News

ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်ထပ်မံကျရောက်ပါက…

ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည်ထပ်မံကျရောက်ပါက…

ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ထပ်မံကျရောက်ပါက စစ်တပ်လက် နက် ကြီးကုန်းကို ပစ်ခတ်မည်ဟု ထိုင်းဘက်က သတိပေးဆိုသော သတင်း ထွက်ပေါ်လာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆

အကြမ်းဖက် စစ်ကောင်စီက ယနေ့ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်တချို့ ထိုင်းနိုင်ငံအတွင်း ရောက်ရှိလာပြီးနောက် ထပ်မံ၍ လက်နက်ကြီးကျည်ကျရောက်ပါက

ထိုင်းစစ်တပ်က ပြန်လည်ပစ်ခတ်မည်ဟု သတိပေးထားသည် ဆိုသော သတင်းများရရှိထားကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်သတင်းရပ် ကွက်က ပြောဆိုသည်

“သူတို့လက်နက်ကြီးတွေ ဒီဘက်ကို ကျလာတဲ့အချိန်မှာ ကျနော်တို့သိသလောက်တော့ ထိုင်းဘက်က မြန်မာဘက်ကို သတိပေးတယ်။

လက်နက်ကြီးတွေ ထပ်ကျရင် လက်နက်ကြီးပစ်နေတဲ့ ကုန်းတွေကို ဒီဘက်ကလည်း ပြန်ပစ်မယ်လို့ သတိပေးတယ်လို့ သတင်းရပါတယ်။

အခုတော့ လက်နက်ကြီးပစ်တာတွေ ငြိမ်သွားပြီ။ ဘယ်လို ဆက်ဖြစ်မလဲတော့မသိဘူး။ ထိုင်းဘက်ကို လက်နက်ကြီးကျည်တွေကျတာ အခုတစ်ကြိမ်နဲ့ဆိုရင် ၄ ကြိမ်ရှိသွားပြီ။

ဘယ်လိုတွေ ဆက်ဖြစ်လာမလဲကတော့ ဆက်ကြည့်ရမယ်” ဟု ထိုင်း-မြန်မာနယ်စပ် စစ်ဘက်သတင်းရပ်ကွက်က ပြောသည်

ရန်ကုန်ခေတ်သစ်အနေဖြင့် အဆိုပါသတင်းနှင့်ပတ်သက်ပြီး ထိုင်းဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူများထံမှ အတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ

ယနေ့တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်တချို့ ထိုင်းဘက်သို့ ကျရောက်ပြီး စစ်ရှောင် တစ်ဦး ထိခိုက်ခဲ့ကာ ထိုင်းကားလမ်းများပေါ်လည်း ကျရောက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြန်မာစစ်ဘေးရှောင် ပြည်သူများကို ကူညီစောင့်ရှောက်ပေးနေသော ထိုင်းဘက်မှ တာဝန်ရှိသူများ

Photo – Mae Sot Media

Zawgyi Font

ထိုင္းႏိုင္ငံဘက္သို႔ လက္နက္ႀကီးက်ည္ထပ္မံက်ေရာက္ပါက…

ထိုင္းႏိုင္ငံဘက္သို႔ လက္နက္ႀကီးက်ည္ ထပ္မံက်ေရာက္ပါက စစ္တပ္လက္ နက္ ႀကီးကုန္းကို ပစ္ခတ္မည္ဟု ထိုင္းဘက္က သတိေပးဆိုေသာ သတင္း ထြက္ေပၚလာ

ရန္ကုန္၊ ဒီဇင္ဘာ ၁၆

အၾကမ္းဖက္ စစ္ေကာင္စီက ယေန႔ ပစ္ခတ္လိုက္ေသာ လက္နက္ႀကီးက်ည္တခ်ိဳ႕ ထိုင္းႏိုင္ငံအတြင္း ေရာက္႐ွိလာၿပီးေနာက္ ထပ္မံ၍ လက္နက္ႀကီးက်ည္က်ေရာက္ပါက

ထိုင္းစစ္တပ္က ျပန္လည္ပစ္ခတ္မည္ဟု သတိေပးထားသည္ ဆိုေသာ သတင္းမ်ားရ႐ွိထားေၾကာင္း ထိုင္း-ျမန္မာနယ္စပ္ စစ္သတင္းရပ္ ကြက္က ေျပာဆိုသည္

“သူတို႔လက္နက္ႀကီးေတြ ဒီဘက္ကို က်လာတဲ့အခ်ိန္မွာ က်ေနာ္တို႔သိသေလာက္ေတာ့ ထိုင္းဘက္က ျမန္မာဘက္ကို သတိေပးတယ္။

လက္နက္ႀကီးေတြ ထပ္က်ရင္ လက္နက္ႀကီးပစ္ေနတဲ့ ကုန္းေတြကို ဒီဘက္ကလည္း ျပန္ပစ္မယ္လို႔ သတိေပးတယ္လို႔ သတင္းရပါတယ္။

အခုေတာ့ လက္နက္ႀကီးပစ္တာေတြ ၿငိမ္သြားၿပီ။ ဘယ္လို ဆက္ျဖစ္မလဲေတာ့မသိဘူး။ ထိုင္းဘက္ကို လက္နက္ႀကီးက်ည္ေတြက်တာ အခုတစ္ႀကိမ္နဲ႔ဆိုရင္ ၄ ႀကိမ္႐ွိသြားၿပီ။

ဘယ္လိုေတြ ဆက္ျဖစ္လာမလဲကေတာ့ ဆက္ၾကည့္ရမယ္” ဟု ထိုင္း-ျမန္မာနယ္စပ္ စစ္ဘက္သတင္းရပ္ကြက္က ေျပာသည္

ရန္ကုန္ေခတ္သစ္အေနျဖင့္ အဆိုပါသတင္းႏွင့္ပတ္သက္ၿပီး ထိုင္းဘက္မွ သက္ဆိုင္ရာတာဝန္႐ွိသူမ်ားထံမွ အတည္ျပဳခ်က္ ရယူႏိုင္ျခင္းမ႐ွိပါ

ယေန႔တြင္ စစ္တပ္က ပစ္ခတ္ေသာ လက္နက္ႀကီးက်ည္တခ်ိဳ႕ ထိုင္းဘက္သို႔ က်ေရာက္ၿပီး စစ္ေ႐ွာင္ တစ္ဦး ထိခိုက္ခဲ့ကာ ထိုင္းကားလမ္းမ်ားေပၚလည္း က်ေရာက္ခဲ့ေၾကာင္း သိ႐ွိရသည္။

ဓာတ္ပုံ- ျမန္မာစစ္ေဘးေ႐ွာင္ ျပည္သူမ်ားကို ကူညီေစာင့္ေ႐ွာက္ေပးေနေသာ ထိုင္းဘက္မွ တာဝန္႐ွိသူမ်ား

Photo – Mae Sot Media