ပြည်သူတွေအပေါ် ရက်ရက်စက်စက်ယုတ်မာသွား မအလနောက်လိုက်ခွေးတွေရဲ့(ရုပ်သံ)
ရုပ်သံကို အောက်ဆုံးတွင် ဖော်ပြထားပါသည်
“အရာတော်၊ ကဲဘာကျေးရွာတွင် စစ်တပ်နှင့် ပျူစောထီး မီးရှို့သောကြောင့် တစ်ရွာလုံးနီးပါး မီးလောင်ပျက်ဆီး
13.12.2021(MON) | 3:00 PM
ယနေ့ ဒီဇင်ဘာ(၁၃)ရက်၊ မနက်ပိုင်းတွင် စစ်တပ် နှင့် ဒေသခံပျူစောထီး ပူးပေါင်းအင်အား(၁၀၀)ကျော်က
အရာတော်အရှေ့တောင်နယ်၊ ကဲဘာကျေးရွာကို ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် အိမ်ခြေ (၁၀၀)နီးပါး မီးလောင်ပျက်ဆီးခဲ့ကြောင်းသိရှိရသည်။
ကဲဘာကျေးရွာသည် အိမ်ခြေရာဂဏန်းရှိပြီး ယခု စစ်တပ်၏ မီးရှို့မှုကြောင့် တစ်ရွာလုံးနီးပါး ပျက်ဆီးဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
အချိန်တော်တော်ကြာ ရွာနေအိမ်များမီးလောင်နေခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့များက ရွာထဲတွင် သေနတ်နှင့်လက်နက်ကြီးများ ပစ်ဖောက်ပြီး ပတ်မွှေနေသေး၍
ရွာထဲပြန်ဝင်မီးငြှိမ်းမရဘဲ ရှောင်ပြေးရာတောထဲမှသာ ရွာဘက်ကို လှမ်းမျှော်ကြည့်နေခဲ့ရသည်ဟု ရွာခံပြည်သူများကပြောသည်။
အဆိုပါ စစ်တပ်နှင့် ပျူစောထီးတပ်ဖွဲ့သည် ယခုအခါ သလဲဘာကျေးရွာဘက်ကို ပြန်လည်ဆုတ်လာပြီး သလဲဘာအနီး ဆုတောင်းပြည့်မြစည်းခုံဘုရားတွင် တပ်စွဲစခန်းချထားသည်ဟု သိရှိရသည်။
စစ်ကောင်စီတပ်ဖွဲ့များ သလဲဘာရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားမှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်
ရွာခံလူငယ်တချို့က ဝင်ရောက်ပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ပေးခဲ့သဖြင့် ယနေ့ ညနေ(၃)နာရီခန့်တွင် မီးငြိမ်းသွားပြီဟုသိရှိရသည်။
ျပည္သူေတြအေပၚ ရက္ရက္စက္စက္ယုတ္မာသြား မအလေနာက္လိုက္ေခြးေတြရဲ႕(ရုပ္သံ)
႐ုပ္သံကို ေအာက္ဆုံးတြင္ ေဖာ္ျပထားပါသည္
“အရာေတာ္၊ ကဲဘာေက်းရြာတြင္ စစ္တပ္ႏွင့္ ပ်ဴေစာထီး မီးရွို႔ေသာေၾကာင့္ တစ္ရြာလုံးနီးပါး မီးေလာင္ပ်က္ဆီး
13.12.2021(MON) | 3:00 PM
ယေန႔ ဒီဇင္ဘာ(၁၃)ရက္၊ မနက္ပိုင္းတြင္ စစ္တပ္ ႏွင့္ ေဒသခံပ်ဴေစာထီး ပူးေပါင္းအင္အား(၁၀၀)ေက်ာ္က
အရာေတာ္အေရွ႕ေတာင္နယ္၊ ကဲဘာေက်းရြာကို ဝင္ေရာက္ မီးရွို႔ဖ်က္ဆီးခဲ့ေသာေၾကာင့္ အိမ္ေၿခ (၁၀၀)နီးပါး မီးေလာင္ပ်က္ဆီးခဲ့ေၾကာင္းသိရွိရသည္။
ကဲဘာေက်းရြာသည္ အိမ္ေျခရာဂဏန္းရွိၿပီး ယခု စစ္တပ္၏ မီးရွို႔မႈေၾကာင့္ တစ္ရြာလုံးနီးပါး ပ်က္ဆီးဆုံးရႈံးခဲ့ရျခင္းျဖစ္သည္။
အခ်ိန္ေတာ္ေတာ္ၾကာ ရြာေနအိမ္မ်ားမီးေလာင္ေနခဲ့ၿပီး စစ္ေကာင္စီတပ္ဖြဲ႕မ်ားက ရြာထဲတြင္ ေသနတ္ႏွင့္လက္နက္ႀကီးမ်ား ပစ္ေဖာက္ၿပီး ပတ္ေမႊေနေသး၍
ရြာထဲျပန္ဝင္မီးျငႇိမ္းမရဘဲ ေရွာင္ေျပးရာေတာထဲမွသာ ရြာဘက္ကို လွမ္းေမၽွာ္ၾကည့္ေနခဲ့ရသည္ဟု ရြာခံျပည္သူမ်ားကေျပာသည္။
အဆိုပါ စစ္တပ္ႏွင့္ ပ်ဴေစာထီးတပ္ဖြဲ႕သည္ ယခုအခါ သလဲဘာေက်းရြာဘက္ကို ျပန္လည္ဆုတ္လာၿပီး သလဲဘာအနီး ဆုေတာင္းျပည့္ျမစည္းခုံဘုရားတြင္ တပ္စြဲစခန္းခ်ထားသည္ဟု သိရွိရသည္။
စစ္ေကာင္စီတပ္ဖြဲ႕မ်ား သလဲဘာရြာဘက္သို႔ ျပန္လည္ဆုတ္ခြာသြားမွ ေဒသခံျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားႏွင့္
ရြာခံလူငယ္တခ်ိဳ႕က ဝင္ေရာက္ၿပီး ဝိုင္းဝန္းမီးျငႇိမ္းသတ္ေပးခဲ့သျဖင့္ ယေန႔ ညေန(၃)နာရီခန႔္တြင္ မီးၿငိမ္းသြားၿပီဟုသိရွိရသည္။