News

ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူကို တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဟု ပြော

ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်သူကို တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဟု ပြော

နေပြည်တော် – ဒီဇင်ဘာ ၁၄၊ ၂၀၂၁။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊

ရိုက်နှက်နှိပ်စက်ခြင်းအပြင် နည်းမျိုးစုံဖြင့်သတ်ဖြတ်နေသည့်

စစ်အာဏာသိမ်းခေါင်းဆောင်က ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည်

အောက်တန်းကျသည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။

နေပြည်တော်တွင် ယမန်နေ့ကပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁) တွင်

တက်ရောက်စဉ် အောက်ပါအတိုင်း ပြောကြားခဲ့သည်ဟု ယနေ့ထုတ်မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

“ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ပြီး

လူထုကို အကြောက်တရားဖြစ်အောင်

ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီတွင် ပြည်သူကိုခြိမ်းခြောက်၍

အကြောင်းတရားဖြစ်အောင်ဆောင်ရွက်ခြင်းသည်

ဒီမိုကရေစီနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်လျက်ရှိကြောင်း” ဖော်ပြထားသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး ၁၀ လအတွင်း ဥပဒေမဲ့သတ်ဖြတ်ခံရသူ ၁၃၀၀ ကျော်ရှိပြီး သတ်ဖြတ်ခံရသူများတွင်

ကိုယ်ဝန်ဆောင်မိခင်များ၊ အသက်မပြည့်သည့် ကလေးသူငယ်များနှင့် အပြစ်မဲ့ သက်ကြီးရွယ်အိုများပါဝင်သည်။

ယခုလ ၅ ရက်နေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားဖြင့်

ဝင်တိုက်ခဲ့ခြင်း၊ ၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် ဒုံးတောရွာတွင်

ပြည်သူ ၁၁ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ခြင်းအပါအဝင် ကျေးရွာအများအပြားကို မီးရှို့ဖျက်ဆီးခြင်းနှင့်

လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ကျူးလွန်ခဲ့သည်။

ျပည္သူလူထုကို နည္းမ်ိဳးစုံျဖင့္ ဒုကၡေပးေနသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္က ျပည္သူကို တိုက္ခိုက္ျခင္းသည္ ေအာက္တန္းက်သည့္လုပ္ရပ္ဟု ေျပာ

ေနျပည္ေတာ္ – ဒီဇင္ဘာ ၁၄၊ ၂၀၂၁။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူလူထုကို ဥပေဒမဲ့ဖမ္းဆီးျခင္း၊

ရိုက္ႏွက္ႏွိပ္စက္ျခင္းအျပင္ နည္းမ်ိဳးစုံျဖင့္သတ္ျဖတ္ေနသည့္

စစ္အာဏာသိမ္းေခါင္းေဆာင္က ျပည္သူမ်ားကို အၾကမ္းဖက္တိုက္ခိုက္ျခင္းသည္

ေအာက္တန္းက်သည့္လုပ္ရပ္ျဖစ္သည္ဟု ေျပာၾကားလိုက္သည္။

ေနျပည္ေတာ္တြင္ ယမန္ေန႔ကျပဳလုပ္သည့္ နိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီအစည္းအေဝး (၁၈/၂၀၂၁) တြင္

တက္ေရာက္စဥ္ ေအာက္ပါအတိုင္း ေျပာၾကားခဲ့သည္ဟု ယေန႔ထုတ္ျမန္မာ့အလင္း သတင္းစာတြင္ ေဖာ္ျပထားသည္။

“ျပည္သူမ်ားကို အၾကမ္းဖက္တိုက္ခိုက္ျခင္းသည္ ေအာက္တန္းက်သည့္လုပ္ရပ္ျဖစ္ၿပီး

လူထုကို အေၾကာက္တရားျဖစ္ေအာင္

ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း၊ ဒီမိုကေရစီတြင္ ျပည္သူကိုၿခိမ္းေျခာက္၍

အေၾကာင္းတရားျဖစ္ေအာင္ေဆာင္ရြက္ျခင္းသည္

ဒီမိုကေရစီႏွင့္ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္လ်က္ရွိေၾကာင္း” ေဖာ္ျပထားသည္။

စစ္ေကာင္စီက အာဏာသိမ္းၿပီး ၁၀ လအတြင္း ဥပေဒမဲ့သတ္ျဖတ္ခံရသူ ၁၃၀၀ ေက်ာ္ရွိၿပီး သတ္ျဖတ္ခံရသူမ်ားတြင္

ကိုယ္ဝန္ေဆာင္မိခင္မ်ား၊ အသက္မျပည့္သည့္ ကေလးသူငယ္မ်ားႏွင့္ အျပစ္မဲ့ သက္ႀကီးရြယ္အိုမ်ားပါဝင္သည္။

ယခုလ ၅ ရက္ေန႔တြင္ ၿငိမ္းခ်မ္းစြာဆႏၵျပေနသည့္ ျပည္သူမ်ားကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ကားျဖင့္

ဝင္တိုက္ခဲ့ျခင္း၊ ၇ ရက္ေန႔တြင္ ဆားလင္းႀကီးၿမိဳ႕နယ္ ဒုံးေတာရြာတြင္

ျပည္သူ ၁၁ ဦးကို အရွင္လတ္လတ္မီးရွို႔သတ္ျဖတ္ခဲ့ျခင္းအပါအဝင္ ေက်းရြာအမ်ားအျပားကို မီးရွို႔ဖ်က္ဆီးျခင္းႏွင့္

လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ျခင္းတို႔ကို က်ဴးလြန္ခဲ့သည္။