News

အရှင်လတ်လတ် မီ … း … ရှို့သ…တ် ခံလိုက်ရပြန်တဲ့ ဦးညွှန့်လှိုင်

အရှင်လတ်လတ် မီ … း … ရှို့သ…တ် ခံလိုက်ရပြန်တဲ့ ဦးညွှန့်လှိုင်

ဒီပဲယင်း၊ ဘုတ်ကျေးရွာမှ ဦးညွှန့်လှိုင်ကို စစ်တပ်က အရှင် လတ် လတ် မီးရှို့ သတ်ဖြတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်း၊ ဘုတ်ရွာကျေးရွာ ဘုန်းကြီး ကျောင်းအတွင်းတွင် ၂ ရက်တာ တပ်စွဲခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည်

အဆိုပါကျေးရွာမှ သက်ကြီးရွယ်အို တစ်ဦးဖြစ်သူ ဦးညွှန့်လှိုင်ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် ဒီပဲယင်းအနောက်ပိုင်းရှိ ဘုတ်ရွာကျေးရွာ ဘုန်းကြီးကျောင်းတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ညပိုင်းက စတင်ကာ ဝင်ရောက်တပ်စွဲခဲ့ပြီး

ဘုတ်ရွာကျေးရွာနှင့် ဆပ်ပြာကျင်းကျေးရွာ တို့ကို ဝင်ရောက် လုယက်ကြောင်း၊ ဘုတ်ရွာကျေးရွာသား သက်ကြီးရွယ်အို ဦးကျော်သိန်းဝင်းကို

အကြောင်း မဲ့ ရိုက်နှက်ခဲ့ပြီး သက်ကြီးရွယ်အို ဦးညွှန့်လှိုင်ကိုမူ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသကာကွယ်ရေးတပ်ထံမှ သိရှိရသည်။

“စစ်ခွေးတွေ ထွက်ခွာသွားအပြီး ပျောက်နေတဲ့ ဦးညွှန့်လှိုင်ကို ခါးမှ ဆီးခုံ ကျည်ဖောက်ဒဏ်ရာနဲ့ အသက်မသေခင်လေးအချိန်မှာ လူမဆန်စွာ မီးရှို့ သတ်ဖြတ်ထားခဲ့တာကိုတွေ့ရပါတယ်။

ဒီဇင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ဘုတ်ကျေးရွာ အရှေ့ဘက်လယ်တောစပ်မှာ အလောင်းကို ပြန်တွေ့ရပါတယ်” ဟု ဒေသ ကာကွယ်ရေးတပ်က ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် အဆိုပါ ကျေးရွာများအတွင်းရှိ နေ အိမ်များက ပြည်သူပိုင် ပစ္စည်းများ ငွေကြေးများ လက်ဝတ်ရတနာများ၊

အစား အသောက်များနှင့် ဖုန်းဆိုင်များ အတွင်းရှိ ဟန်းဖုန်းအသစ်များကို ဖောက်ထွင်း လုယက် ယူဆောင်သွားကြောင်း ဒေသခံများကပြောဆိုသည်။

အရွင္လတ္လတ္ မီ … း … ရိႈ႕သ…တ္ ခံလိုက္ရျပန္တဲ့ ဦးညႊန္႕လိႈင္

ဒီပဲယင္း၊ ဘုတ္ေက်းရြာမွ ဦးညႊန႔္လွိုင္ကို စစ္တပ္က အရွင္ လတ္ လတ္ မီးရွို႔ သတ္ျဖတ္

ရန္ကုန္၊ ဒီဇင္ဘာ ၁၄

စစ္ကိုင္းတိုင္း၊ ဒီပဲယင္းၿမိဳ႕နယ္၊ အေနာက္ျခမ္း၊ ဘုတ္ရြာေက်းရြာ ဘုန္းႀကီး ေက်ာင္းအတြင္းတြင္ ၂ ရက္တာ တပ္စြဲခဲ့ေသာ အၾကမ္းဖက္စစ္ေကာင္စီတပ္မ်ားသည္

အဆိုပါေက်းရြာမွ သက္ႀကီးရြယ္အို တစ္ဦးျဖစ္သူ ဦးညႊန႔္လွိုင္ကို အရွင္လတ္လတ္ မီးရွို႔သတ္ျဖတ္သြားေၾကာင္း ေဒသခံမ်ားထံမွ သိရွိရသည္။

အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားသည္ ဒီပဲယင္းအေနာက္ပိုင္းရွိ ဘုတ္ရြာေက်းရြာ ဘုန္းႀကီးေက်ာင္းတြင္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ ညပိုင္းက စတင္ကာ ဝင္ေရာက္တပ္စြဲခဲ့ၿပီး

ဘုတ္ရြာေက်းရြာႏွင့္ ဆပ္ျပာက်င္းေက်းရြာ တို႔ကို ဝင္ေရာက္ လုယက္ေၾကာင္း၊ ဘုတ္ရြာေက်းရြာသား သက္ႀကီးရြယ္အို ဦးေက်ာ္သိန္းဝင္းကို

အေၾကာင္း မဲ့ ရိုက္ႏွက္ခဲ့ၿပီး သက္ႀကီးရြယ္အို ဦးညႊန႔္လွိုင္ကိုမူ အရွင္လတ္လတ္ မီးရွို႔သတ္ျဖတ္သြားေၾကာင္း ေဒသကာကြယ္ေရးတပ္ထံမွ သိရွိရသည္။

“စစ္ေခြးေတြ ထြက္ခြာသြားအၿပီး ေပ်ာက္ေနတဲ့ ဦးညႊန႔္လွိုင္ကို ခါးမွ ဆီးခုံ က်ည္ေဖာက္ဒဏ္ရာနဲ႔ အသက္မေသခင္ေလးအခ်ိန္မွာ လူမဆန္စြာ မီးရွို႔ သတ္ျဖတ္ထားခဲ့တာကိုေတြ႕ရပါတယ္။

ဒီဇင္ဘာလ ၁၄ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၃၀ မိနစ္အခ်ိန္ ဘုတ္ေက်းရြာ အေရွ႕ဘက္လယ္ေတာစပ္မွာ အေလာင္းကို ျပန္ေတြ႕ရပါတယ္” ဟု ေဒသ ကာကြယ္ေရးတပ္က ေျပာဆိုသည္။

အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕မ်ားသည္ အဆိုပါ ေက်းရြာမ်ားအတြင္းရွိ ေန အိမ္မ်ားက ျပည္သူပိုင္ ပစၥည္းမ်ား ေငြေၾကးမ်ား လက္ဝတ္ရတနာမ်ား၊

အစား အေသာက္မ်ားႏွင့္ ဖုန္းဆိုင္မ်ား အတြင္းရွိ ဟန္းဖုန္းအသစ္မ်ားကို ေဖာက္ထြင္း လုယက္ ယူေဆာင္သြားေၾကာင္း ေဒသခံမ်ားကေျပာဆိုသည္။