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။

ကဲဘာကျေးရွာအတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များနှင့် ပျူစောထီး အဖွဲ့များက လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာ ခြင်းဖြစ်ပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

” စစ်ခွေးတွေနဲ့ ပျူစောထီးတွေ အင်အား ၁၀၀ လေကာက်ရှိမယ်။

ဒီနေ့ နံနက်ပိုင်းလောက် ရွာထဲကို လက်နက်ကြီးတွေ သေနတ်တွေ ပစ်ဖောက်ပြီး ဝင်စီးတယ်။ ရွာသားတွေက ဘေးလွတ်ရာကို အကုန်ပြေးနေရတယ်။

သူတို့က သေနတ်တွေ လက်နက်ကြီးတွေ ရမ်းပစ်နေတာကို ရွာသားတွေ မရှိတော့ဘူး။

အဲလိုပစ်ပြီးတော့ ရွာကို မီးရှို့တော့တာပဲ။

မီးက ငြိမ်းမယ့်သူ မရှိတော့ တစ်ရွာလုံးလောင်နိုင်တဲ့ အခြေအနေရှိတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီတပ်များသည် သလဲဘာကျေးရွာတွင် တပ်စွဲထားခြင်းဖြစ်ပြီး ကဲဘာရွာကို မီးရှို့ဖျက်ဆီးနေချိန်တွင် သလဲဘာကျေးရွာ၌ ကျန်ရှိခဲ့သော

စစ်သားများနှင့် ပျူစောထီးများက ကျောက်ကုန်းရွာသို့ သွားရောက်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများ ပြောဆိုချက်အရ သိရသည်။

ယေန႕စစ္အင္အား အလံုးအရင္းႏွင့္ စီးနင္းခံရပီး ရြာလံုးကြ်တ္ မီးေလာင္ဆံုးႏိုင္တဲ့ အညာေဒသက ကဲဘာရြာေလး

အရာေတာ္ ကဲဘာရြာကို စစ္တပ္က ဝင္ေရာက္မီးရွို႔ ၿငိမ္းသတ္သူ မရွိေသာေၾကာင့္ ရြာလုံးကၽြတ္ မီးေလာင္ ဆုံးရႈံးနိုင္

ရန္ကုန္၊ ဒီဇင္ဘာ ၁၃

စစ္ကိုင္းတိုင္း အရာေတာ္ၿမိဳ႕နယ္ ကဲဘာ‌ေက်းရြာကို ယေန႔ ဒီဇင္ဘာလ ၁၃ ရက္ေန႔ နံနက္ပိုင္းတြင္ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ပ်ဴေစာထီး မ်ားက ေက်းရြာတြင္းသို႔ ဝင္ေရာက္ကာ မီးရွို႔ဖ်က္ဆီးေနၿပီး

မီးၿငိမ္းသတ္မည့္ သူမရွိေသာေၾကာင့္ ရြာလုံးကၽြတ္ မီးေလာင္း ဆုံးရႈံးနိုင္ေၾကာင္း ေဒသခံ ျပည္သူမ်ားက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ေျပာဆိုသည္။

ကဲဘာေက်းရြာအတြင္းသို႔ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ ပ်ဴေစာထီး အဖြဲ႕မ်ားက လက္နက္ႀကီး လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္ကာ ဝင္ေရာက္လာ ျခင္းျဖစ္ၿပီး ေဒသခံျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ ေနရေၾကာင္း သိရသည္။

” စစ္ေခြးေတြနဲ႔ ပ်ဴေစာထီးေတြ အင္အား ၁၀၀ ေလကာက္ရွိမယ္။

ဒီေန႔ နံနက္ပိုင္းေလာက္ ရြာထဲကို လက္နက္ႀကီးေတြ ေသနတ္ေတြ ပစ္ေဖာက္ၿပီး ဝင္စီးတယ္။ ရြာသားေတြက ေဘးလြတ္ရာကို အကုန္ေျပးေနရတယ္။

သူတို႔က ေသနတ္ေတြ လက္နက္ႀကီးေတြ ရမ္းပစ္ေနတာကို ရြာသားေတြ မရွိေတာ့ဘူး။

အဲလိုပစ္ၿပီးေတာ့ ရြာကို မီးရွို႔ေတာ့တာပဲ။

မီးက ၿငိမ္းမယ့္သူ မရွိေတာ့ တစ္ရြာလုံးေလာင္နိုင္တဲ့ အေျခအေနရွိတယ္” ဟု ေဒသခံျပည္သူ တစ္ဦးကေျပာဆိုသည္။

အဆိုပါ အၾကမ္းဖက္ စစ္ေကာင္စီတပ္မ်ားသည္ သလဲဘာေက်းရြာတြင္ တပ္စြဲထားျခင္းျဖစ္ၿပီး ကဲဘာရြာကို မီးရွို႔ဖ်က္ဆီးေနခ်ိန္တြင္ သလဲဘာေက်းရြာ၌ က်န္ရွိခဲ့ေသာ

စစ္သားမ်ားႏွင့္ ပ်ဴေစာထီးမ်ားက ေက်ာက္ကုန္းရြာသို႔ သြားေရာက္ကာ ေနအိမ္တခ်ိဳ႕ကို မီးရွို႔ဖ်က္ဆီးေနေၾကာင္း ေဒသခံျပည္သူမ်ား ေျပာဆိုခ်က္အရ သိရသည္။