မနက်ဖြန် (၁၄.၁၂.၂၀၂၁) ရက်နေ့ ရန်ကုန် မီးပြတ်မည့် မြို့နယ် (၁၇) မြို့နယ်
မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်အားလိုင်း ထိန်းသိမ်းပြုပြင်ခြင်း၊ ဓာတ်
အားလိုင်းနှင့် ထိစပ်နေသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း၊
ဓာတ်အားလိုင်းအသစ်များ တည်ဆောက်ခြင်းကို (၁၄.၁၂.၂၀၂၁) ရက်နေ့၊ ( အင်္ဂါနေ့ ) တွင် ( ၀၉:၀၀ )နာရီ မှ ( ၁၂:၀၀ )နာရီ အချိန်အတွင်းလုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်
ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သင်္ဃန်းကျွန်း၊ အလုံ၊ လမ်းမတော်၊ စမ်းချောင်း၊
ကမာရွတ်၊ ကြည့်မြင်တိုင်၊ လှိုင်၊ မရမ်းကုန်း၊ ဒဂုံ၊
ဗဟန်း၊သန်လျင်၊ ကျောက်တန်း၊ အင်းစိန်၊ လှိုင်သာယာ၊
ရွှေပြည်သာ၊ မြောင်းတကာ မြို့နယ်များအတွင်းရှိ နေရာအချို့တို့တွင်
ယာယီ ဓာတ်အားပြတ်တောက်မှု ရှိမည်ဖြစ်ပြီး အရေးကြီးနေရာများ
ဓာတ်အားပြတ်တောက်မှု မရှိစေရေးကို အလေးထားစီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း
မီးသုံးသူ ပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

+++++++++++++++++++++++++